Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ တွံတေးမြို့နယ်စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်များသို့စိစစ် ကြပ်မတ်ကွင်းဆင်းစစ်ဆေးခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ စားအုန်းဆီလက်လီလက်ကား အရောင်းကိုယ်စားလှယ်ဆိုင်သို့ ဇူလိုင်လ(၇)ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီအချိန်တွင် စားသုံး သူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများထံသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစိစစ်ကြပ်မတ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ကွင်းဆင်းစိစစ် စစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ကိုယ်စားလှယ် ဦးစိန်လင်း၏ အရောင်းဆိုင်နေရာသို့ သွားရောက်တွေ့ဆုံခဲ့ပြီး စားအုန်းဆီခွဲတမ်း ရရှိနေသည် ကုမ္ပဏီအမည်၊ စားအုန်းဆီခွဲတမ်းရရှိသည့် ပေပါ၊ ပိဿာ၊ တစ်ရက်ဖြန့်ဖြူးရောင်းချသော ပမာဏ၊ လူတစ်ဦးလျှင် တစ်ရက်ဖြန့်ဖြူးရောင်းချသော ပမာဏနှင့် လက်လီလက်ကား ဈေးနှုန်းများအား စာရင်းကောက်ယူခဲ့ပြီး ထုတ်ယူရရှိသည့် ပေပါနှင့်ပြန်လည် ဖြန့်ဖြူးသည့်ပေပါ ပမာဏ စာရင်းကိုက်ညီမှုရှိ/မရှိ၊ စားအုန်းဆီ ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်မှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်းအမြတ် ထက်ပို၍ ပြန်လည်ဖြန့်ဖြူးရောင်းခြင်းများမရှိစေရေးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး ကွင်းဆင်းစိစစ် ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဓနုဖြူ ဇော်ပျံမရွေးလုပ်ငန်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နှင့် ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ရုံးမှ ဦးခိုင်လွမ်းမိုးအငယ်တန်းစာရေးသည် ဓနုဖြူမြို့ (၁၁)ရပ်ကွက် (၃)လမ်းရှိဇော်ပျံမရွေးမုန့်လုပ်ငန်းသို့ (၃.၇.၂၀၂၅)ရက်နေ့ (၁၀:၀၀)နာရီအချိန်က သွားရောက်၍ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ အဆိုပါစစ်ဆေးမှုတွင် ဇော်ပျံမရွေးမုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ မရွေးလုပ်ငန်း ပြုလုပ်ပုံအဆင့်ဆင့်ကိုမေးမြန်းလေ့လာခဲ့ပြီး ကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ထုတ်လုပ်သော မုန့်များကို ဈေးကွက်ဖြန်ချီနေမှု၊ထုတ်လုပ်သော မုန့်တွင် အမျိုးအစားအလိုက် ဈေးကွက်ဈေးနှုန်းအခြေအနေများကို မေးမြန်းဆောင်ရွက်ခဲ့ပြီး၊ ပါဝင်ပစ္စည်းများမှာ နန်းဝါ၊ သကြား၊ ထန်းညှပ်၊ ကပ်စေးနှဲ၊ နှမ်းတို့ပါဝင်ကြောင်း၊ ကုန်ကြမ်းများကို ရန်ကုန်မှ မှာယူကြောင်း၊ ပြုလုပ်ပုံမှာ နန်းဝါကို ဆီဖြင့်ကျော်ပြီးလျှင် ကပ်စေးနှဲ ထန်းညှပ်တို့ဖြင့် ယိုပြန်ထိုးရကြောင်း၊ ထိုးပြီးသောမုန့်များကို ဗန်းထဲတွင် ဒလိမ့်တုံးဖြင့် လှိုမ့်၍ လှီဖြတ်ကာ ပါကင်မုန့်ထုတ်ရကြောင်း လုပ်ငန်းရှင်မှ ရှင်းပြသည်။ လုပ်သားအင်အား ၁၅ဦးဖြင့် လုပ်ကိုင်လျက်ရှိကြောင်း၊ မုန့်လုပ်ငန်းကို ၁၉၉၀ခုနှစ်က စတင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ မုန့်ထုတ်လုပ်မှု ၏ တစ်ကြိမ်ရင်းနှီးကုန်ကျစရိတ်မှာ ၆သိန်းခန့်ကုန်ကျကြောင်း၊ တစ်နေ့ထုတ်လုပ်မှု အနေဖြင့် ၁၀ထုတ်တွဲတစ်ထုတ် အထုတ် ၄၀၀ ထုတ်လုပ်နိုင်ပြီး တစ်လလျှင် အထုတ်ရေ ၁၂၅၀၀ထုတ် ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ဈေးကွက်ဖြန့်ချီမှုအနေဖြင့် ဇော်ပျံမရွေး ဆယ်ခုပါ တစ်ထုတ်လျှင် ၂၅၀၀ကျပ်ဖြင့်ရောင်းချပြီး လက်ကားဈေးအနေဖြင့် ၂၀၀၀ကျပ်ဖြင့် ရောင်းချသည်။ တစ်နေ့အကျိုးအမြတ်အနေဖြင့် ၂၀၀၀၀ကျပ် ကျန်ရှိကြောင်း သိရသည်။ တင်ပို့ရောင်းချမှု အနေဖြင့် ဓနုဖြူ၊ဇလွန်၊ အဖျောက်၊ ဇကာကြီး၊ နှင့် ရန်ကုန်မြို့အထိ ရောင်းချဖြန့်ဖြူးကြောင်း သိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်မရောက်မှီ ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေး ကကုန်အညွှန်အမှတ်အသား ဖော်ပြပါဝင်မှုပြည်စုံမှုရှိ/မရှိကို ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး တို့ကို ဒေသတွင်းတစ်ပိုင်တနိုင် ထုတ်လုပ်သော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရပါသည်။ DOCA(ဧရာဝတီ)

“ တွံတေးမြို့နယ်ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားသောက်ကုန်ပစ္စည်း ဈေးနှုန်းများမြေပြင်ကွင်းဆင်းစစ်ဆေး”

ဇူလိုင်လ ဒုတိယအပတ်တွင် တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း /အပြင်ရှိ ဆိုင်များနှင့် ရက်ကွက်များရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ ဇူလိုင်လ(၇) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေ အနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် စည်ပင်သာယာဈေးမှ ဈေးတာဝန်ခံတို့ ပူးပေါင်း၍ အုန်းပင်စုရပ်ကွက်ရှိ မိဘမေတ္တာ ဆန်ဆိုင်၊ မင်းသီဟဆန်ဆိုင်၊ အောင်ကြည်ညွှန့်ဆန်ဆိုင်၊ စည်ပင်သာယာဈေးအတွင်းရှိ ကျော်ရဲလင်းကုန်စုံဆိုင်၊ ဒေါ်သင်းသင်းအေး ကုန်စုံဆိုင်၊ ဒေါ်စိုးစိုး ကုန်စုံဆိုင်၊ ဒေါ်ကောက်ကုန် ခြောက်ဆိုင်၊ ဒေါ်ဝင်းဝင်းရီ ကုန်ခြောက်ဆိုင်၊ ဦးလှဆွေ ကြက်သားဆိုင်၊ ဦးမောင်စိုး ဝက်သားဆိုင်၊ ဦးလှရွှေ ဆိတ်သားဆိုင်၊ ဒေါ်သန်းသန်းဦး အမဲသားဆိုင်၊ ဒေါ်စန်းညွှန့် ရေချိုရေငံငါးပုစွန် အရောင်းဆိုင်၊ မအင်းယား ကြက်ဥ၊ဘဲဥ လက်လီလက်ကား အရောင်းဆိုင်၊ ဒေါ်ခင်စောလှိုင် ငါးပိငါးခေါက် အရောင်းဆိုင်၊ ဦးစိုးတင့် ကုန်စိမ်းဆိုင် စသည်တို့တွင် ယခင်အပတ်နှင့် ယခုအပတ် ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ သိသိသာသာ ကွာခြားချက်မရှိဘဲ စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်း လာသည်ကို တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

လက်ပံတန်းမြို့ အသိပညာပေးပွဲတက်ရောက်ခြင်း

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်လက်ပံတန်းမြို့အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) ကျောင်းခန်းမတွင် ပြုလုပ်သော အသိပညာပေးဆွေးနွေးပွဲသို့ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ် တာဝန်ခံဦးချစ်ကိုကို၊ သာယာတတီခရိုင်သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေးဦးစီးဌာန၏ အမှိုက်အမျိုးအစား (၄)မျိုးခွဲခြား စွန့်ပစ်နိုင်ရေးအသိ ပညာပေး သရုပ်ပြပွဲ (၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀: ၀၀)နာရီအချိန်တွင်တက်ရောက် ခဲ့ပါသည်။ သရုပ်ပြပွဲသို့မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊သစ်တောဦးစီးဌာန၊မြေယာနှင့်စီမံခန့်ခွဲရေးစာရင်းအင်းဌာန၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ (အ.ထ.က-၁) ကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် အတူ လူဦးရေပေါင်း (၁၅၀) ဦး ခန့်တက် ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဖွဲ့စည်းဆောင်ရွက်ခြင်း

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးခန်းမ၌ (၇.၇.၂၀၂၅)ရက်နေ့ နေ့လည် (၁း၀၀)နာရီအချိန်တွင် မြို့နယ်ဆန်စက် လုပ်ငန်းရှင် များအသင်းပြန်လည်ဖွဲ့စည်းနိုင်ရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆောင်ရွက်ခဲ့ပါသည်။ ကြို့ပင်ကောက်မြို့ဆန်စက်လုပ်ငန်းရှင်များအသင်းသား(၁၇)ဦးဖြင့်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၅-၂၀၂၈ သက်တမ်းကာလအတွက် အသင်းဖွဲ့စည်းနိုင်ရန်ထွေအုပ်ရုံးခန်းမ၌ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံးတွင် ဒုဦးစီးမှူးဦးသန်းထိုက်နှင့် ဝန်ထမ်း(၂)ဦး၊တန်စက်လုပ်ငန်းရှင် (၃၀)ဦးတို့မှ တက်ရောက်ပြီး လုပ်ငန်းရှင်များ၏ သဘောတူညီမှုဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ DOCA(ပဲခူး)

“ ကော့မှူးမြို့နယ်၌မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ (၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့လုပ် ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးမျိုးမင်းက ကော့မှူးမြို့နယ် စီမံခန့်ခွဲရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါကြောင်း မြို့နယ်တွင် အခွန် နှုန်းတိုးမြှင့်ခြင်းမရှိဘဲ အခွန်ဧရိယာ ချဲ့ထွင်နိုင်ရေး၊ အခွန်တိမ်းရှောင်မှုများ မရှိစေရေး၊ ရသင့်ရ ထိုက်သည့် အခွန်အကောက်များ ရရှိစေရေးနှင့် တိုးတက်စေရေး ဆောင်ရွက်သွားရန် (၇/၂၀၂၅) ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် ပတ်သတ်၍ သတ်မှတ်ပေးပို့ရမည့် အင်အားအတိုင်း ပြည့်မီ ရေးနှင့် ဥပဒေ၊ နည်းဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်ရေး၊ မြို့နယ်မော်တော်ယာဉ်လိုင်း ကြီးကြပ်မှုကော်မတီအား ဥပဒေညွှန်ကြားချက်များနှင့်အညီ ဖွဲ့စည်းနိုင်ရေး စသည့်အကြောင်း အရင်းများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ဖြိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးလှမင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး မောင်မောင်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

၂၀၂၅ခုနှစ်၊ ဇွန်လ၊(၁၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ပြည်ခရိုင်အတွင်း ဈေးကွက်မရောက်မီကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှ (၃၀) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကျောင်း/အိုးရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရားလမ်းရှိ“ဗိုလ်” ပဲကြော်လုပ်ငန်း သို့လည်းကောင်း၊ သိမ်ကုန်းလမ်း၊ ဆင်စုရပ်ကွက်ရှိ “မြင်းပျံ”အချိုရည်လုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၁၉၄)၊ နဝဒေးစက်မှုဇုန်၊ သခင်ဖိုးလှကြီးလမ်းရှိ ဦးကျော်ဝင်း၏ “Green Power”ဘက္ထရီ အက်စစ်လုပ်ငန်းသို့လည်းကောင်း၊ ခရမ်းကုန်းရပ်ကွက်၊ စံပြလမ်းရှိ ဒေါ်သူဇာလွင်စိုး၏ “ဓနတိုး” ပန်းကန်ဆေးဆပ်ပြာဆီ လုပ်ငန်းသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများ သည်သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည် များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်းရရှိပါသည်။ DOCA(ပဲခူး)

“ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းအိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ယခုအပတ်အတွင်း စစ်ဆေးရမည့် အိမ်သုံးလျှပ်စစ် ပစ္စည်းအမျိုးမျိုးတို့အား ဇူလိုင်လ (၇)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆက်စပ်ဌာန များနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင် ဌာနခွဲစာရေး ဦးတင်ထွန်ဦးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကွမ်းခြံကုန်း မြို့နယ် ရပ်ကွက်များအတွင်း အိမ်သုံးလျှပ်စစ်ပစ္စည်းရောင်းချနေသော ဆိုင်များဖြစ်သည့် ဈေးပိုင်း ရပ်ကွက် ရတနာပုံ (၁)လမ်းရှိ ထွန်းသီရိ (လျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး)၊ ဈေးပိုင်းရပ်ကွက် သုံးပန်လှလမ်းရှိ Star (လျှပ်စစ်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေး)၊ မြို့မ ရပ်ကွက် ရွှေပြည်တန်လမ်းရှိ ထိပ်တန်း (လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး)၊ ကြယ်စင်(လျှပ်စစ် ပစ္စည်းနှင့် အီလက်ထရောနစ်)ဆိုင်တို့မှ လျှပ်စစ်ရေနွေးအိုး၊ ထမင်းပေါင်းအိုး၊ မီးပူ၊ မျက်နှာကျက် ပန်ကာ၊ လေအေးပေးစက်တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/မရှိ စိစစ် ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ယခုခေတ် ကာလတွင် လျှပ်စစ်ပစ္စည်းသုံးစွဲမှု များပြားလာသည့် အလျောက် ဘေးအန္တရာယ်ကင်းရှင်းရန် လိုအပ်လာပြီး ဖြစ်သောကြောင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိစစ်ဆေးရခြင်း ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်စည်များကို ဝယ်ယူ၍ သုံးစွဲသူ စားသုံး သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆)ရက်မှ(၃၀)ရက်အထိ ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆)ရက်မှ(၃၀)ရက်အတွင်း ပြည်ခရိုင်၊ ပြည်မြို့တွင် (မူလွန်)တေဇကျောင်းနှင့် အ.ထ.က(အောင်ဆန်း)ကျောင်း၊ ရွှေတောင် မြို့နယ်တွင် အ.မ.က(နှပ်တန်း)ကျောင်းနှင့် အ.မ.က(ကြက်ဖြူတောင်) ကျောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အ.ထ.က(ခွဲ)အနောက်ကြို့ကုန်းကျောင်းများသို့ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများ သည်စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရပါသည်။ DOCA(ပဲခူး)

၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆)ရက်မှ (၃၀)ရက်နေ့အထိပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆)ရက်မှ (၃၀)ရက်နေ့အတွင်း၌ ပြည်ခရိုင်၊ပြည်မြို့နယ်တွင် ပွဲစားတန်း လမ်း၊ ကျောင်း/အိုးရပ်ကွက်ရှိ ဦးသန်းဆွေ၏ “စိန်သုံးလုံး”ဆီဆိုင်သို့လည်းကောင်း၊ ဆင်စုရပ်ကွက်၊ ကသည်းဈေးအနီးရှိ ဦးဖိုးထူး၏ “တသသ” ဆန်ဆိုင်လုပ်ငန်းသို့လည်းကောင်း၊ ရွှေတံခါးရပ်ကွက်၊ တာဂွလမ်းဆုံရှိ ဦးဇော်မင်းသူ၏ “ဇမ္ဗူထွန်း”စိုက်ပျိုးရေးဆေးပစ္စည်း အရောင်းဆိုင်နှင့် “သမာဓိ” စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ် တွင်လမ်းမတော်လမ်း၊ ယွန်းတန်းရပ်ကွက်ရှိ “ဒေါ်ခင်မြင့်ဆီစက်” သို့လည်းကောင်း၊ ပေါက်ခေါင်း မြို့တွင် ဘန့်ပြင် ကျေးရွာရှိ ဦးအောင်နိုင်ဦး၏ “ဒေါ်လာ”ဆန်မရွေးလုပ်ငန်း သို့လည်းကောင်း သက်ဆိုင်ရာမြို့နယ် တာဝန်ခံ နှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား များ၊ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ