Main menu

ဆီထုတ်ကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စား လှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီ(MGND)မှ ခွဲတမ်းရစားသုံးဆီ(၁၁)ပေပါ (သို့) (၁၂၁၀) ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီထုတ်ကိုယ်စားလှယ်က ခွဲတမ်းရရှိ လာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီအရောင်း ဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီလက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)