Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၅ခုနှစ် ဇွန်လ(၁၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ပြည်ခရိုင်အတွင်း ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှ (၃၀) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် အ.ထ.က(အောင်ဆန်း)ကျောင်းနှင့် (မူလွန်)တေဇကျောင်းများ၏ မုန့်ဈေးတန်းများ သို့လည်းကောင်း၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီ အမျိုးမျိုးကိုလည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပါသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်း ရရှိပါသည်။ DOCA(ပဲခူး)

“ကွမ်းခြံကုန်းမြို့နယ်အတွင်းစားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်များသို့ကွင်းဆင်း စိစစ်ခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီ လက်လီ လက်ကား အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အပတ်စဉ် ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၇)ရက်နေ့၊ နေ့လယ်(၁၁:၃၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစိ စစ်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦး တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ရပ်ကွက်အတွင်း ရောင်းချသော ဆီဆိုင်များ ဖြစ်သည့်ဈေးပိုင်းရပ်ကွက်မှ ဦးဟိန်းသော်ဇင်ဦး(လက်လီလက်ကားအရောင်းဆိုင်)၊ ဦးခင်မောင်အေး (လက်လီအရောင်းဆိုင်)၊ ကံကြီးမကျီးရပ်ကွက်မှ ဦးကျော်လွင် (လက်လီအရောင်းဆိုင်)၊ မြို့မရပ် ကွက်မှ ဦးဟိန်းမင်းလတ်(လက်လီအရောင်းဆိုင်)၊ ဦးသူရအောင်(လက်လီအရောင်းဆိုင်)များနှင့်၊ ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချသောဆိုင်များဖြစ်သည့် ဒေါ်လဲ့လဲ့ သင်း(လက်လီအရောင်းဆိုင်)၊ ဒေါ်မြသီတာကျော်(လက်လီအရောင်းဆိုင်)၊ ဦးစန်းအေး (လက်လီ အရောင်းဆိုင်)၊ ဦးမြင့်မင်းသူ(လက်လီအရောင်းဆိုင်)၊ ဒေါ်မျိုးသူဇာထွန်း (လက်လီအရောင်း ဆိုင်)များသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီခွဲတမ်းရရှိသည့် ပိဿာ၊ ပေပါ၊ တာဝန်ယူ ဖြန့်ဖြူး ရောင်းချသည့်အရေအတွက် ပိဿာ၊ ပေပါ ရောင်းချသည် လက်လီလက်ကား ဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချပေးလျက်ရှိသည့် ပုံစံများကိုပါ စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

တောင်ငူခရိုင် ရေတာရှည်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်း

စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ ဓါတ်တော်ဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ရေတာရှည်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့(၂၀၂၅-၂၀၂၈ခုနှစ်) ရွေးချယ်တင်မြှောက်ပွဲ အခမ်း အနား သို့ တက်ရောက်အမှာစကားပြောကြားပါသည်။ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက ရေတာရှည်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့(၂၀၂၅-၂၀၂၈ခုနှစ်) ရွေးချယ် တင်မြှောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးခိုင်စိုးက ဖြည့်စွက်ပြောကြားပါသည်။ ထို့နောက် ဥက္ကဌ ဦးတင်မောင်နိုင် ဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦးပါ ရေတာရှည်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ (၂၀၂၅-၂၀၂၈ ခုနှစ်)ကို ရွေးချယ်တင်မြှောက်ခဲ့ ကြောင်းနှင့် ဥက္ကဌ ဦးတင်မောင်နိုင်က ကျေးဇူးတင်စကား ပြောကြားကြောင်း သိရပါသည်။ DOCA(ပဲခူး)

ရေတာရှည်မြို့တွင် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များ၊ မန်နေဂျာများနှင့်တွေ့ဆုံဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် တာဝန်ခံဦးဇော်ဇော်ထွေး သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့်အတူ ဇူလိုင်လ၅ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များ၊ ဆိုင်မန်နေဂျာများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးသည့် ရည်ညွှန်းဈေးအတိုင်း ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးကို အလေးထား၍ ဝန်ဆောင်မှုပေးရန်တို့ကို ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက စက်သုံးဆီ ရောင်းချရာ တွင် ပုံးလွတ်၊ ပုလင်းလွတ်များ၊ ပီပါများဖြင့် ရောင်းချခြင်းမရှိစေရေး၊ တရားမဝင် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဝယ်ယူမည်ဆိုပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်ပါရှိမှသာရောင်းချပေးရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးသည့် ရည်ညွှန်းဈေးအတိုင်း ဈေးနှုန်းမှန်၊ အခြင်အတွယ်မှန်ကန်စွာ ရောင်းချရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးကို အလေးထား၍ ဝန်ဆောင်မှုပေးရန်တို့ကို ဆွေးနွေးခဲ့ကြောင်း နှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရေတာရှည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များ၊ မန်နေဂျာများ စုစုပေါင်း ၁၅ ဦး တက်ရောက်ကြောင်း သိရပါသည်။ DOCA(ပဲခူး)

“ကွမ်းခြံကုန်းမြို့နယ်အခြေခံပညာကျောင်းများတွင်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ လစဉ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မရပ်ကွက် အ.မ.က အရှေ့ပိုင်းကျောင်းတွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူ အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ စားသုံးသူရေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆွေနွယ်ဦး၊ မြို့နယ် တိုင်းရင်းဆေးပညာကုသရေးဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုး၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည် ကွမ်းခြံကုန်းမြို့နယ် မြို့မရပ်ကွက်တွင် အ.မ.က အရှေ့ပိုင်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ ဟောပြောပွဲတွင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ကလေး များစာဖတ်ကြစေဖို့ကြောင်း၊ စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးများ၊ အလိမ္မာစာမှာရှိ၊ ပညာရွှေအိုး လူမခိုး စသည့်ဖြင့် ဆောင်ပုဒ်များနှင့် လူငယ်လူကောင်းဖြစ်ရန်စာများများ ဖတ်စေလိုကြောင်း ဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရန် လက်ဆေးကြရန်၊ လက်မဆေးခြင်း ကြောင့် ဖြစ်ပေါ်လာနိုင်မည့်ရောဂါများအကြောင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ၏ အဓိပ္ပါယ်နှင့် အစားအစာများ ဝယ်ယူရာတွင် ကြည့်ရှု့ရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်စည်များဝယ်ယူရာတွင် သတိပြု ရမည့်အချက်များနှင့် စားသုံးသူများ နစ်နာမှုရှိလျှင် တိုင်ကြားနိုင်ခြင်းများအကြောင်းတို့ကို ကလေးများ နားလည်နိုင်သည့် အရွယ်နှင့်ညီမျှသော အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၀)ဦးတက်ရောက်ခဲ့ပြီး အ.မ.က အရှေ့ပိုင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မေက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဖြူးမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူရိုင်ဦးစီးမှူးရုံး၏ ညှိနှိုင်းဆောင်ရွက်ချက်အရ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဖြူးစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ ပါသည်။ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာဈေးအတွင်း ရောင်းချလျှက်ရှိသော အစားအသောက်များ နှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓါတုဆေးများ ပါဝင်မှုရှိ/မရှိနှင့် ရက်လွန်/မလွန်တို့ကို လည်းကာင်း၊ ဆေးဆိုင်များ၌ ရောင်းချလျှက်ရှိသော ဆေးဝါးများတွင် တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ပါဝင်မှုရှိ/မရှိကိုလည်းကောင်း စောင့်ကြည့်စစ်ဆေးပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အစားအသောက်များနှင့် အလှကုန်ပစ္စည်းများကို နမူနာ ကောက်ယူခဲ့ပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကုန်အညွှန်းအမှတ်အသားများကို သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည် များကို ရောင်းချခြင်းမပြရန် အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာ သို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့ အမက(လွန်)ရွှေလေးအင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ဇူလိုင် လ (၇) ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်၊ ရွေလေးအင်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန် ကျောင်း၌ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အရေးကြီပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားကြရန် လိုအပ်ပုံများကို အသိပညာပေး ဟောပြော ခဲ့ပါသည်။ ထို့နောက် မြို့နယ်တာဝန်ခံသည် ကျောင်းသား ကျောင်းသူများ ကုန်အညွှန်းအမှတ်အသား များ ဖော်ပြထားရှိမှုအားကို အသင့်စားမုန့်များဖြင့် လက်တွေ့ဖတ်ရှုစေခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၈၄ ဦး တက်ရောက်ကြောင်း သိရပါသည်။ DOCA(ပဲခူး)

ဖြူးမြို့ မြို့မ(၂)မူလွန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

တောင်ငူခရိုင်၊ ဖြူးမြို့၊ မြို့မ(၂)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ယင်း ကျောင်း၌ ကျင်းပ ပြုလုပ်ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ခင်သန္တာဦးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြရန် ဥပဒေတွင်ပြဌာန်းထားပြီးဖြစ်ရာ ကျောင်းသား ကျောင်းသူများအနေဖြင့် မုန့်များနှင့် အချိုရည်များဝယ်ယူစားသောက်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် မုန့်နှင့် အချိုရည်များကိုသာ ဝယ်ယူ စားသောက်သင့်ပုံ များကို ရှင်းလင်းပြောကြားပါသည်။ ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း က အာဇာနည်နေ့အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်သူဇာလွင်က လူငယ်နှင့်အားကစားဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၅၄ ဦး တက်ရောက် ကြောင်း သိရပါသည်။ DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်တွင် စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့်တွေ့ဆုံ

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် သည်ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်ကျေးရွာ ခပေါင်းဈေးနှင့် ဈေးပြင်ပ ကုန်စုံဆိုင်များတွင် စားသုံးဆီရောင်းချမှုအခြေအနေများကို ဈေးကွက် စောင့်ကြည့်စစ်ဆေးပြီး စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံသည် အုတ်တွင်းမြို့ရှိ ဘိုလေးကုန်စုံဆိုင်နှင့် ကွမ်းမင်းသား ကုန်စုံဆိုင်များသို့ သွားရောက်၍ ရည်ညွှန်းဈေးဖြင့်ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား ပြန်လည် ရောင်းချမှု အခြေအနေများ၊ အမှတ်တံဆိပ်ပါ စားသုံးဆီရောင်းချမှုအခြေအနေများကို စောင့်ကြည့် စစ်ဆေးပြီး ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ မြို့နယ်တာဝန်ခံသည် ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား သယ်ယူ စရိတ်ပေါင်း၍ နှစ်ရာခိုင်နှုန်းထက်မပိုသောအမြတ်ဖြင့် စားသုံးသူပြည်သူများ လက်ဝယ်သို့ ဈေးနှုန်း မှန်၊ အလေးချိန်မှန်ကန်စွာရောင်းချရေး၊ အမှတ်တံဆိပ်ပါစားသုံးဆီများ ရောင်းချရာတွင် မြန်မာ ဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြ ထားသော စားသုံးဆီများကိုသာ ရောင်းချရေးတို့ကို အသိညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။ DOCA(ပဲခူး)

အုတ်တွင်းမြို့ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသို့သွားရောက်တွေ့ဆုံ

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်သည် ခရိုင်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ အုတ်တွင်းမြို့နယ်တာဝန်ခံတို့နှင့် အတူ ဇူလိုင်လ ၃ ရက်နေ့၊ နေ့လယ်ပိုင်းက တောင်ငူခရိုင်၊ အုတ်တွင်းမြို့ရှိ ဟိဏ်းကမ္ဘာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်၍ မြေပြင်အခြေအနေများကို စစ်ဆေး ကြည့်ရှုပြီး လုပ်ငန်းရှင် နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဒုတိယခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် မှတ်ပုံတင်ထားရှိမှုနှင့် မြေပြင်အခြေအနေများကို စစ်ဆေး ကြည့်ရှုရာ လုပ်ငန်းရှင် ဒေါ်ရွှေဝါစိုးက ရှင်းလင်းပြသပါသည်။ ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူ နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် အလေးထား ဆောင်ရွက်ရန်၊ မှတ်ပုံတင်ထားရှိသည့် ကုန်စည်အမျိုး အစားများကိုသာ ရောင်းချရေးညွှန်ကြားချက်ကို အလေးထား လိုက်နာဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ပါသည်။ ဟိဏ်းကမ္ဘာ ဖိနပ်နှင့်အိတ်အမျိုးမျိုး အရောင်းဆိုင်သည် အိတ်၊ ဖိနပ်နှင့် ဖက်ရှင်အသုံး အဆောင်ပစ္စည်းများကို အုတ်တွင်းမြို့၊ ပဲခူးလမ်းရပ်ကွက်၊ နဝဒေးလမ်းတွင် ဆိုင်ဖွင့်လှစ်ရောင်းချသည့် အပြင် အွန်လိုင်းစနစ်ဖြင့်လည်းရောင်းချကြောင်း သိရပါသည်။ DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ