Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်မှ အမှတ်()ရပ်ကွက်ရှိ၊ စားသုံးသူပြည်သူများအား စားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည်အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် %အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့ ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။    

DOCA(စစ်ကိုင်း)

 

                                                         

စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၃၀)ပေပါ(သို့) (၃၃၀၀)ပိဿာ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် %အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ %အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသောစားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

 

မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

           စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်လျက်ရှိရာ (၁၀.၉.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          လစဉ်ဆောင်ရွက်သည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က ချပြရှင်းလင်းဆွေးနွေးပြီး ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ဆန်စပါးသိုလှောင်ရုံများ MyRO မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပါက ဆက်လက်၍ မှတ်ပုံတင်သက်တမ်းများတိုးနိုင်ရေး ကြီးကြပ်လှုပ်ဆော်ရန်နှင့် လစဉ် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း(၇)ရက်နေ့တွင်း ရေးသွင်းဖြည့်သွင်းကြရန်နှင့် ဖြည့်သွင်းမှုမရှိသော လုပ်ငန်းများအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို သက်ဆိုင်ရာလုပ်ငန်းရှင်းများအား သိရှိစေရေး အသိပေးလှုပ်ဆော်သွားရန်လိုအပ်ပါကြောင်း၊ ဆက်လက်၍သက်ဆိုင်ရာဌာနခွဲတာဝန်ခံများက တင်ပြဆွေးနွေးရာတွင် စားသုံး/ ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း(ဦးစီးမှူး)က ယခုလအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုးအား အဓိက စောင့်ကြည့်စစ်ဆေးသွားရန်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသောလုပ်ငန်းရှင်များအား လစဉ် လ၏နောက်ဆုံးပတ်၌ ခေါ်ယူတွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်သွားရန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစိစစ်ဆောင်ရွက်သွားရန်၊ ဈေးကွက်မရောက်မီ စက်ရုံ/ အလုပ်ရုံများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးသွားရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ စေရေးအတွက် စက်မှုကြီးကြပ်နှင့်အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနများမှ မှတ်ပုံတင်ထားသော အစားအသောက်ဆိုင်ရာလုပ်ငန်းများအား ဆက်သွယ်ဆောင်ရွက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြစေရေး သက်ဆိုင်ရာလုပ်ငန်းရှင်များမှ လာရောက်စိစစ်မှုများဆောင်ရွက်သွားစေရေး ဆွေးနွေးရှင်းလင်းတင်ပြခဲ့ပြီး၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲတာဝန်ခံ ဒေါ်သူဇာမိုး(ဒု-ဦးစီးမှူး)က ပြည်တွင်းတွေ့ဆုံပွဲဆောင်ရွက်မှုများအား လစဉ်လဆန်း(၁)ရက်နေ့ အရောက်ပေးပို့ကြရန်၊ အခြေခံစားသောက်ကုန်စာရင်းများအား (၁၅)ရက်တစ်ပတ်ဖြင့် တစ်လနှစ်ကြိမ် ပြုစုပေးပို့ကြရန်၊ ဖြစ်ပေါ်နေသောဆန်ဈေးနှုန်းစာရင်းများအားအပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းပေးပို့ကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့်ခရိုင်ဦးစီးမှူးမှ ဌာနခွဲအလိုက်တင်ပြဆွေးနွေးမှုများအား ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဖျာပုံမြို့နယ်မှ ထုတ်လုပ်နေသော “ဖြိုး” မုန့်မျိုးစုံလုပ်ငန်းများ ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း

   ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့၊ နေ့လည် (၂း၀၀)နာရီအချိန်တွင် “ခိုင်လှိုင်မြိုင်နန်း” မုန့်လုပ်ငန်းမှ ထုတ်လုပ်သောကုန်ပစ္စည်းများ ဈေးကွက်အတွင်း ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “ဖြိုး”မုန့်လုပ်ငန်းမှ ထုတ်လုပ်သော ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၄၁)(၄၃)အရ ကုန်အညွန်း အမှတ်အသား ဖော်ပြချက်များနှင့် မိမိတို့ထုတ်လုပ်သော ကုန်စည်တွင် စားသုံးသူစိတ် ကျေနပ်မှုရှိစေရေး၊ လုပ်ငန်းခွင်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်မှ ထုတ်လုပ်နေသော “ခိုင်လှိုင်မြိုင်နန်း” မုန့်မျိုးစုံလုပ်ငန်းများ ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း

       ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီအချိန်တွင် “ခိုင်လှိုင်မြိုင်နန်း” မုန့်လုပ်ငန်းမှ ထုတ်လုပ်သောကုန်ပစ္စည်းများ ဈေးကွက်အတွင်း ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “ခိုင်လှိုင်မြိုင်နန်း”မုန့်လုပ်ငန်းမှ ထုတ်လုပ်သော ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၄၁)(၄၃)အရ ကုန်အညွန်း အမှတ်အသား ဖော်ပြချက်များနှင့် မိမိတို့ထုတ်လုပ်သော ကုန်စည်တွင် စားသုံးသူစိတ် ကျေနပ်မှုရှိစေရေး၊ လုပ်ငန်းခွင်တွင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဈေးနှုန်းဈေးကွက်အခြေ အနေနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေး ပြည်သူအသိပညာပေး Talk Show ပြုလုပ်

          ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ ညနေ(၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးပြည်သူအသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူအသိပညာ ပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုခရိုင်မှူး ဦးစိုးမင်းထိုက်က စားသုံး၏ အခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏ တာဝန်(၄) ရပ်တို့ကြား ပြည့်စုံစွာရှင်းလင်းပြောကြားခြင်းနှင့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့၊(၅)လမ်း၊ အ.မ.က(၄)ကျောင်း၊ ကျောင်းကျန်းမာရေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျောင်းကျမ်းမာရေးအဖွဲ့နှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်( ၁၀ : ၀၀ )နာရီ အချိန်တွင် ဖျာပုံမြို့နယ်၊ (၅)လမ်း၊ အ.မ.က (၄)ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ကြောင်းသိရသည်။

         အဆိုပါဟောပြောပွဲတွင် ကုန်စည်များနှင့် ကုန်အညွန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပါက တိုင်ကြားနိုင်မှုအခြေအနေများလည်းကောင်း၊ သက်တမ်းလွန်အစားအစာ များမစားသောက်ကြရန်နှင့် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အစားအစာများ စားသုံးရန် သင့်/ မသင့်နှင့်သန့်ရှင်းမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား  အသိအပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“မြစ်သားမြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

        မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ စက်တင်ဘာလ(၁၂) ရက်နေ့တွင် မြစ်သားမြို့၊ မြို့မစျေးတောင်ဘက်၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  အမဲသား တစ်ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သားတစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၆၅၀/-)ကျပ်နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများသက်သာဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ်သက်မှတ်ထားသောနေရာများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သာပေါင်းမြို့နယ်၊ ကျေးရွာများသို့ ဆီစာအုပ်များဖြန့်ဝေခြင်း

  ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် ၁၈.၉.၂၀၂၅ ရက်နေ့တွင် ရှမ္မမြောင်ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ကွင်းဆင်း၍ အောင်ဦးသာကုမ္မဏီမှ ရရှိသော ခွဲတမ်းရဆီအား ဆီကိုယ်စားလှယ်နှင့်အတူ အဟောင်းပင်ကုန်းကျေးရွာ၊ ဝဲကြီးဒေါင့်ကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ အုတ်ပုံကုန်းကျေးရွာ၊ တောင်ယာကုန်းကျေးရွာမှ ကုန်စုံဆိုင်ုလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန် ဆွေးနွေးပြီး၊ ဆီစာအုပ်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ဧရာဝတီ)

ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးဆိုင်များ ကွင်းဆင်းစစ်ဆေး

       ၂၀၂၅ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့ နေ့လယ် (၁၃:၃၀)အချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် မိတ်ဖက်ဌာန ဖြစ်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရွှေဘိုမြို့ အမှတ်(၇) ရပ်ကွက်ရှိ ပစ်တိုင်းထောင် စိုက်ပျိုးရေးဆေးဆိုင်နှင့် ရွှေဟင်္သာ စိုက်ပျိုးရေးဆေးဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင်  တောင်သူလက်ဝယ်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချ သည့် စီမံကိန်းဆောင်ရွက်ရာတွင် တောင်သူများမှဝယ်ယူပြီးသော သွင်းအားစုများအား အရောင်းဆိုင် များသို့ ပြန်လည် ရောင်းချမှုများမရှိစေရေး၊ဓါတ်မြေဩဇာများ ရောင်းချရာတွင် ဈေးနှုန်း မှန်ကန်မှုရှိစေရေး ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်သွားရန်နှင့် ဈေးနှုန်းဈေးကွက် အခြေအနေများကို မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ