Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်ဦးမြို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လာရောက်လျှောက်ထား

    စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီး အရာရှိ)သည် ၂၆.၉.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ညောင်ဦးမြို့နယ်၊ အနောက်အုံကျေးရွာရှိ ပြည့်စုံ ပဲကြော်လုပ်ငန်းရှင်မှ လာရောက်တွေ့ဆုံမှုတွင်  ကုန်အညွှန်းအမှတ် အသားများနှင့်ပတ်သက်၍ ကုန်စည်များ၌သိသာထင်ရှားစွာထည့်သွင်းဖော်ပြရမည့် အချက်အလက်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူ ကာကွယ်ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ အခန်း(၁၈) ပုဒ်မ(၄၁) နှင့်ပုဒ်မ(၄၁)၊ပုဒ်မခွဲ(ခ)နှင့်ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်မှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိ  ပေးချက်တို့ကိုထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော် မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက် များအား မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

 

 

ပဲကြော်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ ကို စီးပွား‌‌ရေးလုပ်ငန်းများ အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများ အတွက် ဆက်သွယ်ဝယ်ယူနိုင်ရေး လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၅-၉-၂၀၂၅ ရက်နေ့တွင် မြင်းခြံမြို့၊အမှတ်(၄)ရပ်ကွက်ရှိ ပဲကြော်ဖိုလုပ်ငန်းရှင်များမှ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ လာရောက် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

      စားသုံးသူရေးရာဌာနခွဲနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း(ဦးစီးမှူး)က အစား အသောက်ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူများအတွက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များ ကိုသာရောင်းချစေရေး၊ စားသုံးသူထိခိုက်နစ်နာမှု မရှိစေရေးတို့ကို အထူးအလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊   စားဖိုဆောင်တွင် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက် တွင်ထည့်သွင်းသည့် ပါဝင်ပစ္စည်းများ သန့်ရှင်းမှုရှိစေရေး၊ လုပ်ငန်းများမှ သုံးစွဲပြီးအမှိုက်များအား အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ရန်၊ အလုပ်ရုံဝန်ထမ်းအားလုံး တစ်ကိုယ်ရည်သန့်ရှင်းမှုအား အလေးထားရန်၊ ရောင်းချသည့် ထုတ်ကုန် များတွင် ကုန်အညွှန်းအမှတ်အသားများ သိသာထင်ရှားစွာ ထည့်သွင်းဖော်ပြရမည့်အချက်များ အသိ ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

တနင်္သာရီတိုင်းဒေသကြီးရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအစည်းအဝေးအမှတ်စဉ်(၃/၂၀၂၅)အား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂) တွင် ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅)အား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

    အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူးမှ ပြောကြားခြင်း၊ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးခြင်းနှင့် ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးအား (၁၆း၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ OSSC (7/2025-2026) အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meetingဖြင့်တက်ရောက်

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ OSSC (7/2025-2026)အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

            ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ OSSC အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေး ခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လည်(၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခြင်း

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်(၉း၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

    အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြာခြင်း၊ ကျောင်းသား/ကျောင်းသူများမှ သီချင်းများဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခြင်း၊ တိုင်းဒေသကြီးပညာ ရေးမှူးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုအခြေအနေများနှင့် ကျေးဇူးတင်စကားပြောကြာခြင်း၊ ဝန်ကြီးချုပ်မှ ဘာသာစုံဂုဏ်ထူးရကျောင်းသားများအား ဆုချီးမြှင့်ခြင်း၊ ဆက်လက်၍ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဆုပေးခြင်း၊ အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ် ကျောင်း များအား ဆုချီးမြှင့်ခြင်း၊ တိုင်းဒေသကြီးအတွင်း အမှတ်အများဆုံး(၆) ဘာသာဂုဏ်ထူးရှင်မှ ကျေးဇူး တင်စကားပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများ  ဆောင်ရွက်ခဲ့ကြပြီး အခမ်း အနားအား (၁၁း၀၀) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ပန်းတနော်မြို့နယ် ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

        စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှူးတို့သည် ပန်းတနော်မြို့နယ်တာဝန်ခံရုံးတွင် ပန်းတနော် ဆန်စက်လုပ်ငန်းရှင် ၂ဦးနှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

       တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက myroတွင်မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ပြီး ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်လျက်ရှိသည့် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသောဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်ကို သိရှိလိုက်နာဆောင် ရွက်ရောင်းချရန်၊ ဒေသတွင်းဆန်များ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် ရန်ကုန်တင်ပို့မှု အခြေအနေများကို ဆွေးနွေးခြင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လိုင်စင်သက်တမ်းရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရပ်ကွက်နေပြည်သူများအား စားအုန်းဆီ၊ ကြက်ဥနှင့် ဆန်များ ရောင်းချပေးလျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အမှတ်(၇) ရပ်ကွက်တွင် စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ၃.၁၀.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် စားအုန်းဆီ၊ ဆန်နှင့် ကြက်ဥများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

       မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ  စားအုန်းဆီ တစ်ပိဿာ (၆၆၇၀) ကျပ်နှုန်းဖြင့် စားအုန်းဆီ (၁၁၀) ပိဿာ၊ ဆင်းသုခဆန်တစ်ပြည် (၃၀၀၀) ကျပ်နှုန်းဖြင့် ဆန် (၁၀) အိတ်၊ ကြက်ဥတစ်လုံး (၄၀၀) ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၃၀၀၀) ရောင်းချပေးမှုအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မအူပင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကြက်ခြံမွေးမြူရေးလုပ်ငန်းရှင်တို့နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖြိုးလင်း ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း၊ ဦးစီးမှူးသည် ၂၉.၉.၂၀၂၅ ရက်နေ့၊ နေ့လည်(၁၂:၀၀)အချိန်တွင် မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာရှိ ဖြိုးလင်း ပဲကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မိမိတို့၏ထုတ်ကုန်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများ နှင့်ပတ်သက်၍  ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူ ကာကွယ်ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊အခန်း(၁၈) ပုဒ်မ(၄၁) နှင့်ပုဒ်မ(၄၁)၊ပုဒ်မခွဲ(ခ)နှင့်ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊အရွယ်အစား၊အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်မှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိ  ပေးချက်တို့ကိုထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော် မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက် များအား မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

ဇဋိလ ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း၊ ဦးစီးမှူးသည် ၂၉.၉.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြင်းခြံမြို့၊ စက်မှုဇုံရှိ ဇဋိလ ပဲကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မိမိတို့၏ထုတ်ကုန်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများ နှင့်ပတ်သက်၍  ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

         စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူ ကာကွယ်ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊အခန်း(၁၈) ပုဒ်မ(၄၁) နှင့်ပုဒ်မ(၄၁)၊ပုဒ်မခွဲ(ခ)နှင့်ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊အရွယ်အစား၊အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်မှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိ  ပေးချက်တို့ကိုထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော် မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက် များအား မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

 

 

မအူပင်မြို့နယ် စက်သုံးဆီဆိုင်ကြီးနှင့် Denko ဆီဆိုင်အား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အရံ မီးသပ်တပ်ဖွဲ့၊ မြန်မာ့ရေနံထွက်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့သည် (၃.၁၀.၂၀၂၅)ရက်နေ့  နံနက်(၁၀:၀၀) နာရီအချိန်တွင် စက်သုံးဆီအရောင်းဆိုင် ၅ဆိုင်နှင့် Denko စက်သုံး ဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် မအူပင်မြို့ရှောင်လမ်းပေါ်တွင် ဖွင့်လှစ်ထားသော Denko စက်သုံးဆီအရောင်းဆိုင်သို့  စက်သုံးဆီရောင်းချမှု   (၄)မျိုးကို စစ်ဆေးခဲ့ပြီး ရောင်းချသောဈေးနှုန်းမှာလည်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ကော်မတီမှ သတ်မှတ်ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုကို စစ်ဆေးခြင်း၊ စက်သုံးဆီများရောနှောရောင်းချမှုရှိ/ မရှိစစ်ဆေးခြင်း၊  နေ့စဉ် ဆီဘောက်ဆာကားအဝင်များနှင့် စက်သုံးဆီပြတ်လပ်မှုများကိုလည်း သက်ဆိုင်ရာဌာနများသို့ ပေးပို့လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကိုလည်း လိုက်နာလျက်ရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ