Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ စိန်သရဖူ ဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

      ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးသည် (၁၈.၉.၂၅) ရက်နေ့တွင်၊ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ စိန်သရဖူ ဆန်စက်သို့ သွားရောက်၍  ဧရာဝတီပေါ်ဆန်း သိုလှောင်ထားရှိမှုအခြေအနေ၊ MYRO သက်တမ်းတိုး ပြီးစီးမှု အခြေအနေများ ၊ လစဉ် ဆန်စပါး လက်ကျန်စာရင်းများ MRF ပေးပို့မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောက်ဒဂုံမြို့နယ်၊ (၃၀) ရပ်ကွက်နှင့် ဒဂုံရွှေပြည်ဈေးအတွင်း စားအုန်းဆီ ရောင်းချမှုမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀.၉.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၃း၀) နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူး ဦးတင်မိုးအောင်၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦး ဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးလှိုင်မျိုး  (အတွင်းရေးမှူုး )နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ် ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ကွင်းဆင်းစစ်ဆေးဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ဖြန့်ဖြူးသည့်ကုမ္မဏီ ၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချ ခြင်းရှိ/မရှိနှင့် အိမ်ထောင်စုများအား စားအုန်းဆီရရှိမှုအခြေအနေတို့ကိုမြောက်ဒဂုံမြို့နယ်၊(၃၀) ရပ်ကွက်နှင့် ဒဂုံရွှေပြည်ဈေးအတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  Lwin Maung Maung Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ DUMEX DUPRO လက်လီ/လက္ကားဖြန့်ဖြူးသည့်ဆိုင်အား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၀၉:၀၀နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ပြန်/ဆက်၊ မြို့နယ်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊အမှတ်()ရပ်ကွက်ရှိ  DUMEX DUPRO အမှတ်တံဆိပ် နို့စို့ကလေးဖော်စပ်စာ လက်လီ/လက္ကားဖြန့်ဖြူးသည့်ဆိုင်အား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းရှင်မှ DUMEX DUPRO အမှတ်တံဆိပ် နို့စို့ကလေး ဖော်စပ်စာအား ကုမ္ပဏီမှတိုက်ရိုက်မှာယူ၍ လက်လီ/လက္ကားဖြန့်ဖြူးကြောင်း၊  သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်ပါရှိသော ကုန်ပစ္စည်းများကိုရောင်းချပြီး အတုအပများ ရောင်းချခြင်းမရှိ ကြောင်း၊ သက်ဆိုင်ရာဌာနများက ဖြန့်ဖြူး/ရောင်းချခြင်းမပြုလုပ်ရန် အသိပေးကြေညာထားသည့် ကုန်ပစ္စည်းများကို ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းမပြုလုပ်ရန်နှင့်  ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရ နိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိသည်။

DOCA(စစ်ကိုင်း)

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ စားသုံးဆီလက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း

      ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  (၂၁.၉.၂၅) ရက်နေ့၊ နေ့လယ် (၁၃း၀၀) အချိန်တွင်  ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးသို့ သွားရောက်၍ စားအုန်းဆီ လက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ စားအုန်းဆီများအား မှန်(၆) မှန်ဖြင့် ဖြန့်ဖြူးရန်၊ စားအုန်းဆီများဖြန့်ဖြူးရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့်သာ ဖြန့်ဖြူးရန်နှင့် လက်ကား ကိုယ်စားလှယ်များ လိုက်နာရမည့် တာဝန်သတ်မှတ်ချက်များအား တွေ့ဆုံ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် DUMEX DUPRO အမှတ်တံဆိပ်အား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၀၉:၃၀နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ပြန်/ဆက်၊ မြို့နယ်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊အမှတ်()ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်  DUMEX DUPRO အမှတ်တံဆိပ် နို့စို့ကလေးနှင့် ကလေးငယ်များအတွက်ဖော်စပ်စာ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ DUMEX DUPRO အမှတ်တံဆိပ် နို့စို့ကလေးနှင့် ကလေးငယ်များ အတွက်ဖော်စပ်စာ အတုအပများ ဈေးကွက်အတွင်းရောင်းချနေကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသိပေးကြေညာထားကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဖြန့်ဖြူး ရောင်းချခြင်းမပြုလုပ်ရန်နှင့်  ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြော ကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)       

ရေကြည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါး ကောက်စောရိတ်သိမ်းခြင်း

    ရေကြည်မြို့နယ်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုတွင် တောင်သူဦးကျော်ကျော်ဦး၊ ကွင်းအမှတ် (၈၉၄-က) ၊ ဦးပိုင်အမှတ် (၃၇/၂) ဧရိယာ (၅.၀၀) ဧက၊ စပါးမျိုး (GW.11) မျိုးရိတ်သိမ်းနေမှုအခြေအနေအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ရိတ်သိမ်းချွေလှေ့နေမှုူအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်းနှင့် စပါးအစို (၁) ဧက (၁၂၀) တင်းထွက်ရှိပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

(DOCA ဧရာဝတီ)

 

ကန့်ဘလူမြို့နယ်တွင် ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် နံနက် ၀၉:၃၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည့် ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်  ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုး မျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      မြို့နယ်တာဝန်ခံက ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုးမျိုးအားတွင် ကုန်အညွှန်းအမှတ်အသားများကို သက်ဆိုင်ရာဌာနများ၏ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များ နေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုသိရှိ နားလည်းထားရန်နှင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရေကြည်မြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပ

      ရေကြည်မြို့နယ်၊ အ.ထ.က ရေကြည်တေဇသီရိခန်းမတွင် ရေကြည်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ဦးဆောင်၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းအခမ်းအနားကို ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် (First Aid and Climate Change) ဆောင်ပုဒ်အား ယခုနှစ်တွင် သတ်မှတ်ဖော်ပြထားပါသည်။ ထိုအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားရာတွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဖြစ်ပေါ်လာခြင်းအကြောင်းကို ပြောကြားခဲ့ပါသည်။ ရှေးဦးပြုစုခြင်း၏ အကျိုးများကြောင့် လူ့အသက်များကို အချိန်မီကယ်တင်နိုင်ခြင်းကြောင့် အိမ်တိုင်း၊ မိသားစုတိုင်းရှေးဦးပြုူစုခြင်းသင်တန်းများတက်ထားသင့်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

အရှေ့ဒဂုံမြို့နယ်၊ (၁၂၅) ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

            ၂၀.၉.၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊  ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူး ဦးတင်မိုးအောင်၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦး ဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးလှိုင်မျိုး  (အတွင်းရေးမှူုး)နှင့်တာဝန်ရှိသူများ၊ သက် ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန် ရှိသူများ လက်ကားကိုယ်စားလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေး မှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ဖြန့်ဖြူးသည့် ကုမ္မ ဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင် (၁) အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အရှေ့ဒဂုံမြို့နယ်၊ (၁၂၅) ရပ်ကွက်နှင့် (၆) ရပ်ကွက် အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီရောင်းချပေးနေသည့် လက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် နံနက်(၀၈:၀၀)နာရီ အချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံး၌ နိုင်ငံ့ဝန် ထမ်းများကို စားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား မှန်ကန်ပြည့်ဝမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်ကခွဲ တမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အ မြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှတဆင့်  နိုင်ငံ့ဝန်ထမ်းတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။    

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ