Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်မရောက်မီ ကုန်စည်ဖြစ်သော ပဲမုန့်လုပ်ငန်ူများသို့ ကွင်းဆင်းစစ်ဆေး

   မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်း ထုတ်လုပ်ဖြန်ဖြူးနေသော မုန့်လုပ်ငန်းများအား စားသောက်ကုန်လုံခြုံစိတ်ချရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရေးနှင့်အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်နိုင်ရေးတို့အတွက် ၁၉-၉-၂၀၂၅ နံနက်ပိုင်းက တာဝန်ရှိ သူတို့ ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ကွင်းဆင်းစစ်ဆေးအသိပညာပေးရာတွင် ကျားပဲမုန့် လုပ်ငန်း၊ ဓနဟိန်းပဲမုန့်လုပ်ငန်း၊ ကျားသစ်ပဲမုန့် လုပ်ငန်းတို့အား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်းလင်း ဒုဦးစီးမှူးက ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသောက် ကုန်လုံခြုံစိတ်ချရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ မုန့်ထုတ်လုပ်သော ကုန်ကြမ်းနှင့် လုပ်ငန်းခွင်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း၊  အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်နိုင်ရေးတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ စစ်ဆေးအသိပညာပေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းရောင်းချသူ မှတ်ပုံတင်ဆောင်ရွက်ပြီးစီးသော လုပ်ငန်းရှင်များအား အသိပညာပေး

   မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးခန်းမတွင် ၁၈-၉-၂၀၂၅ ရက်နေ့ နေ့လယ် ၃နာရီအချိန်က မအူပင်မြို့နယ်အတွင်း အွန်လိုင်း ကုန်စည်နှင့် ဝန်ဆောင်မှု ရောင်းချသူ လုပ်ငန်းရှင်များ မှတ်ပုံတင်ပြီးစီးပြီး ဖြစ်သော အလှကုန်အမျိုးမျိုး၊ အဝတ်အထည်အမျိုးမျိုး၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊ အထည်အလိပ်ရောင်းချသူများ၊ ဖက်ရှင်အမျိုးမျိုးရောင်းချသူ (၁၂)ဦးအား တွေ့ဆုံ၍ အွန်လိုင်းလုပ်ငန်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

     အသိပညာပေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက လုပ်ငန်းရှင်များကို မှတ်ပုံတင်လက်မှတ်ရရှိပြီးသူများ နှစ်နှစ်ပြည့်မီပါက ထပ်မံသက်တမ်းတိုး ဆောင်ရွက်ခြင်း လုပ်ငန်းကို လုပ်ငန်းရှင်ဘက်မှကိုယ်တိုင် သက်တမ်းတိုးခြင်း လုပ်ငန်းကို မဖြစ်မနေဆက် လက်ဆောင်ရွက်သွားကိုလည်း၊  အွန်လိုင်းရောင်းချခြင်းနှင့် စပ်လျဉ်း၍ အမိန့်ကြေငြချက်ဖြစ်သည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ် သတ်မှတ်မိန့် (၅၀/၂၀၂၃) ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်ဆိုင်ရာအမိန့်(၅၁/၂၀၂၃)၊ အခွင့်အာဏာ အပ်နှင်းခြင်းအမိန့် (၄၉/၂၀၂၃) ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကိုလည်းကောင်း၊ ယခုနောက်ပိုင်းတွင် မှတ်ပုံတင်လျောက်ထားခြင်းကို လုပ်ငန်းရှင် ကိုယ်တိုင်က ၎င်း၏ ဖုန်းဖြင့်သာ မှတ်ပုံတင်ရမည်ဖြစ်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်ဖြစ်၍ စားသုံးသူကာ ကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များကိုလည်းကောင်း ရှင်းလင်းခြင်း၊ အွန်လိုင်းတွင် ငွေကြေးလိမ်လည်ဆောင်ရွက်မှု လုပ်ငန်းဖြစ်စဉ်များအကြောင်း ကို အသိပညာပေးရှင်း လင်းခြင်း၊ မိမိတို့ခရိုင်အတွင်း အွန်လိုင်းလိမ်လည်မှု များ မရှိစေရေး မှန်ကန်စွာ ရောင်းချပေးနိုင်ရန်နှင့် အွန်လိုင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းဖွဲ့ဖြိုးတိုးတက်စေရေး အသင်းအဖွဲ့၊ အစူအဖွဲ ဖွဲ့စည်းနိုင်ရေးကိုပါ အသိပညာပေး ဟောပြောခဲ့ကြောင်း လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းဆွေး နွေးခဲ့ကြပြီး ဟောပြောပွဲကို ၃နာရီအချိန်တွင် ပြီးဆုံးကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

သတ်မှတ်ချက်များနှင့်အညီ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း ရှိ/ မရှိအား ရှောင်တခင်စစ်ဆေး

   မအူပင်ခရိုင်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာ၊ မြို့နယ် အရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအဖွဲ့များသည် ၁၈-၉-၂၀၂၅ ရက်နေ့ ညနေ ၄နာရီအချိန်တွင် ရန်ကုန်-ပုသိမ်ကားလမ်းဘေး ပန်းတနော်မြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

      ထိုသို့ ရှောင်တခင်စစ်ဆေးစဉ် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စက်သုံးဆီဆိုင်များသို့  ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏများအတိုင်း အရောင်းဆိုင်သို့အမှန် ရောက်ရှိခြင်း ရှိ/ မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/ မရှိ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက် ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပြီး အလားတူ ရှောင်တခင် စစ်ဆေးမှုများအား မကြာခဏဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ဆန်စပါး ကုန်သည်များနှင့် တွေ့ဆုံ ဆွေးနွေး

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ၁၈-၉-၂၀၂၅ ညနေ ၃ နာရီခွဲအချိန်က အရည်အသွေးပြည့်မီသော ပေါ်ဆန်းထွက်ပေါ် လာရေး အတွက် မြို့နယ်အတွင်းရှိ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးကုန်သည် များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

            အဆိုပါ အခမ်းအနားတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဆန်စပါးမူဝါဒနဲ့ပတ်သက်ရင် နိုင်ငံတော်က သတ်မှတ်ထားတာ ပြည်တွင်းဖူလုံဖို့က အဓိကဖြစ်ကြောင်း၊ ဆန်ဈေးနှုန်း မြင့်တက် နေတဲ့အပေါ်မှာ အကြောင်းအရာက သုံးခုလောက်ရှိတယ်။ အဓိကက လှောင်လက်တွေများတယ်။ ဈေးကို တက်အောင်လုပ်ပြီးမှ ထုတ်ရောင်းတာဖြစ်တယ်။ ဒီလိုအကြောင်းတရားတွေကို စိစစ် ဖော်ထုတ်ပြီး ဆောင်ရွက်ဖို့လိုကြောင်း၊ ဈေးနှုန်းမြင့်တက်မှု မရှိရေး ကွင်းဆင်းစိစစ်သုံးသပ်ချက်များ ဌာနအနေဖြင့် တင်ပြဆောင်ရွက်ရပြီး၊ ပြည်တွင်းစားသုံးမှု ပိုလျှံသော ဆန်များကို ရန်ကုန်တင်ပို့ ခြင်းများ ၊ ရန်ကုန်မှ ပြည်ပတင်ပိုခြင်း လုပ်ငန်းများ ပြည်တွင်ကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊  ဆန်စပါးကဏ္ဍ Supply Chain တလျောက် စဉ်ဆက်မပြတ် တိုးတက် မှုများ ဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိ သူများ ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်စေရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်းပြောကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ ၁၅ ဦးမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အ.မ.က(မူလွန်)၊ ကွက်သစ်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

  (၂၄.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ် ရေးမှူးသည် မှော်ဘီ မြို့နယ်၊ မြို့မ(၄)ရပ်ကွက် အ.မ.က(မူလွန်)ကွက်သစ်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

   ထိုသို့ဟောပြောပွဲဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ပါရှိရမည့်ကုန်ပစ္စည်း အမှတ်အသားများ သတိပြုရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံး သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ထိခိုက်နစ်နာမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာန သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းခေါ်၍ဖြစ်စေ www.doca.gov.mm website တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပြီး တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ထိုဟောပြောပွဲသို့ ဆရာ/ ဆရာမ (၁၅)ဦး ကျောင်းသား/ကျောင်းသူ (၅၅)ဦး စုစုပေါင်း (၇၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။

 DOCA (ရန်ကုန်)

လှည်းကူးမြို့နယ်၊ အ.မ.က(အောင်သုခ)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့ နယ်ခွဲ တာဝန်ခံ ဦးထွန်းထွန်းဦးသည် (၂၄.၉.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ အ.မ.က(အောင်သုခ)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက် ခဲ့ပါသည်။

 ထိုသို့ဟောပြောရာတွင် အခြေခံပညာမူတန်းကျောင်း(အောင်သုခ)မှ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်သီတာဝင်းက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ လှည်းကူးမြို့နယ် ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန် များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များဆိုင်ရာနှင့်စားသုံးရန် မသင့်သည့်အစားအစာများကို ကျောင်းသား/ကျောင်းသူတို့အား အသိပညာပေးပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ(၆၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

Baby Kyaw Online Storeသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

   (၂၃.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် အမှတ်(၁၁၅)၊ ယုဇနလမ်း၊ (၉)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ Baby Kyaw Online Sotreသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက Baby Kyaw ပိုင်ရှင် ဒေါ်လှိုင်လှိုင်ဦး နှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/မရှိစစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့်အခြား သိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   (၂၃.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၁၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် အမှတ်(၃၄၆/က)၊ ညောင်ဦး(၂)လမ်း၊ (၁၀)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ MM Zay Cho Online Store လုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါ သည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီ မှုရှိ/မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန် များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

အွန်လိုင်းရောင်းချသည့်လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့ သည်(၂၃.၉.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် အမှတ်(A-1)၊ အကွက်အမှတ်(က/၃)၊ ရွာမ အရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် ဖန်စီလုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားသည့် အချက်အလက်များ နှင့် ကိုက်ညီ မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က အချက် အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

Pont BKK Food & Snacks အွန်လိုင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦး တို့သည် (၂၃.၉.၂၀၂၅)ရက်နေ့ နံနက်(၉:၁၀)နာရီအချိန်တွင် အမှတ်(၈၀၀)၊ အောင်သုခလမ်း၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ Pont BKK Food & Snacks အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် Pont BKK Food & Snacks လုပ်ငန်းပိုင်ရှင် ဒေါ်နှင်းအေးဖြူနှင့်တွေ့ဆုံကာ ဆွေးနွေးရာ၌ e-Commerce Registration စနစ်မှ တစ်ဆင့် လျှောက်ထားသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့် သက်တမ်းတိုး လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖော်ပြပါအချက်အလက်များ မှန်ကန်မှုရှိမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်သည့် အတွက် မှန်ကန်စွာ ဖြေကြားပေးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ