Main menu

ဇီးကုန်းမြို့နယ် အ.လ.က ကျောင်းများ၌ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာ  ဝန်ခံနှင့် ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေး ဦးစီး ဌာနတို့ ပူးပေါင်း၍  (၆.၁၁.၂၀၂၅)ရက်တွင် အ.လ.က လယ်တွင်းကျောင်း နှင့် (၇.၁၁.၂၀၂၅) ရက်တွင် အ.လ.က သစ်နဖားကျောင်း တွင်လည်းကောင်း အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့် ဈေးတန်းစစ်ဆေးခြင်းတို့ကိုပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောမှုတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က  စားသုံးသူအခွင့် အရေးများ အကြောင်း နစ်နာဆုံးရှုံးမှုများရှိပါ တိုင်ကြားနိုင်သည် နည်းလမ်းများ၊  ကုန်ညွှန်းအမှတ်အသား ဖော်ပြပါရှိခြင်းနှင့် စပ်လျင်း၍ စားသောက်ကုန် လူသုံးကုန် များ၏ သတင်းအချက်အလက်များ ပြည့်စုံစွာ ပါရှိမှသာ ရွေးချယ်စားသုံးတက်လာရန်နှင့် ဘေးအန္တရာယ်ရှိ ဓာတုဆေးဝါးများ အကြောင်းဆွေးနွေး ဟောပြောပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက အလိမ္မာ စာမှာရှိ ခေါင်းစဉ်ဖြင့် လည်းကောင်း တိုင်းရင်းဆေးဦးစီးဌာန ဦးအောင်ညိုက အစာလည်းဆေး ၊ ဆေးလည်အစာ ၊ တန်ဆေး လွန်ဘေး ခေါင်းစဉ်ဖြင့် အသီးသီးအသိပညာပေး ဟောပြောခဲ့ပြီးနောက် စာသင်ကျောင်း အတွင်း ရောင်းချနေသော ကျောင်းမုန့်ဈေးဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)