Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ် ဦးဝိစာရလမ်းရှိ “ပိုလာ” ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့၊ ဦးဝိစာရ လမ်း၊ ဘုရာကြီးရပ်ကွက်ရှိ “ပိုလာ” ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်သို့ ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သတ်၍ အရည်အသွေး ပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာ ရရှိစေရန် စစ်ဆေးခဲ့ပြီး၊ ရွှေကောင်းကင်ဖုန်းဆိုင်တွင် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိကြောင်း၊ လုပ်ငန်း ရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

မြန်အောင်မြို့နယ် အမှတ်(၁၃)စက်မှုလယ်ယာဝန်း ရိတ်သိမ်းချွေလှေ့စက်သင်တန်းသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၅.၈.၂၀၂၅)ရက်နေ့ ၊ နံနက်  (၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် ရှားတောကျေးရွာရှိ အမှတ်(၁၃) စက်မှုလယ်ယာဝန်း တွင် ကျင်းပသော ရိတ်သိမ်းချွေ့လှေ့စက်သင်တန်းအခမ်းအနားတွင် သင်တန်းသား(၃၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပါတ်သတ်၍ စားသုံးသူ ကာကွယ်ရေးဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ရရှိနိုင်သောအခွင့်အရေးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ် အသား ဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲ သင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာရွေး ချယ် ဝယ်ယူသုံးစွဲသင့်ကြောင်း၊ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊  စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

အင်္ဂပူမြို့နယ် ညောင်ပင်ကြီးကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍ (၁၈.၈.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့၊ ညောင်ပင်ကြီး ကွင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းသား/သူများနှင့်ဆရာ/ဆရာမ ဦးရေ(၂၈၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်း စရာများ အကြောင်း ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် အကြီးတန်းစာရေး ဒေါ်ဝင်းမာစိုးက စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ စကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများ အကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များ ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိကဖတ်ရှု့ရမည် ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

EYDNS(DOCA ဧရာဝတီ)

ကြံခင်းမြို့ ရွာသစ်တောင် အခြေခံပညာအထက်တန်းကျောင်းမုန့်တန်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဩဂုတ်လ(၁၃)ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ကြံခင်းမြို့၊ ရွာသစ်တောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းတွင် ရောင်းချ သော မုန့်ဆိုင်များအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင်ရက်လွန်ခြင်း၊ မှိုတက် ခြင်းများ ရောင်းချမှု ရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချ နေသော ကုန်စည် များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိ တို့ကို စစ်ဆေး ခဲ့ပါသည်။ဆက်လက်၍ ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု၊ သက်တမ်း ကုန်ဆုံးမည့် ရက်စွဲများ ဖတ်ရှု ရန် သင်ကြားပေးမှုများ ပြုလုပ်ခဲ့ပြီး၊ မုန့်ရောင်းချသူ လုပ်ငန်းရှင်များ အား စားသုံးသူများ စိတ်ကျေနပ်မှုရှိ စေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကို သာရောင်းချရန်၊စားသုံးသူ ကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

EYDNS (DOCA ဧရာဝတီ)

“ကျောက်ဆည်မြို့ရှိ ရွှေစဉ် ဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

          ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဩဂုတ်လ (၁၉) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးရှိ ရွှေစဉ် ဆန်လက်လီ၊ လက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးရှိ ရွှေစဉ် ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ် ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဩဂုတ်လအတွင်း သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

ဟင်္သာတမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၅.၈.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ရန်ကျန်ရှိသည့် ဆန်စက်လုပ်ငန်းရှင်များအား MyRo မှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံ လုပ်ငန်းစဉ်တွင် လစဉ် စာရင်းရေးသွင်းခြင်းဆိုင်ရာ အသိ ပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်သွင်းနိုင်ရေး၊ သက်တမ်းတိုးခြင်းနှင့် စာရင်း လက်ကျန်ရေးသွင်းနိုင်ရေးရှင်းလင်းဆွေးနွေးခြင်း၊ ဆက်လက်၍ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ သိုလှောင်ပါက အရေးယူခံရကြောင်း မဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှု မရှိကြောင်း ၊ MyRo မှတ်ပုံတင်လုပ်ငန်းစဉ်များအား သိရှိနိုင်ရေး အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေး စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

မအူပင်ခရိုင်အနေဖြင့် ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မာစေရေး ဝန်ထမ်းများအား ဌာနမှ စွမ်းဆောင်ရည်မြှင့်တင်မှု ပြိုင်ပွဲများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်း

      စားသုံးသူရေးရာဦးစီးဌာန၏ နှစ်ပတ်လည် နေ့အဖြစ် ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့တွင် ဝန်ထမ်းများအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေများ ဖြေဆိုခြင်း၊ နိုင်ငံဝန်ထမ်းကျင့်ဝတ်အပါး ၃၀ တို့ကို ဖြေဆိုခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကွန်ပြူတာပြိုင်ပွဲ၊ များ ယှဉ်ပြိုင်နိုင်ရေးကို မအူပင်ခရိုင်အနေဖြင့် ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်နိုင်ရေး မအူပင်ခရိုင်ဦးစီးမှူးက ကြပ်မတ်ဆောင်ရွက်ခြင်းလုပ်ငန်းကို ဝန်ထမ်းထုသဘောထားတောင်းခံ ၁၅-၈-၂၀၂၅ ရက်နေ့က မေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ  ဝန်ထမ်းလူငယ်များ စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ဌာနမှ နှစ်ပတ်လည်နေ့အဖြစ်ပြုလုပ်မည့် ပြိုင်ပွဲတွင် အတွေ့အကြုံရှိစေရန်နှင့် အစိုးရဌာနဆိုင်ရာဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးသည် အခြေခံအကျဆုံး ဖြစ်၍ ဌာနအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာပြန့်ပွားရေးကိုပါဝင်ယှဉ်ပြိင်ရန် ရွေးချယ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့်  အခြေခံကျကျ အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ အချို့ဝန်ထမ်းများသည် သင်တန်းတက်ရောက်ရန် ငြင်းဆန်လိုကြသည်။ မိမိမရှိလျှင် လုပ်ငန်းတာဝန်များ အခက်အခဲဖြစ်ပေါ်နိုင်သည်ကို စိုးရိမ်၍လည်းကောင်း၊ အချို့မှာ ဝန်ထမ်းမှ သင်တန်း တက်ရောက်လိုသော်လည်း ဌာနကအကြောင်းကြောင်းကြောင့် စေလွှတ်မှုမရှိ၍လည်းကောင်း၊ သင်တန်းတက် ရောက်ရန် အခွင့်အရေးမရသည်များလည်း ကြားသိရပါသည်။ သို့ဖြစ်၍ မိမိလုပ်ငန်းတာဝန်ဆောင်ရွက်မှုကို အထောက်အကူဖြစ်စေမည့် သင်တန်းများ တက်ရောက်ခြင်းကို ကိုယ်တိုင်ကျေနပ်စွာ လက်ခံနိုင်ရမည်ဖြစ်သကဲ့သို့ မိမိလက်အောက်လုပ်ဖော်ကိုင်ဖက်၊ မိမိအထက်ဝန်ထမ်းများ သင်တန်းတက်ရောက်ရေးကို အားပေးကူညီရမည်ဖြစ်ပြီး  ဝန်ထမ်းငယ်များအား ယခုယှည်ပြငိမှုမှ  ဘဝတစ်လျှောက် တက်ရောက်ခဲ့ဖူးသော သင်တန်းများနှင့် လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ပုံ၊ အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် အသိပညာပေး မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

တူးချောင်း အထက်တန်းကျောင်း ခွဲတွင် လူငယ်စကားဝိုင်း စားသုံးသူအသိပညာပေး ဟောပြောခြင်း

      မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရာအခန်းအနားတွင်စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

      ဦးစွာ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီးနောက် မြို့နယ်ိဦးစီးမှူး ဦးအောင်လွင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်စားသုံးသူရေးရာဦးစီးဌာန လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေး၈ချက်အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များအကြောင်း၊ ကုန်စည်နနှင့် ဝန်ဆောင်မှုတို့အကြောင်း၊ ကုန်အညွှန်းအမှတ်အသားအချက်အလက်အကြောင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးသဖြင့်  တိုင်ကြားမှုများကို လက်ခံညှိနှိုင်းဖြေရှင်းခြင်းအကြောင်း၊ ဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှု ၊ ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့မှုအပေါ် တက်ရောက်လာသူများ၏ သိလိုသည့်‌ မေးမြန်းမှုများဆွေးနွေးမှုများအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Myro မှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံလုပ်ငန်းစဥ်နှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

      (၁၅-၈-၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)တွင် ညောင်တုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊မြိုနယ်ဦး စီးမှူးနှင့်အဖွဲ့က Myro မှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံလုပ်ငန်းစဥ် စာရင်းရေးသွင်း ခြင်းအကြောင်းကို ရပ်/ကျေးအုပ်ချုပ်ရေးမှုး၊စာရေးဝန်ထမ်း၊ အမျိုသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ၊စုစု‌ပေါင်း တက်ရောက်သူ(၁၃၅)ဦးအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

      ဟောပြောဆွေးနွေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဥပဒေအရ စီးပွားရေးအလို့ငှာ ဆန်/စပါး သိုလှောင်လုပ်ကိုင်သူ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မိမိတို့ ၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRo)-www.myro.com.mmတွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြပါရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေးကြေငြာပြီးဖြစ်ကြောင်း၊ ညောင်တုန်းမြို့နယ်အနေဖြင့် မှတ်ပုံတင်ပြီး လုပ်ငန်း ၇၅ခု ရှိပြီးဖြစ်ကြောင်း၊ သက်တမ်း၁နှစ်ပြည့်ပြီးသူများလည်း သက်တမ်းတိုးဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းပြီး၊ ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါး စျေးကွက်နှင့် စျေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေ များကို စနစ်တကျ စာရင်းပြုစု မှတ်ပုံတင်ထား နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကို တက်ရောက်လာသူများ သိရှိနိုင်ရန် အသိပညာပေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းမှုကို အကျယ်တဝင့် ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ အများပြည်သူဈေးနှုန်း သက်သာစွာဝယ်ယူစားသုံးနိုင်‌ရေး ရောင်းချပေး

       ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်း ရေးကော်မတီမှ အများပြည်သူဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက်  (၁၆.၈.၂၀၂၅) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှစ၍ မြန်အောင်မြို့ အခွန်လွတ်ဈေးရှေ့တွင် ဆန်၊ဆီ၊ ကြက်ဥနှင့် အသားများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ရောင်းချခဲ့ရာတွင် စားသုံးဆီ (၁) ပိဿာလျှင် ၆၇၀၀/- ကျပ်ဖြင့် ပိဿာချိန် ၅၀၊ ဆန်တစ်ပြည်လျှင် ၂၀၀၀/- ကျပ်ဖြင့် ဆန် (၅) အိတ် ကိုလည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် (၃၀၀) ကျပ်ဖြင့် အလုံးရေ (၂၀၀) ကို လည်းကောင်း၊ ဝက်သားတစ်ပိဿာလျှင် ၂၂၀၀၀/- ကျပ်ဖြင့် ပိဿာချိန် (၃၀) တို့အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာန ဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ