Main menu

မြန်အောင်မြို့နယ် မကျီးစုရပ်ကွက်နှင့် ဘူတာကုန်းရပ်ကွက်များရှိ ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးမှုအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၁၂.၁၁.၂၀၂၅)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ မကျီးစုရပ်ကွက်နှင့် ဘူတာကုန်းရပ်ကွက်ရှိ ပြည်သူ များအား လစဉ်အိမ်ထောင်စုအလိုက် ဆီထုတ်ပေးသည့်အကြိမ်ရေနှင့်ပြန်လည်ဖြန့်ဖြူး ရောင်းချမှုများ၊ ဆီထုတ်ကိုယ်စားလှယ်မှတစ်ဆင့် စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှု အခြေ အနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ ကျေးရွာရှိ အိမ်ထောင်စု အရေအတွက်အတိုင်း ပြည့်စုံစွာ ရောင်းချမှု ရှိ/မရှိတို့ကို ဆီအသင်းမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

(DOCA ဧရာဝတီ)