Main menu

ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၁.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) အချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါ သည်။

       အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ ရောင်းချသည့် ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲနိုင်မှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာ ဖော်ပြ၍ အသိပေးရမည်ဖြစ်ကြောင်း၊ ‌ရောင်းချမည့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များတွင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည် အသွေးရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ စားသုံးသူများ သုံးစွဲရာတွင် လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊နမူနာ ပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်း၊ အာမခံချက်ပေးထားသည့်ကာလ (သို့) အသုံး ပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်း ရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း(သို့) လဲလှယ်နိုင်ခြင်း၊ ကုန် စည်ပေါ်တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်း ချက် သို့မဟုတ် အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သော ဖော်ပြချက်နှင့် ကိုက်ညီမှုရှိခြင်းစသည့် အာမခံ ချက်များ ပါရှိရမည်ဖြစ်ကြောင်း စသည်တို့ကို အကျယ်တဝင့် အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရှိ ရပါသည်။

 (DOCA ဧရာဝတီ)