Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၅ခုနှစ်၊ စက်တင်ဘာလအတွင်း ဒေသထွက်ကုန်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများ နေ့စဉ် အသုံး ပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရန် ရည်ရွယ်၍ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်း ထုတ် လုပ်သည့် အဓိကဒေသထွက်ကုန်များ၏ ထုတ်လုပ်မှုပမာဏ၊ စားသုံးသူလက်ခံသုံးစွဲနိုင်သော အရည် အသွေးအပါအဝင် ဖြန့်ဖြူးရောင်းချမှု အခြေအနေများအား ဒေသတွင်းထွက်ကုန်များ ထုတ်လုပ် သည့် လုပ်ငန်းရှင်များနှင့်လည်း သွားရောက် တွေ့ဆုံခဲ့ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့နှင့် ဆိပ်ဖြူမြို့ရှိ ဒေသတွင်းထွက်ကုန်များ ဖြစ်သည့်ချည်ထည်၊ ဇီးဖျော်ရည်၊ ပုန်းရည်ကြီး၊ နှမ်းဖတ်ချဉ်၊ အုန်းမှန်ကူ၊ မြေပဲဆားလှော်၊ ပဲကြော်၊ ပဲလှော် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသတွင်း ထွက်ကုန် တစ်မျိုးချင်းအမယ်များ၏ ထုတ်လုပ်မှုပမာဏ၊ စားသုံးသူလက်ခံသုံးစွဲနိုင်သော အရည်အသွေးအပါ အဝင် ဖြန့်ဖြူးရောင်းချမှု အခြေအနေ များအား မေးမြန်းဆွေးနွေးခဲ့ပြီး ထိုသို့တွေ့ဆုံမေးမြန်းခြင်း၊ မှတ်တမ်းပြုစုခြင်းဖြင့် ဘေးအန္တရာယ်ဖြစ်စေမည့်ကုန်စည်များ ဈေးကွက်အတွင်းမှ ကာကွယ်တားဆီ နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ စားသုံးသူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိလာမည်ဖြစ်ကြောင်း အသိပညာပေးတွေ့ဆုံမေးမြန်းခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ထုတ်ကုန်လုံခြုံစိတ်ရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေ သကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများကို မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အရခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများကဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။

     ပခုက္ကူခရိုင်အနေဖြင့် စက်တင်ဘာလအတွင်း ခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့မှ ဦးဆောင်၍ ပခုက္ကူမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် စည်သွပ် အစားအစာအမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့် သွင်း ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ် ရပ်ကွက်များ တွင် ရောင်းချလျက်ရှိသောကုန်စုံဆိုင်နှင့် စတိုးဆိုင်များတွင်(၂)ကြိမ်၊ အ.ထ.က(၄)နှင့် အ.မ.က(၄) ကျောင်းမုန့် ဈေးတန်းများတွင်(၂)ကြိမ်၊ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း (၁)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ အနောက်ပိုင်းနှင့် ရွာသစ်ရပ်ကွက်တွင် စည်သွပ်အစားအစာ အမျိုးမျိုး အား(၁)ကြိမ်၊ အနောက်ပိုင်းရပ်ကွက်ရှိ စားသုံးဆီဆိုင်တွင်(၁)ကြိမ်၊ ဂန့်ဂေါ မြို့မဈေးရှိ ကုန်စုံ ဆိုင်များတွင်(၁)ကြိမ်၊ ဈေးကွက်မရောက်မီ ဆုံဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် များ ထံသို့ ကွင်းဆင်းဆောင်ရွက် ခြင်းအား ပခုက္ကူမြို့မှ (၁)ကြိမ်၊ဆိပ်ဖြူမြို့မှ(၁)ကြိမ်၊ DUMEX DUPROအမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိအား ပခုက္ကူမြို့ တွင်(၁)ကြိမ်၊ ဆိပ်ဖြူမြို့တွင်(၁)ကြိမ် စုစုပေါင်း ဈေး၊ စက်ရုံအလုပ်ရုံ၊ ကျောင်းမုန့်ဈေးတန်း၊ ရပ်ကွက်ကုန်စုံဆိုင်၊ ဆေးဆိုင်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၁၂)ကြိမ်၊ အထူး ဈေးကွက်အနေဖြင့် စားသုံးဆီ၊စက်သုံးဆီနှင့်ဆေးဝါးများအား သတ်မှတ် ရည်ညွှန်းဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပါ သည်။

ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆိပ်ဖြူမြို့နှင့် ရေစကြိုမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်း စနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါစီးပွားရေး လုပ်ငန်းရှင်၏ တာဝန်မျာနှင့်ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ သိရှိစေရန် အသိပညာပေးခြင်း၊ ရေစကြိုနှင့် အနောက်ချောက်ကန်မှ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအား ခရိုင်ဦးစီးမှူး ရုံးသို့ ခေါ်ယူတွေ့ဆုံ၍ အွန်လိုင်းမှတ်ပုံတင်စဉ်က ကုန်စည်များ ကိုသာရောင်းချခြင်း ရှိ/မရှိနှင့် အွန်လိုင်းမှတ်ပုံတင် လက်မှတ်ရရှိသူများ၏ တာဝန်များ အကြောင်း အား အသိပညာပေးခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ (အင်တာနက် ဝန်ဆောင်မှု) ကဏ္ဍစုံအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်း၍ (အင်တာနက် ဝန်ဆောင်မှု) လုပ်ငန်းများ ဆောင်ရွက်သည့် ဆိုင်များသို့သွားရောက်၍ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍  အသိပညာ ပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ပတ်သက်၍ အသိပညာပေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်စန်းစန်းဝေ(ဦးစီးမှူး)သည် တိုင်းဒေသကြီးအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍  ၂၆.၉.၂၀၂၅ ရက်နေ့တွင် “ရွှေနှင်းဆီ” အမှတ်တံဆိပ်ဖြင့် တိုဟူးကျိုပဲမှုန့်နှင့် ပဲကျက်မှုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်၊ စက်ရုံဝန်ထမ်း များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိ ရပါသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှတာဝန်ရှိသူက လုပ်ငန်းရှင်၊ စက်ရုံဝန်ထမ်းများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာ (သို့မဟုတ်) အခြား ဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆန်လက်ကျန်စာရင်းများ ဖြည့်သွင်းခြင်းကို ကူညီဆောင်ရွက်ပေးလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ MYRO မှတ်ပုံတင်ထားသည့် ဆန်သိုလှောင် ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း()ရက်နေ့မှ ()ရက် နေ့အတွင်း MyRO Website တွင်  ဖြည့်သွင်းရန် ဆန် လုပ်ငန်းရှင်များအား ပခုက္ကူ ခရိုင်ဦးစီးမှူးရုံး အနေဖြင့် တွန်းအားပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလတွင် နည်းပညာအခက် အခဲရှိသော ဆန်လုပ်ငန်းရှင်များမှ ပခုက္ကူခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ ဆန်လက်ကျန်များ ဖြည့်သွင်းခြင်းကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

သလ္လာမွန်နှင့် ရွှေနှင်းဆီ စားသောက်ကုန်လုပ်ငန်းများအား GMP ကွင်းဆင်းစစ်ဆေး

        ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်  တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာနတို့ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် မုံရွာမြို့ သလ္လာမွန်နှင့်ရွှေနှင်းဆီ စားသောက်ကုန် လုပ်ငန်းများအား ( GMP ) ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် သလ္လာမွန်နှင့်ရွှေနှင်းဆီ” စားသောက်ကုန်လုပ်ငန်းစက်ရုံ၏ အစားအသောက်ထုတ်လုပ်မှုအခြေအနေအား  ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)နှင့်အညီ ထုတ်လုပ်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့် အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိ ပညာပေးဆောင်ရွက်လျက်ရှိပါသည်။

  ပခုက္ကူခရိုင်အနေဖြင့် စက်တင်ဘာလအတွင်း ခရိုင်ဦးစီးမှူးက ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် ပခုက္ကူခရိုင်ရုံး၌ မိဘ ပြည်သူများအားလည်းကောင်း၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း၌ဆရာ /ဆရာမနှင့် ကျောင်းသား/သူများအားလည်းကောင်း၊ ဆိပ်ဖြူမြို့နယ် တာဝန်ခံမှ ရွာသစ်ကျေးရွာရှိ ဓမ္မစကူးကျောင်းနှင့် ရေလယ်ကျွန်းကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ များအားလည်းကောင်း၊ ဂန့်ဂေါခရိုင်၊ မြို့နယ် တာဝန်ခံမှ မြောက်ကုန်းရပ်ကွက်နှင့် ပြည့်ဝကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း စုစုပေါင်း ပခုက္ကူခရိုင်(၅)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၂)ကြိမ် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Dumex Dupro အမှတ်တံဆိပ်နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  (၂၄.၉.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား ဈေးကွက် စောင်ကြည့်စစ်ဆေးခဲ့ ပါသည်။ ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက ဈေးကွက်ထဲတွင် Dumex Dupro မှတ်တံဆိပ်နှင့် အလားတူပုံစံအတုများထွက်ရှိနေသဖြင့် ကွင်းဆင်းရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဌာနခွဲ တာဝန်ခံက Dumex Dupro အစစ်နှင့် အတု ခွဲခြားသိနိုင်မည့် အချက်များအကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူနှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်ပါကုန်အညွှန်း အမှတ် အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြလာခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက်များပိုမို ရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါသည်။

ပခုက္ကူခရိုင်အနေဖြင့် စက်တင်ဘာလအတွင်း စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့်  ဝန်ထမ်း များသည် ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက်နှင့် လယ်ယာကျေးရွာရှိ ကိတ်မုန့်လုပ်ငန်းများ၊ အမှတ် (၈/၁၁)ရပ်ကွက်ရှိ စားသုံးဆီလုပ်ငန်းရှင်များထံသို့လည်းကောင်း၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံအနေဖြင့် အနောက်ပိုင်းရပ်ကွက်ရှိ သောက်ရေသန့်နှင့် စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်များထံသို့ လည်း ကောင်း၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် စည်ပင်သာယာရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံသို့လည်းကောင်း စုစုပေါင်း ပခုက္ကူခရိုင်(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၁)ကြိမ် ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးစီးမှူးရုံးမှ၊ ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးရုံးမှ၊ ဝန်ထမ်းတစ်ဦးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီရောင်းချ နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သီရိအောင်၊ သဇင် စသည့် အရောင်းဆိုင်များမှ စားအုန်းဆီတစ်ပိဿာ (၇၇၀၀) ကျပ်၊ လူတစ်ဦးလျှင် (၅၀) ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက် ရှိပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီများကို အလေးချိန်ပြည့်မှီစွာ ရောင်းချပေးရန်၊ မိမိရရှိသောခွဲတမ်းရရှိသည့်အတိုင်းအားလုံးရောင်းချပေးရန်၊ အသိပေးပြောကြားခဲ့ပြီး ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းများ၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းနှင့် စီးပွားရေးလုပ် ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

“စိုး” စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် မုံရွာမြို့၊ ပြည်ထောင်စုလမ်းမပေါ်ရှိ စိုးစက်သုံးဆီဆိုင်အား  စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြောနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ် ဈေးနှုန်းများဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြု လုပ်ကြရန်၊ သိုလှောင် ကန်များ၏လက်ကျန်အခြေအနေများနှင့် နေ့စဉ်ဆီဝင်ရောက်မှု အခြေအနေများကို သက်ဆိုင်ရာ ဌာနများသို့ စာရင်းများပေးပို့ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး CCTV များမှ Control စနစ်ကောင်းမွန် ခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ