Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသောက်ဆိုင် ဝန်ဆောင်မှုဖြင့် ရောင်းချသော လုပ်ငန်းများအား စစ်ဆေးခြင်း

        မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လုပ်ငန်းလမ်း ညွှန် စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ထားမှုရှိ/ မရှိနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များ အမိန့်ညွှန်ကြားသတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်းရှိမရှိကို   ၃.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်ပြုပြင်ချက်ပြုတ်ရောင်းချသည့်နေရာများ သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ၊ စားသောက်ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/ မရှိနှင့် အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/ မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသောက်ဆိုင်များအား ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အညီဘေးအန္တရာယ်ကင်းရှင်း‌ရေး စစ်ဆေးခြင်းလုပ်ငန်းကို ၃.၁၀.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ၀န်ထမ်းများနှင့် ပူး‌ပေါင်းအဖွဲ့သည် ပန်းတနော်မြို့နယ်အတွင်း၌ အစားအသောက်များရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အညီ‌ဆောင်ရွက်ထားရှိမှုရှိ/ မရှိ၊ ရက်လွန်အစားအစာများရောင်းချမှုရှိ/ မရှိ၊ သန့်ရှင်းလတ်ဆတ်မှုရှိ/ မရှိနှင့် ဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ စားသုံးသူအခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစွာရောင်းချနိုင်ရး စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ စျေးကွက်အတွင်း ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ ရပ်ကွက်‌/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆေးဝါးအမျိုးမျိုး ရောင်းချသော ဆေးဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှ ပပျောက်စေရေး၊ အရည်အသွေးပြည့်မီသော ဆေးဝါးများသုံးစွဲနိုင်ရေးအတွက် ဓနုဖြူမြို့ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၈)ဆိုင်အား ၃.၁၀.၂၀၂၅ ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့် အတူပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့် အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍  မြို့နယ်အတွင်း ဆေးဈေးကွက်ဈေးနှုန်း အခြေအနေများကို မေးမြန်းစစ်ဆေးခြင်း၊ ဆေးပြန်လပ်မှု ရှိမရှိစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်ဆေးဝါးများ ရောနှောရောင်းချခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊ ဆေးနှင့်ဆေးပစ္စည်း ရောင်းချသည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ကုန်စည်  (သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအခြေအနေများ၊ ဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အိမ်သုံး ကျန်းမာရေးဆေးဝါးအမျိုးမျိုးအား ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးကွင်းဆင်းစစ်ဆေး

        ၃.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဈေးကွက်အတွင်းရှိ ကျန်းမာရေးသုံး အိမ်သုံးဆေးဝါးနှင့် ပစ္စည်းများဈေးနှုန်းကြီးမြင့်မှု မရှိစေရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များဖြစ်သော ဂွမ်းလေးဆေးဆိုင်၊ ခင်မောင်ထွန်းဆေးဆိုင်၊ အေးမတ္တာဆေးဆိုင်တို့မှ ရောင်းချနေသောဆေးဝါးများ ပြည်သူများကျန်းမာရေး လိုအပ်ချက်များအရ ဆေးပစ္စည်းများဝယ်ယူရာတွက် အခက်အခဲမရှိစေရေး ဒေသတွင်းရောင်းချနေသော ဆေးဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်း၊ ရန်ကုန်မှ ဆေးပစ္စည်းများမှာယူရကြောင်း အနည်းငယ်သာ ကျန့်ကြာပြီး ဆေးဈေးနှုန်း ပုံမှန်ဖြစ်လျက်ရှိကြောင်းသိရသည်။ ဆေးရောင်းချသူ လုပ်ငန်းရှင်များကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်းကို  ရှင်းလင်းပြီး စားသုံးသူနစ်နာဆုံးရှုံမှုဖြစ်ပွားစေမည့် ဆေးဝါးများကို ထင်ယောင်ထင်မှား ဖော်ပြ၍ ရောင်းချခြင်းမျိုးအပြုလုပ်ရန်၊ သက်တမ်းလွန်ကုန်စည် ရောင်းချခြင်းမပြုရန် မှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ဝင်းဇော်ဆေးဆိုင်အားကွင်းဆင်းစစ်ဆေး”

         ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှစစ်ဆေးရေးအရာရှိများသည် အောက်တိုဘာလ (၈)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ တိုင်းရင်းဆေးအမျိုးမျိုးအား ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ဝင်းဇော်ဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်းရောင်းချနေ သော ကုန်စည်များအပေါ်တွင် မြန်မာနိုင်ငံတိုင်းရင်းဆေး ဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါး များ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများရောင်းချမှုမရှိစေရေး၊ တိုင်းရင်းဆေး အမျိုးမျိုးများအပေါ် စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော သုံးစွဲရန် မသင့်သော ဆေးဝါးများရောင်းချမှုရှိ/မရှိ ၊ သောက်ဆေးအမျိုးမျိုး၊ လိမ်းဆေး အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အချက်များဖြစ်သည့် ကုန်ပစ္စည်းအမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက်၊ အသားတင် ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ ဘေးထွက်ဆိုးကျိုး ၊ ကြိုတင် သတိပေးချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာ ဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ပါဝင်မှုမရှိသော ကုန်ပစ္စည်းများ ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါ သည်။  

DOCA(မန္တလေး)

                              

 

 

 

ညောင်တုန်း ဆန်လက်လီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

         ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ .၁၀.၂၀၂ နေ့နံနက်ပိုင်းက သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် လက်လီလက်ကား ဆန်ဆိုင် (၁၀)အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ရောင်းချသူ ဆန်လက်လီ/ လက်ကားလုပ်ငန်းရှင်များကို စားသုံးသူ ပြည်သူများအနေဖြင့် သင့်တင့်မျှတသောစျေးနှုန်းဖြင့် အခြေခံစားသုံးကုန်များ ဝယ်ယူစားသောက်နိုင်ရေးအတွက် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သတ်မှတ်သော သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း အခြေခံစားသုံးကုန် ဆန်များကို စျေးကွက်အတွင်းရှိ လက်လီလက်ကားဆန်ဆိုင်များက လိုက်နာဆောင်ရွက် ရောင်းချပေးကြရန်နှင့်  မြန်မာနိုင်ငံဆန်စပါးအသင်း၏ သတ်မှတ်ဈေးအတိုင်းရောင်းချမှုရှိ/ မရှိကို တာဝန်ရှိ သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့နှင့်အတူ  ဆန်စျေးနှုန်းများ စုံစမ်းစစ်ဆေးကာ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

        ထိုပူးပေါင်းအဖွဲ့က ဆန်ရောင်းချသူများ၏ လုပ်ငန်းလိုင်စင်များ၊ ဆန်သိုလှောင်ထားရှိမှုမရှိစေရေး၊ ဆန်အမျိုးအစားအလိုက် ရောင်းချလျက်ရှိသော စျေးနှုန်းများ၊ ဆန်အမျိုးအစားစစ်မှန်စေရေးနှင့် တစ်နေ့တာ ပျှမ်းမျှရောင်းချမှုပမာဏအခြေအနေများကို စုံစမ်းစစ်ဆေးကြည့်ရှုဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ထားသည့် သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့် ရောင်းချ​ကြရေးနှင့် စျေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းမပြုရန်တို့ကို သတိပေးမှာကြားခဲ့ပြီး၊ အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း၊ သက်ဆိုင်ရာဌာနတို့၏ ဥပဒေများအတိုင်းလည်း အရေးယူဆောင်ရွက်နိုင်ကြောင်းကို အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော် ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည်လုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောခြင်း

          (.၁၀.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်းတနော် ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည် လုပ်ငန်းရှင်အသင်း ကိုဖိတ်ကြား၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းရှင် လိုက်နာရမည့်တာန်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

          မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူက တက်ရောက်လာသော လုပ်ငန်းရှင်များကို အသိပညာပေး ပြောကြားရာတွင် ဆန်စက်နှင့် ဆန်အရောင်းဆိုင်ရှင်များ စည်ပင်သာယာနယ်နမိတ်အတွင်း လုပ်ငန်းရှင်များလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်လုပ်ငန်းလိုင်စင်များ ကိုင်ဆောင်ထားကြရန်၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးသည့်အခါ လုပ်ငန်းလိုင်စင်ပြသနိုင်ခြင်းမရှိပါက လုပ်ငန်းလိုင်စင် ပယ်ဖျက်သည်အထိ အရေးယူဆောင်ရွက်နိုင်ကြောင်း တက်ရောက်လာသူများ သိရှိလိုသည့်ကိစ္စရပ်များကို မေးမြန်းနိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ဆက်လက်ဟောပြောဆွေးနွေးရာ ရပ်ကွက်များ၊ ဈေးများနှင့် မြို့ရွာများအတွင်း ဖွင့်လှစ်သည့် လက်လီဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် အညီရောင်းချရန် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန်၊ အရောင်းအဝယ်မှန်စွာဖြင့် ရောင်းချရန်၊  လက်ကားပွဲရုံများ၊ ဆန်စက်များနှင့် ကုန်စည်ဒိုင်များထံမှ သတ်မှတ်ရည်ညွှန်းဈေးများနှင့် ကုန်စည်ရရှိမှုမရှိခြင်း၊ အရည်အသွေးလျော့နည်းသော ပစ္စည်းများသာဝယ်ယူရရှိပါက စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူအခွင့်အရေး ထိခိုက်နာစ်နာ ဆုံးရှုံးမှု အတွက် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအကျိုးစီးပွားကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း လုပ်ငန်းရှင်၊ အစိုးရဌာန၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဆန်ဆိုင်နှင့် သိုလှောင်ရုံ လုပ်ငန်းရှင်များကလည်း ရောင်းချမှုလုပ်ငန်းလိုင်စင်နှင့် သိုလှောင်ရုံမှတ်ပုံတင်မှုလုပ်ငန်းများကို လုပ်ဆောင် ထားရန်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး အဖွဲ့မှလိုက်လံစစ်ဆေးသည့်အခါ လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်းကို လုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“Online Sale လျောက်ထားမှုနှင့်ပတ်သက်၍မြေပြင်ကွင်းဆင်းဆောင်ရွက်”

         ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ် (စစ်ဆေးရေးအရာရှိ)သည် အောက်တိုဘာလ (၃)ရက်နေ့၌ Online မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားသည့် ကျောက်ဆည်မြို့၊ပြည်လုံးနိုင်ရပ်ရှိ OK Watch Gallery ဖက်ရှင်အသုံးအဆောင်ပစ္စည်း လက်လီ/လက်ကား ရောင်းချသောဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် Online မှတစ်ဆင့်လျှောက်ထားသည့် စာရွက်စာတမ်းများဖြစ်သော ပိုင်ရှင်၏ဓာတ်ပုံ၊ဖုန်းနံပါတ်၊လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ်(၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင် လက်မှတ်လျှောက်ထားရမည်ဖြစ်ပြီး ၄င်းလက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက် ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း စသည့် Online ဖြင့် မှတ်ပုံတင်သည့်အကြောင်းအရာများ အားအသေးစိတ် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ MyRO မှတ်ပုံတင်စနစ်နှင့်ပတ်သက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၊ ညနေ (၁၆း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ MyRO တွင် မှတ်ပုံတင်စနစ်နှင့်ပတ်သက်၍ လာရောက် မေးမြန်းသောလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ MyRO မှတ်ပုံတင်ရာတွင် ပြုလုပ်ရမည့် အချက်များ၊ လစဉ်ပြုလုပ်ရမည့် ကုန်ရကုန်ထုတ်ခြင်းအခြေအနေများ၊ စီးပွား‌ရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပန်းတနော် ဖိုးလမင်းဆန်စက် ထုတ်ကုန်လုံခြုံကွင်းဆင်းစစ်ဆေးခြင်း

            မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ၃.၁၀.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် မြို့ကွက်သစ်၊ ၂ရပ်ကွက်ရှိ ဖိုးလမင်းဆန်စက်သို့ ကွင်းဆင်း၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုနှင့် စပါးဆန်ရောင်းဝယ်မှု၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းက ဖိုးလမင်းဆန်စက်ပိုင်ရှင် ဦးဇော်ထက်စိုးနှင့် တွေ့ဆုံ၍ ဆန်စက်တွင် စပါးဝယ်ယူမှု၊ စပါးကြိတ်ခွဲ၊ သိုလှောင်မှုနှင် ဆန်/စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်မှ သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီးဖြစ်ကြောင်း၊ ဆန်စက်မှ ဆန်များကို ရောင်းဝယ်မှုအခြေအနေနှင့် ဒေသအတွင်းရောင်းချပေးနေမှုအခြေအနေများကို ရှင်းလင်းပြောပြခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ဆန်စက်မှကြိတ်ခွဲရောင်းချနေသော ဆန်များကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စေရန်၊ အလေးချိန်မှန်ကန်စေရန်၊ အရောင်းအဝယ်မှန်စေရန်တို့ကို မှားကြားခဲ့ပြီးလုပ်ငန်းရှင်တို့ဘက်မှ လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရနိုင်မည်ဖြစ်ကြောင်း ပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ