Main menu

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီနှင့် ကြက်သွန်နီများ ရောင်းချပေးမှု

Powered by Drupal

      ၂၁.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ ကြီးကြပ်၍ မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ် (၁)နှင့် ဘဏ်(၂)တို့၌ ပင်စင်လစာ လာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီနှင့် ကြက်သွန်နီများ၊ ဆန်နှင့်ကြက်ဥများ ရောင်းချပေးခဲ့ရာ အဆိုပါ နေရာသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ လာရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

          ယင်းသို့ ရောင်းချဆောင်ရွက်ရာတွင် စားအုန်းဆီ တစ်ပိဿာ (ဗူးခွံပါ) ၈၀၀၀/- ကျပ် နှုန်းဖြင့် ပိဿာ ၈၈၀  ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၁၅၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် ၁၀၀၀ ၊ ကြက်ဥ ၁၀ လုံးလျှင် ၄၀၀၀/- ကျပ်ဖြင့် ကြက်ဥအလုံးရေ ၇၂၀၀ ၊ ဧည့်မထဆန် ၆ ပြည် (၁)အိတ်လျှင် ၁၅၅၀၀/- ကျပ်နှုန်းဖြင့်(၁၀)အိတ်၊ ဧရာဝတီပေါ်ဆန်း ၆ ပြည်အိတ် (၁)အိတ်လျှင် ၃၁၅၀/- ကျပ်နှုန်းဖြင့် (၂၀) အိတ်၊ ကျားပျံ ၆ ပြည် (၁)အိတ်လျှင် ၃၅၀၀၀/-နှုန်းဖြင့် (၂၀) အိတ် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)