Main menu

ကျိုင်းတုံမြို့ပေါ်ရှိ ဆန်ဆိုင်နှင့်ဆန်စက်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေး ရာဦးစီးဌာနနှင့် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁/၄) အတွင်းရှိ ဆန်ဆိုင်များနှင့်ဆန်စက်တို့အား ‌ဆန်ဈေးကွက်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် သင့်တင့် မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁) အတွင်းရှိ ဒေါ်လဲ့လဲ့စိုးဆန်ဆိုင်၊ အောင်ဆန်ဆိုင်၊ အာခါလေးဆန်ဆိုင်၊ ဒေါ်စိုးယုမော်ဆန်ဆိုင် ဦးဇော်မင်းဆန်ဆိုင်၊ ငွေယံဟိန်းဆန်ဆိုင်များတွင် ပေါ်ဆန်းမွှေးဆန်၊ ဧည့်မထဆန်နှင့် ဒေသဆန် များကို အဓိကရောင်းဝယ်မှုပြုကြသည်ကိုတွေ့ရှိရပြီး ပေါ်ဆန်းမွှေးဆန်များ ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ဆန်ဆိုင် ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)