Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စံပြတိုးချဲ့လမ်းရှိ သရဖီကုန်စုံ ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

      (၅.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)  နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချသော စံပြတိုးချဲ့ လမ်းရှိ  သရဖီကုန်စုံဆိုင်အား သွားရောက်၍ ဆီစာအုပ်ဖြင့် စားအုန်းဆီများရောင်းချခြင်းရှိ/မရှိ ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ  သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ရောင်းချကြောင်း တွေ့ရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးတွင် နောက်နောင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပါမည်ဟု နောက်ဆုံးအကြိမ် ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ                                        

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ကင်မလင်းကျွန်းလမ်းရှိ ဗွေချိန်ခွင် ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

        (၅.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)  နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချသော ကင်မလင်းကျွန်း လမ်းရှိ ဗွေချိန်ခွင် ကုန်စုံဆိုင်အား သွားရောက်၍ ဆီစာအုပ်ဖြင့် စားအုန်းဆီများရောင်းချခြင်းရှိ/မရှိ ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ  သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ရောင်းချကြောင်း တွေ့ရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးတွင် နောက်နောင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပါမည်ဟု နောက်ဆုံးအကြိမ် ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ  

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ အောင်ဧရာဈေးရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

      (၄.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စည်ပင်သာယာရေးအဖွဲ့ ဈေးအရာရှိများနှင့် အတူ အောင်ဧရာဈေးရှိ ကုန်စုံရောင်းချသော  ဒေါ်ခင်အုန်းမြင့် ကုန်စုံအရောင်းဆိုင်သို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများအား   ကွင်းဆင်းစုံစမ်းခဲ့ရာ ကြက်သွန်နီ ဈေးနှုန်းမှာ (၁၆၀၀) ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ်ဈေးနှုန်းမှာ (၂၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) ဈေးနှုန်းမှာ (၁၀၀၀) ကျပ်၊ အာလူး ဈေးနှုန်းမှာ (၈၀၀) ကျပ်၊ ကုလားပဲ ဈေးနှုန်းမှာ (၆၅၀) ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ အောင်ဧရာဈေးရှိ ငါးစိမ်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

       (၄.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စည်ပင်သာယာရေးအဖွဲ့ ဈေးအရာရှိများနှင့် အတူ အောင်ဧရာဈေးရှိ ငါးစိမ်းရောင်းချသော  ဒေါ်ဂျမ်းပုံ ငါးစိမ်းအရောင်းဆိုင်သို့ ငါးဈေးများအား  ကွင်းဆင်းစုံစမ်းခဲ့ရာ ငါးမြစ်ချင်း အကောင်လိုက် တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ခုတ်သား တစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်နှင့်  ငါးကြင်း အကောင်လိုက် တစ်ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ ခုတ်သား တစ်ပိဿာလျှင် (၃၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ အောင်ဧရာဈေးရှိ ကြက်ဥ/ဘဲဥအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     (၄.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စည်ပင်သာယာရေးအဖွဲ့ ဈေးအရာရှိများနှင့် အတူ အောင်ဧရာဈေးရှိ ကြက်ဥ/ဘဲဥ ရောင်းချသော  ဒေါ်ဝေနှင်းဖြိုး ကြက်ဥ/ဘဲဥအရောင်းဆိုင်သို့ ကြက်ဥ/ဘဲဥဈေးအား  ကွင်းဆင်းစုံစမ်းခဲ့ရာ ကြက်ဥ အကြီး(၁) လုံးလျှင် (၄၅၀) ကျပ်၊ အသေး (၁) လုံးလျှင် (၄၀၀) ဖြင့်လည်းကောင်း၊ ဘဲဥ အကြီး (၁) လုံးလျှင် (၅၀၀) ကျပ်၊ အသေး (၁) လုံးလျှင် (၄၅၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ အောင်ဧရာဈေးရှိ အမဲသားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

      (၄.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စည်ပင်သာယာရေးအဖွဲ့ ဈေးအရာရှိများနှင့်အတူ အောင်ဧရာဈေးရှိ အမဲသားရောင်းချသော ဒေါ်ကြူကြူဝင်း အမဲသားဆိုင်သို့ အမဲသားဈေးအား  ကွင်းဆင်းစုံစမ်းခဲ့ရာ အမဲသား အသား တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်နှင့် အသားအရိုးအရော တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

 

           

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ အောင်ဧရာဈေးရှိ ကြက်သားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     (၄.၉.၂၀၂၅) ရက်နေ့၊ နံနက် (:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စည်ပင်သာယာရေးအဖွဲ့ ဈေးအရာရှိများနှင့် အတူ အောင်ဧရာဈေးရှိ ကြက်သားရောင်းချသော ဒေါ်လှလှမော် ကြက်သားဆိုင်သို့ ကြက်သားဈေးအား ကွင်းဆင်းစုံစမ်းခဲ့ရာ (CP) ကြက် အကောင်လိုက် တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ (CP) ကြက် ပေါင်ပိုင်း တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ (CP) ကြက် ရင်ပုံ တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်နှင့် ဗမာ ကြက်ဈေးနှုန်းမှာ အကောင်လိုက် တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ခုတ်သား တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

ရေကြည်မြို့နယ်၊ အ.မ.က ရေတံခွန်ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း‌ဆောင်ရွက်

     (၅.၉.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ.မ.က ရေတံခွန်ကျောင်းအတွင်းသို့ ရေကြည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းမုန့်ဈေးတန်းကြီးကြပ်ရေးကော်မတီဆရာမများနှင့် အတူ အ.မ.က ရေတံခွန်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းသို့ သွားရောက်၍ ကျောင်းမုန့်ဈေးရောင်းချသူများအား တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် ကျောင်းတွင်းရောင်းချသော ကျောင်းမုန့်ဈေးတန်းရောင်းချသူများ လိုက်နာရမည့် စည်းကမ်းချက်များ အသိပညာပေးပြီး၊ ရောင်းချလျက်ရှိသော မုန့်များတွင် ကုန်အညွှန်း အမှတ်အသားပါရှိသော မုန့်များရောင်းချစေရေး၊ သက်တမ်းလွန်မုန့်များ၊ တားမြစ်ထားသောမုန့်များ မရောင်းချရန် စားသုံးသူကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းစေမည့် မုန့်များနှင့် မြန်မာ့ရိုးရာမုန့်များကို ဦးစားပေးရောင်းချရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမင်းဇော်လတ် သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (..၂၀၂၅) ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင်  မော်ကျွန်းမြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှုရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါ သည်။

            ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများကိုစစ်ဆေးခဲ့ရာ ရောင်းချနေသော ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီများမှဝယ်ယူရရှိပြီး ဝယ်ယူသော ပြည်သူများအနေဖြင့် ဆေးဝါးပြတ်လပ်မှု မရှိစေဘဲ မိမိတို့လိုအပ်သောဆေးဝါးများကို အခက်အခဲ မရှိဝယ်ယူ ရရှိနေကြောင်း၊ ဈေးနှုန်းမြင့်တင်ရောင်းချနေခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးသိုလှောင်ထားရှိခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးပစ္စည်းရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

  (  DOCA ဧရာဝတီ)

 

                                         

လပွတ္တာခရိုင်၊ လပွတ္တာမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (..၂၀၂၅) ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင်  လပွတ္တာမြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှုရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါ သည်။

 ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ လပွတ္တာမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများကိုစစ်ဆေးခဲ့ရာ ရောင်းချနေသော ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီများမှဝယ်ယူရရှိပြီး ဝယ်ယူသော ပြည်သူများအနေဖြင့် ဆေးဝါးပြတ်လပ်မှု မရှိစေဘဲ မိမိတို့လိုအပ်သောဆေးဝါးများကို အခက်အခဲ မရှိဝယ်ယူ ရရှိနေကြောင်း၊ ဈေးနှုန်းမြင့်တင်ရောင်းချနေခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးသိုလှောင်ထားရှိခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးပစ္စည်းရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA ဧရာဝတီ)

                                                                                                                                     

                                                                                                                                                                                                                                                                  

 

 

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ