Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့ စားသုံးဆီလက်လီ/လက္ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း နှင့်ဆီစာအုပ်ဖြင့် ရောင်းချထားမှုအခြေအနေများဆွေးနွေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (..၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့ပေါ်ရှိ စားအုန်းဆီ သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချသည့် လက္ကား/လက်လီဆိုင်များသို့ ကွင်းဆင်း၍ ဆီဝယ်ယူခွင့် စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချ နေမှုအား ကွင်းဆင်းစိစစ်ခြင်းနှင့် နေ့လယ်(၁၄:၃၀)တွင် ကုန်ကြီးကျေးရွာ၌ ဆီစာအုပ်ဖြင့် ရောင်းချထားမှုအခြေအနေများအား ပြည်သူများနှင့်တွေ့ဆုံ၍ ဆီစာအုပ်များအားစိစစ်ခြင်းနှင့် ဆက်လက်ရောင်းချမည့်အစီအစဥ်များအား ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ခွဲတမ်းရစားသုံးဆီများ ရောင်းချရာတွင် ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ သတ်မှတ် ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ စိစစ်ဆောင်ရွက်ခဲ့ပြီး၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင် အနေဖြင့်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များ တွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့် အကြောင်း၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင် အတွယ် မှန်ကန်စွာရောင်းချပေးရေး၊ ကုန်ကြီးကျေးရွာ၌ ဆီစာအုပ်ဖြင့် ရောင်းချထားမှုအခြေအနေ များအား ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမှု အခြေအနေများအား မေးမြန်းစိစစ်ခဲ့ကြောင်း သိရှိရပါ သည်။

(DOCA ဧရာဝတီ)

မဲဇလီကုန်းမြို့ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံသည်(၃.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ရှိ “သီရိရတနာ”ဆန်စက်လုပ်ငန်းရှင် ဦးမြင့်ကြိုင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များ ဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ် ရည် ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန် ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကို ဦးစားပေးရောင်းချပေးစေလိုကြောင်း၊  စပါးဝယ်ယူရရှိမှု အခြေအနေ၊ ကြိတ်ခွဲမှုပုံစံ၊ အခြောက်ခံမှု၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေ၊ ရင်းနှီးမြုပ်နှံမှု၊ အကျိုးအမြတ်တို့ကိုဆွေးနွေးခဲ့ပြီး၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လုပ်ငန်းစဉ်များ ဆောင်ရွက်ထား မှု ရှိ/မရှိ၊  လုပ်ငန်းရှင်ဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေးနှုန်း အနိမ့်အမြင့် အပေါ် ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ကျိုက်လတ်မြို့ “သူရိန်လင်း” ဆန်စက်ရှိ လုပ်သားပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

     ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊  စက်တင်ဘာလ (၄) ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် ကျိုက်လတ်မြို့၊ သမက်ပြေ ကျေးရွာရှိ “သူရိန်လင်း”ဆန်စက်ရှိ လုပ်သားပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာ ပေး ဟောပြောခဲ့ပါသည်။

          ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူ ကာကွယ်ရေး နှင့် ပက်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချ ရမှု ရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြု ဆောင်ရွက်ရမည့် အချက်များ၊ စားသုံးသူကာကွယ် ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ စားသုံးသူများ ရွေးချယ်ဝယ်ယူခွင့်နှင့်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည် များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍ ဖြစ်စေ ဖော်ပြထား သော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက  တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိ ကြောင်း၊ Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

 

 

 

 

 

ကျိုက်လတ်မြို့နယ်ရှိ “သူရိန်လင်း” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း

     ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည်၂၀၂၅ခုနှစ်၊  စက်တင်ဘာလ (၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ကျိုက်လတ်မြို့၊ သမက်ပြေကျေးရွာရှိ “သူရိန်လင်း”ဆန်စက်သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် သွားရောက်၍ MSMEsလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါးအရည် အသွေး ပြည့်မီရေး၊အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ၊ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှု ရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မှီစက်ကိရိယာ နည်းစနစ်သစ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ နည်းစနစ်သစ်များ ဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များ ပိုမိုထုတ်လုပ် နိုင်ပြီး ဈေးကွက်စီးပွားရေးစနစ် ကျယ်ပြန့်လာနိုင်ခြင်း၊ အလုပ်သမား မိသားစုများ စားဝတ်နေရေး ပြေလည်နိုင်စေခြင်း၊ စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့ နတ်ချောင်းကျေးရွာ (အ.မ.က) ကျောင်းရှိ ကျောင်းသား/သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ နတ်ချောင်းကျေးရွာ (အ.မ.က) ကျောင်းရှိ ဆရာ/မ၊ ကျောင်းသား/သူ (၁၆၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ကိုဆောင် ရွက်ခဲ့ပါသည်။

          အဆိုပါ ‌ဟောပြောပွဲတွင် ပြန်/ဆက်ဦးစီးဌာနမှ ကလေးများအား စာဖတ်နည်း (၃) နည်းအကြောင်း ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားသုံးရန် မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ ဥပဒေပါဖော်ပြချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ဈေးကွက်အတွင်း မြန်မာ ဘာသာဖြင့် ရေးသားဖော်ပြထားသော အစားအစာများကို ရွေးချယ်ဝယ်ယူစားသောက် ကြရန်နှင့် စားသုံးသူ၏ အခွင့်အရေးများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့နယ် ကျော်စွာသိန်းဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

     စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂.၉.၂၀၂၅) နံနက် (၁၀:၃၀) နာရီအချိန်တွင်  သစ်တိုချောင်းကျေးရွာရှိ ဦးမြင့်သိန်းပိုင် ကျော်စွာသိန်းဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု ဆန်/စပါး အရည်အသွေး ပြည့်မှီရေး၊ အချိန်အတွယ်များ ပြည့်မှီမှန်ကန်မှုရှိစေရေး ၊ ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေ များ တည်ငြိမ်မှုရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မှီစက်ကိရိယာများ တပ်ဆင်ထား ရှိမှု အခြေအနေ၊  နည်းစနစ်သစ်များဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေး နှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထား ရှိမှုအခြေအနေ တို့ကို ကွင်းဆင်းစိစစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့နယ်၌ အိုင်အိုဒင်း ချို့တဲ့မှု ရောဂါ ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား/သူများ၊ မိခင်နှင့်ကလေး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားသော ရောဂါများ ပပျောက်ရေး လှုပ်ရှားမှုကို (၅.၉.၂၀၂၅) နံနက် (၉:၀၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များရှိ ဆားစက်များ၊ ဈေးများ၊ ကုန်စုံဆိုင်များတွင် အိုင်အိုဒင်း ရောင်းချမှု အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင် သာယာရေး အဖွဲ့ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ၊  ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ ရှိ ဆားစက်များ၊ ဈေးများ၊ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော အိမ်သုံးဆားများတွင် အိုင်အိုဒင်းအရည်အသွေးပြည့်မီမှုရှိ/မရှိ စစ်ဆေးခဲ့ကြပြီး အရည်အသွေးပြည့်မီသော ဆားများကိုသာ ရောင်းချရန်၊ အိုင်အိုဒင်းဓာတ်လေလွင့်ဆုံးရှုံးမှုမရှိစေရေး လုံခြုံစွာ ဖုံးအုပ်အသုံးပြုကြရန်တို့ကို အသိပညာပေးဟောပြောခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာနရုံးတွင် စာဖတ်သူ ပြည်သူ(၁၁) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် ပက်သက်၍ တိုင်ကြားနိုင်သည့် နေရာများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 မှတဆင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

မအူပင်ခရိုင် စားအုန်းဆီကိုယ်စားလှယ်များ နှင့် တွေ့ဆုံ၍ ဆွေးနွေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မအူပင် စားအုန်းဆီ လက်လီလက်ကား ကိုယ်စားလှယ်များဖြင့် ၂၉-၈-၂၀၂၅ ရက်နေ့ နေ့လယ် (:၀၀)နာရီအချိန်က ဆီရောင်း ချမှု လုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

    ဆွေးနွေးရာတွင် မအူပင်ခရိုင်မှ ဒုခရိုင်ဦးစီးမှူး ဦးစီးမှူး ဦးအောင်ဇော်ဦးက မိမိတို့ ခရိုင်မှ ကုမ္ပဏီမှ ပေးပို့သော သင်တန်း တက်ရောက်ပြီးသူများ  တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် သင်တန်းတက်ရောက်ရမည်ဖြစ်ပြီး ဆီလက်လီ/လက်ကားကိုယ်စားလှယ်များအနေဖြင့် ပို့ချပေးသော ဆီရောင်းချမှုနှင့်ပတ်သက်သည့် လုပ်ငန်းများ ကို လိုက်နာဆောင်ရွက်နိုင်ရန်ကို မှာကြားဆွေးနွေးပြီး မိမိတို့လုပ်ငန်းများကို စနစ်တကျဆောင်ရွက် ထားနိုင်ရန်ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် အရာထမ်းငယ်ဝန်ထမ်းများနှင့် အခြေခံစာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မာရေးနှင့် ရုံးလုပ်ငန်းကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မာ စေရန် ရည်ရွယ်၍ “အရာထမ်းငယ်ဝန်ထမ်းများနှင့် အခြေခံစာရေးဝန်ထမ်းများ” အခြေခံရုံးလုပ်ငန်းကျွမ်းကျင်ပိုင် နိုင်စွာ လုပ်ကိုင်နိုင်ရေး၊ ဝန်ထမ်းတစ်ဦးချင်းလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ လိုက်နာဆောင်ရွက်နိုင်ရေး ရုံးလုပ်ငန်း ကျမ်းကျင်မှုကို ဆောင်ရွက်နိုင်ရန် မအူပင်ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ၂၈-၈-၂၀၂၅ ရက်နေ့ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ရုံးလုပ်ငန်းကြပ်မတ်ဆောင်ရွက်ရာတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ရာထူးအဆင့်အလိုက် သတ်မှတ်ချက် များနှင့်အညီ လုပ်ငန်းများ ကျွမ်းကျင်ပိုင်နိုင်စွာလုပ်ကိုင်နိုင်ရေး၊ ဥပဒေများအရ ရာထူးဖြင့်အညီ သင့်လျှော်သော လုပ်ငန်းတာဝန်များကို ကြည်ဖြူစွာထမ်းဆောင်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး၊ ဌာနတွင် ရုံးဝန်း သန့်ရှင်းရေး၊ ဌာနနပြင် ရုံးပတ်ဝန်းကျင်သာယာသန့်ရှင်းရေး၊ ဌာနခွဲအလိုက် ဝင်စာထွက်စာများ စနစ်တကျ ဖိုင်တွဲ ထားနိုင်ရေး၊ ရုံးဘီရိုနှင့် စာပွဲများ စနစ်တကျထားရှိရေး၊ ရုံးစာကြည်တိုက်အတွင်း စာအုပ်များ စနစ်တကျ ရေးသွင်းပြီး ဌားရမ်းနိုင်ရေး၊ ကွန်ပြူတာကျွမ်းကျင်ပိုင်နိုင်စွာ စာစီစာရိုက်နိုင်ရေး၊ ဝန်ထမ်းကျင့်ဝတ် အပါး ၃၀၊ နှင့်အညီ လိုက်နာကျင်ကြံ ဆောင်ရွက်နိုင်ရေး၊ ဘာသာတရားပွားများနိုင်စေရန်၊ ဆီမီး၊ရေကြမ်း၊ ပန်းများကပ်လှူ၍ ပရိတ်တရားများ ရွတ်ဖတ်ပူဇော်နိုင်ရေး၊ ဝန်ထမ်းများ ဌာနတွင်း ဆန်းစစ်ချက် မေးခွန်းများ ဖြေဆိုနိုင်ရန်အတွက် မအူပင်ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အပါတ်စဉ် လုပ်ငန်းတစ်ရပ်အနေဖြင့် ဝန်ထမ်းများအား အရည်အသွေးမြင့်မားလာစေရန်အတွက် ကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။

          ဒု-လက်ထောက်ကြီးကြပ်ရေးမှူး(၁)ဦး၊ အငယ်တန်းစာရေး (၄) ဦး၊ အကြီးတန်းစာရေး (၄) ဦး၊ ဒုတိယဦးစီးမှူး  (၅) ဦး နဲ့ ရုံးအကူ (၁) ဦး၊ စုစုပေါင်းသင်တန်းသူ (၁၅) ဦး အား၊ ရုံးလုပ် ငန်းသဘောသဘာဝနဲ့ ရုံးလုပ်ငန်းတာဝန်တွေကို ကောင်းစွာသိရှိနားလည်ပြီး မှန်ကန်မြန်ဆန်စွာနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်ကြစေဖို့ နှင့် စနစ်တကျဖြစ်စေဖို့ကိုလည်းကောင်း၊ ရုံးလုပ်ငန်းသည် ရုံး/လုပ်ငန်း/ဌာနအဖွဲ့အစည်းရဲ့ နေ့စဉ်လုပ်ငန်းများကို စနစ်တကျပြီးမြောက်စေရန် စီမံခန့်ခွဲခြင်းဖြစ်ပြီး သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း၏ ပင်မလုပ်ငန်းများကို အထောက်အကူပြုသော လုပ်ငန်းများဆောင်ရွက်နိုင်ရန်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ