Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့၊ တက္ကသိုလ်ရပ်ရှိ ပန်ပန်းမုန့်တိုက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ၊ (၂၂)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်တွင် မြရိပ်ညို (၁၂)လမ်း၊ တက္ကသိုလ်ရပ်၊ မြိတ်မြို့ရှိ ပန်ပန်းမုန့်တိုက်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေး နွေးခြင်းဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  တွေ့ဆုံဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ ‌ဖော်ပြရ ခြင်းအကြောင်းရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်တို့ကို ရှင်းလင်းခြင်းနှင့် ဘေးအန္တရာယ်ကင်းစေရန်အတွက် သန့်ရှင်းသပ်ရပ်မှုအား အလေးထား ဆောင်ရွက် ရန်၊ ဘေးအန္တရာယ်ကင်းသောထုတ်ကုန်များထုတ်လုပ်ရောင်းချရန်ပြောကြားခဲ့ပြီး မုန့်လုပ်ငန်းဆောင် ရွက်နေမှုအားကြည့်ရှု့စစ်ဆေးပြီး  အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြစ်ငယ်ရပ်၊ မြိတ်မြို့ရှိ မီကိုအမှတ်တံဆိပ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

   မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ အောက် တိုဘာလ(၂၂)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြစ်ငယ်ရပ်၊ မြိတ်မြို့ရှိ မီကိုအမှတ်တံဆိပ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသို့သွားရောက်၍ ရောင်းချလျက်ရှိသော ရေထွက်ကုန် ပစ္စည်းအမျိုးမျိုးအား စျေးကွက်မရောက်မီကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်စသည်တို့ကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်တို့ကို ရှင်း လင်းပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိ

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Yadanarbon Global Network Distribution ကုမ္ပဏီမှ (၁၅.၁၀.၂၀၂၅) ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 8J-3237 တွင် စားအုန်းဆီ ပေပါ (၃၈)နှင့် Global Good Pure Group ကုမ္ပဏီမှ (၁၇.၁၀.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 5S-9017 တွင် စားအုန်းဆီပေပါ (၇၂)တို့သည် (၂၀.၁၀.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပြီး  မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ် ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီများကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွား မည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ဆန်များရောက်ရှိလာ

  မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို ရန်ကုန် နှင့် ဧရာဝတီတိုင်းတို့မှမှာယူလျက်ရှိပြီး(၁၅.၁၀.၂၀၂၅)ရက်နေ့တွင်  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဒေးဒရဲမြို့နယ်မှ ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ဆန်တန်(၁၄၀)၊ အိတ်ရေ (၂၈၀၀) တို့ကို သယ်ယူ၍ (၂၁.၁၀.၂၀၂၅)တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။

    ထိုသို့ရောက်ရှိလာသောရေယာဥ်ကိုမြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက် ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီး ဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့်  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ မြို့မ(၁)ရပ်၊ အလက(၁၀)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး မုန့်စျေးတန်းများအားကွင်းဆင်းစစ်ဆေး

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြိတ် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်နေ့၊ မွန်းလွဲ(၁း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ မြို့မ(၁)ရပ် အလက(၁၀)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့သွား ရောက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမတို့အား ကျန်းမာရေးဆိုင်ရာဗဟုသုတများနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ခြင်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိမုန့်စျေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မိမိဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များပြောကြားပြီး  စားသုံးသူများအတွက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များရှိ ကြောင်းထုတ်ပိုးထားသောအစားအစာဝယ်ယူပါက ကုန်အညွှန်းအမှတ်အသားများကြည့်ရှု့စစ် ဆေးရန်နှင့် နစ်နာမှုရှိပါကတိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သော နည်းလမ်းများနှင့် အချက် အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ရာသီပေါ်ရောဂါများ အကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။ အဆိုပါ အသိပညာပေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမဦးရေ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဘေးအန္တရာကင်းရှင်းစေရန်အတွက်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့မှ  ကျောင်းမုန့်စျေးတန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (တနင်္သာရီ)

“ပွဲတော်အုပ်” လက်ဖက်ငန်းရှင်နှင့် တွေ့ဆုံ

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ “ပွဲတော်အုပ်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် လက်ဖက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

          ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

ပြည်မြို့နယ်အတွင်း တရားမဝင် အလှကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသလို Online Shopping ရောင်းချခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းများကိုလည်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဌာနအနေဖြင့် Online Shopping မှတ်ပုံ တင်ခြင်းလုပ်ငန်းပိုင်ရှင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များ မှန်ကန်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသည့် ခရိုင် FDA ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပြည်မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်ပူးပေါင်း၍ (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် ပြည်မြို့၊ ရွှေကူရပ်ကွက်အတွင်းရှိ Online Shopping ဆိုင်သို့ သွားရောက်၍ အန္တရာယ်ဖြစ်စေနိုင်မည့် တရားမဝင်အလှကုန်၊ လူသုံးကုန်ပစ္စည်းများကို Online media မှ ကြော်ငြာရောင်းချနေမှုများနှင့် ပတ်သက်၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ Online စနစ်ဖြင့် ရောင်းချရာတွင် Online မှတ်ပုံတင်ပြီးမှသာ ရောင်းချပေးရန်နှင့် ဌာနနှင့် အမြန်ဆုံးဆက်သွယ်၍ Online မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် မှာကြားခဲ့ ကြောင်း သိရပါသည်။

DOCA(ပဲခူး)

“ ခရမ်းမြို့နယ်ဈေးကွက်အတွင်းထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ ရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာဈေးအတွင်းနှင့် ဈေးပြင်ပဆိုင်များတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေမှု အခြေအနေကို စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ထိုင်းနိုင်ငံထုတ်ကုန် ပစ္စည်းများရောင်းချသောဆိုင်များနှင့် ဈေးပြင်ပဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် ယခင်ပတ်ဈေးနှုန်း၊ ယခုပတ်ဈေးနှုန်းများ စာရင်းများအား ကောက်ယူ စစ်ဆေးရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းအများစုမှာ ကုန်ပစ္စည်းများ ပြတ်နေပြီး အချို့ကုန် ပစ္စည်းများသည် ဆိုင်ရှိလက်ကျန်ပစ္စည်းများသာ ရောင်းချလျက်ရှိပြီး ဈေးနှုန်းများမှာ ယခင်ပတ် နှင့်ယခုပတ်ဈေးနှုန်း ကွာခြားမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်း (ကွမ်းမိုးဒိန်း)ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ အ.ထ.က(ကွမ်းမိုးဒိန်း) ကျောင်း တွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသောအသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိနှင့်ဘေးအန္တာရာယ်ကင်းရှင်းသောအစားအသောက်များရောင်းချရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊အ.ထ.က (ကွမ်းမိုးဒိန်း)ကျောင်း၊ ကျောင်း အုပ်ဆရာမကြီးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍  အောက်တိုဘာ လ(၁၇)ရက်နေ့၊နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ဒေါ်တင်မိုးခိုင်၊ ဒေါ်သန်းဌေးတို့၏ မုန့်ဆိုင်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုး၊ အသင့် သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားများ (မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန်မုန့်များ ရောင်းချမှုမရှိစေရေးနှင့်သစ်သီးများ လက်သုတ်စုံများတွင် ယင်နားစာများ မဖြစ်စေရေးတို့ကို စစ်ဆေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ က ဈေးဆိုင်ရှင်များအား မိမိတို့ရောင်းချနေသော မုန့်များတွင် ကလေးငယ်များ အန္တရာယ်ဖြစ်စေ နိုင်သော မုန့်များအား ရောင်းချမှုမပြုလုပ်ကြရန်နှင့် သန့်ရှင်းလတ်ဆတ်သော အသီးအနှံများကို သာရောင်းချကြရန်၊ လက်သုတ်စုံများတွင် ယင်မနားစေရေး၊ ဖုံးအုပ်ထားကြရန်တို့ကို အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 “ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းရှိဆေးမျိုးစုံရောင်းချသောဆိုင်များတွင် ဆေးဝါးများရောင်းချမှုအားကွင်းဆင်းစစ်ဆေးခြင်း”

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ စည်ပင်သာယာမြို့မဈေး အတွင်း ဆေးမျိုးစုံရောင်းချနေမှု အခြေအနေများအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့်ပူးပေါင်း၍ အောက်တိုဘာလ(၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ ဇူလိုင်ဆေးဆိုင်၊ ဦးမြဝိုင်း+ ဒေါ်တင်ရွှေဆေးဆိုင်များတွင် ရောင်းချနေသော လူသုံးများပြီး နာတာရှည်ရောဂါသည်များ သောက်သုံးသောဆေးဝါးများဖြစ်သည့် နှလုံးရောဂါဆေး၊ ဆီးချိုဆေး၊ အာရုံကြောဆေး၊ အကိုက် အခဲပျောက်ဆေး၊ သွေးပေါင်ကျဆေး၊ ကျောက်ကပ်ဆေး၊ အသည်းရောဂါဆေးဝါးများ ပစ္စည်း ပြတ်လပ်မှုရှိ/မရှိနှင့် ဆေးဝါးများအား ဝယ်ယူသည့်ကုမ္ပဏီ၊ ဝယ်ယူဈေးနှုန်းပေါ်တွင် အမြတ်% တင်၍ ရောင်းချနေမှု အခြေအနေများ၊ ဆေးဝါးလက်ကျန်ရှိမှု အခြေအနေကို စစ်ဆေးခဲ့ကြပြီး ဆေးဝါးများအား မှတ်ပုံတင်ပြီး ဆေးဝါးများ ရောင်းချကြရန် စံမမှီဆေးဝါးနှင့် FDA မှ သောက် သုံးရန်မသင့် ထုတ်ပြန်ထားသောဆေးဝါးများ၊ တိုင်းရင်းဆေးဝါးများတွင် အနောက်တိုင်းဆေးဝါး များရောနှောထားသော ဆေးဝါးတုများကို ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ထိုသို့သော ဆေးဝါးများအား ရောင်းချခြင်း၊ ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက ဥပဒေ အတိုင်းအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ