Main menu

“ ကော့မှူးမြို့နယ်ရပ်ကွက်များရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေသည့် ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေး ”

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  စားသုံးသူပြည်သူများ သင့်တင့်မျှတသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအတိုင်း ဝယ်ယူသုံးစွဲနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရပ်ကွက် များအတွင်းရှိ ဆန်ဆိုင်များသို့ ဒီဇင်ဘာလ(၁)ရက်နေ့၊ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ အမှတ်၂(၁၁၉) စည်ပင်လမ်းပြည်တော်သာရပ်ကွက်ရှိ ရတနာလွင်ဆန်ဆိုင်၊ အမှတ်(၁၃၅) စည်ပင်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ စန်းသော်တာ ဆန်ဆိုင်များရှိ စီးပွားရေးလုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနမှ ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်လျက်ရှိရာ ဈေးနှုန်းမြှင့်တက်စေရေးနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း မပြုလုပ်ကြရန်နှင့် ဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေတို့အား ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)