Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၈.၉.၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှု ပိဿာတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ရာ သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်အတွင်းရှိ အိမ်ထောင် စု (၃)စုအား မြေပြင်းကွင်းဆင်းစစ်ဆေးခဲ့ပြီး Myanmar Top Nokh Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန်မြို့နယ် အမဲဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

       (၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ မင်္ဂလာတောင်ညွန်မြို့နယ်၊ အမဲဈေးရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် မင်္ဂလာတောင်ညွန်မြို့နယ်၊ အမဲဈေးရှိ စားအုန်းဆီ အရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူ ပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်းမှန်ကန်စွာချိန်တွယ်ပေးပါကြောင်း လက်ကျန်များမထားရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

တာမွေမြို့နယ်၊ Orange Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ တာမွေမြို့နယ်၊ Orange Mart သို့ (၆-၉-၂၀၂၅) ရက်နေ့၊ နံနက်  (၁၁:၃၀) နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် တာမွေမြို့နယ်၊ Orange Mart များတွင် ရောင်းချလျက်ရှိသော ယိုးဒယားနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေပြည်သူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၉.၉.၂၀၂၅)ရက်နေ့ မွန်းလွှဲ(၃:၀၀)အချိန်တွင်မော်ကျွန်းမြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေပြည်သူများအား စားသုံးသူအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည် ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးတွင် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံးသူများ နစ်နာမှုရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပြီး  ထိုဟောပြောပွဲသို့ ပြည်သူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ မြို့ပတ်လမ်းရှိပြည်သူများအား စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၀.၉.၂၀၂၅)ရက်နေ့၊နေ့လည်(၂:၃၀)အချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ မြို့ပတ်လမ်းရှိပြည်သူများအား စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည် ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံး သူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေး ရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင်  လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံး သူများနစ်နာမှုရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပြီး  ထိုဟောပြောပွဲသို့ ပြည်သူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်၊ ကူးတို့ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော Good Choice ဟင်းသီးဟင်းရွက်ဆီသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၀.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀;၀၀)နာရီက မြောင်းမြမြို့နယ်၊ ကူးတို့ဈေး အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော good choice ဟင်းသီးဟင်းရွက်ဆီသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် တာဝန်ခံမှကူးတို့ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင် များ တွင်  ရောင်းချနေသော good choice ဟင်းသီးဟင်းရွက်ဆီသန့်ဘူးများတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း ၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁၊ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြား ချက် များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှု ရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ  စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊မော်ကျွန်းမြို့နယ်၊ဆိပ်ကမ်းသာဈေးအတွင်းရှိကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော duck ဟင်းသီး ဟင်းရွက်ဆီသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် သည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၈.၅.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃;၀၀)နာရီက မော်ကျွန်းမြို့နယ်၊ ဆိပ်ကမ်းသာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော duck ဟင်းသီးဟင်းရွက်ဆီ သန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ ဆိပ်ကမ်းသာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော duck ဟင်းသီးဟင်ရွက်ဆီသန့်ဘူးများတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁၊ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြ ရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော် ပြချက်၊ ပြည့်စုံမှု ရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ  စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော Goody ဟင်းသီဟင်းရွက်ဆီသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၉.၉.၂၀၂၅)ရက်နေ့ နေ့လည်(၂;၀၀)နာရီက အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်မျိုးစုံဆိုင်များ တွင်ရောင်းချနေသော   goody ဟင်းသီဟင်းရွက်ဆီသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံ ခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းးဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှအိမ်မဲမြို့နယ် ၊အိမ်မဲကြီးရပ်ကွက် အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော  Goody ဟင်းသီဟင်းရွက်ဆီသန့်ဘူးများတွင် ကုန်ညွှန်း အမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ပြည့်စုံမှုရှိ /မရှိ အားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နိဗ္ဗာန်လမ်းအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော duck, ‌ဟင်းသီးဟင်ရွက်ဆီသန့်စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၇.၉.၂၀၂၅)ရက်နေ့ ၊နေ့လည်(၁၂:၀၀)နာရီက လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်၊နိဗ္ဗာန်လမ်းအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောduck,မေမေကြီး မြေပဲဆီသန့် စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်း  ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၁)ရပ်ကွက် နိဗ္ဗာန်လမ်း အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောduck, မေမေကြီး မြေပဲဆီသန့်စားသုံးဆီဘူးများတွင် ကုန်ညွှန်း အမှတ်အသားဖော်ပြခြင်းပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြား ချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက် စောင့်ကြည့် စစ်ဆေး မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော duck, Goody ဟင်းသီးဟင်းရွက်ဆီသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၈.၉.၂၀၂၅)ရက်နေ့၊မွန်လွှဲ(၃;၀၀)နာရီက ဝါးခယ်မမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော duck,goody ဟင်းသီးဟင်းရွက် ဆီသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင် များတွင်ရောင်းချနေသော duck, Goody ဟင်းသီးဟင်းရွက်ဆီသန့်ဘူးများတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ  ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ