Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် တောင်သူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၉.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင်တောင်သူများအား စားသုံးသူအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ တောင်သူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်  ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၇.၉.၂၀၂၅)ရက်နေ့နံနက်(၁၁:၀၀)အချိန်တွင် အိမ်မဲမြိုနယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း၊ ဈေးနှုန်း ဗီနိုင်းချိတ်ဆွဲထားခြင်းများ ရှိ/မရှိကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ မြို့မဈေးတွင်းရှိ လက်လီ/ လက္ကား ရောင်းချနေသောစားအုန်းဆီဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေခြင်း ရှိ/မရှိ စားသုံးပြည်သူ များမြင်သာအောင် သတ်မှတ်ရည်ညွှန်းဈေးကို ဗီနိုင်းဖြင့်ချိတ်ဆွဲထားခြင်း ရှိ/မရှိစစ်ဆေးပြီး ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်း များမရှိစေရေး၊အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထားသည့်စည်းမျဉ်း  စည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီ လက်လီ/ လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်း ကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအားသက်သာသော ဈေးနှုန်းများဖြင့်ရောင်းချ ပေးရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားရှိခြင်းများစစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီ ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် ရွေးနဒီဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၇.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင်လပွတ္တာမြို့ရွေးနဒီဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား သတ်မှတ် ရည်ညွှန်း ဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း၊ ဈေးနှုန်းဗီနိုင်းချိတ်ဆွဲထားခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့ရွေးနဒီဈေးရှိ လက်လီ/လက္ကား ရောင်းချနေသော စားအုန်းဆီဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေခြင်း  ရှိ/မရှိ စားသုံးပြည်သူများမြင်သာအောင် သတ်မှတ်ရည်ညွှန်းဈေးကိုဗီနိုင်းဖြင့် ချိတ်ဆွဲထားခြင်း ရှိ/မရှိစစ်ဆေးပြီး ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း များမရှိစေရေး၊အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထားသည့်စည်းမျဉ်း စည်းကမ်း များနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီ လက်လီ/ လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ် နေသောစားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များ အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသော ဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် (၄)ရပ်ကွက်နှင့်(၆)ရပ်ကွက်တွင် ရောင်းချနေသော အသင့်သောက် ကော်ဖီထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၉.၉.၂၀၂၅) ရက်နေ့ နေ့လည် (၁:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် (၄) ရပ်ကွက်နှင့်(၆)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ တွင်ရောင်းချနေသောအသင့်သောက်ကော်ဖီထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။  

   ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ် (၄)ရပ်ကွက် နှင့် (၆)ရပ်ကွက်တို့ရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များတွင်  Sunday, Premier, Super, Platinum, Happy စသည့် အသင့်သောက် ကော်ဖီထုပ်များအားစားသုံးပြည်သူများအပေါ် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ် ဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများ ကိုသာ ရောင်းချကြရန် ကုန်မျိုးစုံ ဆိုင်ပိုင်ရှင်များအား အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်တွင် ရောင်းချနေသော အသင့်သောက် ကော်ဖီထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၉.၉.၂၀၂၅) ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန်တွင် ဈေးရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအသင့် သောက်ကော်ဖီထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။  

  ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မြို့နယ်တာဝန်ခံမှ ဈေးရပ်ကွက်ရှိ     ကုန်မျိုးစုံရောင်းချ နေသော ဦးကုလားကြီး၊ ဦးဝင်းထွန်းနိုင်နှင့် ဒေါ်စန္ဒာဝင်းတို့၏ဆိုင်များတွင်      Sunday, Premier, Super, Platinum, Happy စသည့်အသင့်သောက်ကော်ဖီထုပ်များအား စားသုံးပြည်သူများအပေါ် ဈေးနှုန်းမြင့် တင်ရောင်းချခြင်း မပြုကြရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား အသိပေးစစ်ဆေး ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိမုန့်ဟင်းခါးဖတ်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်   ဝန်ထမ်းများသည် (၉.၉.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၁)ရပ်ကွက်ရှိ မုန့်ဟင်းခါး ဖတ်လုပ်ငန်းတွင် ထုတ်လုပ်လျက်ရှိသော မုန့်ဟင်းခါးဖတ်များအားကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် မုန့်ဟင်းခါးဖတ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အောင်သပြေဈေးရှိကုန်မျိုးဆိုင်များတွင် ရောင်းချနေသော ဟင်းချက်အမွေးအကြိုင်များတွင် ကုန်အညွှန်းပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုး သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၈.၉.၂၀၂၅)ရက်နေ့၊ နေ့လည်(၁;၃၀)နာရီအချိန်တွင် အောင်သပြေဈေးရှိ ကုန်မျိုးဆိုင်များတွင် ရောင်းချနေသော ဟင်းချက်အမွေးအကြိုင်များတွင် ကုန်အညွှန်းပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ အောင်သပြေဈေးရှိကုန်မျိုးဆိုင်များ တွင်ရောင်းချနေသော ကုလားလေး(မဆလာ)၊ မြန်မာရနံ့(ငရုတ်ကောင်း)ဟင်းချက်အမွှေးအကြိုင် ကုန်ပစ္စည်း များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်း ချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျည်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်စည်အမျိုး အစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စည်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအားကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းသည် (၈.၅.၂၀၂၅)ရက်နေ့၊ နေ့လည်(၁;၀၀) မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ စားသောက်ဆိုင်များအား ကွင်ဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှဆိုင်ရှင်များနှင့်တွေ့ဆုံ၍  စားသောက်ဆိုင်များ သန့်ရှင်းကောင်းမွန်ရေး၊ ဝန်ဆောင်မှုကဏ္ဍများကို စားသုံးသူများအား ပွင့်လင်းမြင်သာစွာချပြပေးရန်၊ စားသောက်ဖွယ်ရာများ၏ အရွယ် အစားအလိုက်ဈေးနှုန်းများအား သိသာထင်ရှားစွာဖော်ပြထားရှိရေးတို့အား အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် ဆားကျင်းအုပ်စုထင်းစုကျေးရွာဖြိုးဓနဆန်စက်အား ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံမြို့နယ် ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၉.၆.၂၀၂၅)ရက်နေ့၊ နေ့လည်(၁;၀၀)အချိန်တွင် လပွတ္တာမြို့နယ် ဆားကျင်းအုပ်စု ထင်းစုကျေးရွာရှိ ဖြိုးဓနဆန်စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ ဆားကျင်းအုပ်စုထင်းစု ကျေးရွာဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမူအခြေအနေများ၊ ဈေးနှုန်းအခြေအနေများ၊ ဆန်စပါး ကြိတ်ခွဲမူအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မူအဆင့်ဆင့်ကို စစ်ဆေးကြည့်ရှု့ခဲ့ပြီးနောက် SMEလုပ်ငန်းဖွံ့ဖြိုးမှု့အတွက် ထုတ်လုပ်လျက်ရှိသော ဆန်စက်မှကြိတ်ခွဲထွက်ရှိလာသော ဆန်များကိုထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေး၊ ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် အရည်အသွေးမီသော ဆန်များရရှိရေးအတွက် စက်ရုံ၊အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျသိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိကုန်မျိုးဆိုင်များတွင် ရောင်းချနေသော ဟင်းချက်အမွေးအကြိုင်များတွင် ကုန်အညွှန်းပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၈.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၁;၃၀)နာရီအချိန်တွင် အမှတ်(၆)ရပ်ကွက် ရှိကုန်မျိုးဆိုင်များတွင် ရောင်းချနေသော ဟင်းချက်အမွေးအကြိုင်များတွင် ကုန်အညွှန်းပြည့်စုံမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၆)ရပ်ကွက်ရှိကုန်မျိုးဆိုင်များ တွင်ရောင်းချနေသော ကုလားလေး(မဆလာ)၊ (ခနော)ဟင်းချက်အမွှေးအကြိုင် ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံ ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျည်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်စည်အမျိုး အစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စည်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ