Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကော့သောင်းမြို့နယ် ဆက်သွယ်ရေးဝန်‌ဆောင်မှုကဏ္ဍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် ကော့သောင်းခရိုင်ဦး စီးမှူးရုံးမှ ဝန်ထမ်းမျာသည် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဦးစား ပေး စစ်ဆေးရမည့် ဝန်‌ဆောင်မှုကဏ္ဍအနေဖြင့် စားသုံးသူ နစ်နာမှုမရှိစေရေးအတွက် Mytel အင် တာနက် ဝန်ဆောင်မှုအား မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့် Mytel ဆက်သွယ်ရေး အော်ပ‌ရေတာရုံးခွဲသို့ စစ်ဆေးရာတွင် ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်၊ စားသုံးသူများ အင်တာနက်ဝန်ဆောင်မှု သုံးစွဲရာတွင် အရည်အသွေးပြည့်မီသည့် အင်တာနက်ဝန်ဆောင်မှုရရှိစေရေး၊ စားသုံးသူပြည်သူများထိခိုက်နစ်နာမှု မရှိစေရေးကို Mytel အင်တာဝန်ဆောင်မှုနှုန်းထားများအား အများပြည်သူလွယ်ကူစွာသိရှိနိုင်အောင်ဆောင်ရွက်စေ ရေး၊ ဆက်သွယ်ရေးကုမ္ပဏီများမှ အင်တာနက်ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး လိုအပ်သည့် သ တင်းအချက်အလက်ပြည့်စုံမှန်ကန်စွာ စားသုံးသူများကြိုတင်ရှင်းလင်း အသိပေးဆောင်ရွက်စေ ရေး စားသုံးသူမှ အင်တာနက်ဝန်ဆောင်မှု သုံးစွဲရာတွင် စားသုံးသူအခွင့်အရေးတရပ်အနေဖြင့် အ ခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်သည့်အကြောင်း၊ စီးပွားရေး လုပ်ငန်းမှလည်း ကျင့်ဝတ်နှင့်အညီ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အသိပညာပေး ခြင်း ဆက်သွယ်ရေးဝန်ဆောင်မှု ကဏ္ဍအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ သည့်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှဆေးနှင့်ဆေးပစ္စည်းများလက်ကားဈေးအပေါ်ပိုမိုအမြတ်တင်ရောင်းချမှုမရှိစေရေးဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ၁၁ ရက်နေ့၊ နေ့လယ် ၂း၀၀ နာရီအချိန်တွင်  တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း မှ EC/CEC များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဆေးနှင့်ဆေးပစ္စည်းများ လက်ကားဈေးအပေါ် ပိုမိုအမြတ်တင်ရောင်းချမှုမရှိစေရေး၊ စျေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုများ ရှိ/မရှိ စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသော လုပ်ငန်းရှင်များမှ ကြုံတွေ့နေရသည့်အခက်အခဲများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း ဆောင်ရွက်ခဲ့ကာ တွေ့ဆုံပွဲအား ၁၅း၀၀ နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ထူးထူးတိုးဆိပ်ကမ်းသို့ ဆန်အိတ်များရောက်ရှိ

      ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊  ၁၃း၃၀ နာရီအချိန်တွင် မြိတ်မြို့မှ ထားဝယ်မြို့ ရှိ ထူးထူးတိုးဆိပ်ကမ်းသို့ ရောက်ရှိလာသော အောင်မြတ်တိုး(၁) စက်လှေဖြင့် တင်ပို့သော ၁၂ ပြည်ပါ ဆန်အိတ် ၀၀၀ အိတ်တို့ကို စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများက သက်ဆိုင်ရာပူးပေါင်း အဖွဲ့များဖြစ်သော အကောက်အခွန်ဦးစီးဌာန၊ မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့၊ ရေကြောင်းရဲ တပ်ဖွဲ့၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနတို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိဆေးဆိုင်များတွင်  ဆေးဝါးများပြတ်လပ်မှု ရှိ/မရှိ စစ်ဆေးခြင်း

      ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊  ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဖြင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးများပြတ်လပ်မှု ရှိ/မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများ လက်ကားဈေးအပေါ် ပိုမိုအမြတ်တင်ရောင်းချမှုမရှိစေရေး ဆေးစျေးနှုန်း များ မြှင့်တင်ရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီMC (11/2025-2026) အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meeting ဖြင့်တက်ရောက်

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ MC(11/2025-2026)အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

     ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ MC အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ် (၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီး မှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့တွင်  မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ အားမာန်သစ်စက်သုံးဆီအရောင်းဆိုင်နှင့် ကလွင်ကျေးရွာအုပ်စု၊ Divine Energy စက်သုံးဆီအရောင်းဆိုင်တို့အားသွားရောက်၍ စက်သုံးဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စက်သုံးဆီရောင်းချမှုနှင့် ပတ်သက်၍တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

   တွေ့ဆုံဆွေးနွေးရာတွင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်းရောင်းချရန်၊ သတ်မှတ်လီတာအတိုင်းပြည့်မှီအောင်ရောင်းချရန်၊ စားသုံးသူနစ်နာမှုမဖြစ်စေရေး အရည်အသွေးပြည့်မှီစွာရောင်းချရန်နှင့် သက်ဆိုင်ရာဦးစီးဌာနများ၏ လမ်းညွှန်ချက်များအတိုင် လိုက်နာဆောင် ရွက်ရန်ပြောကြားခဲ့ပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ဇေယျာသီရိ(၁)ရပ်တွင် အခြေခံစားသောက်ကုန်များရောင်းချ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၏အစီအစဉ်ဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၇း၀၀)အချိန်တွင် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ဇေယျာသီရိ(၁)ရပ်၊ ချမ်းသာလမ်း၊ မီးသတ်ဓမ္မာရုံရှေ့တွင် ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ‌ရောင်းချခဲ့ကြောင်း သိရှိရပါသည်။ အခြေခံစားကုန်များရောင်းချရာတွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ ကုလားပဲ၊ချဉ်ပေါင်ရွက်၊ ဆား စသည်တို့ပါဝင်ပြီး ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

ဖျာပုံမြို့နယ်၊ အ.မ.က ( ၂ )လိပ်ဉကုန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖျာပုံမြို့နယ် ကျမ်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ် အ.မ.က (၄)လိပ်ဥကုန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ကုန်အညွှန်းအမှတ် အသား ဖော်ပြချက်များဆိုင်ရာနှင့် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ဥပဒေပုဒ်မ (၂၆)အရ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့် ဖော်ပြရမည့် အာမခံချက်များနှင့် စားသုံးရန်မသင့်သည့် အစားအစာများကို ကျောင်းသား/ကျောင်းသူတို့အား အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ဖျာပုံမြို့နယ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပစ္စည်းပြက်လပ်မှုရှိ/ မရှိအခြေအနေများ၊ Apacheတံဆိပ် ဘိလပ်မြေတစ်အိပ်လျှင် (၂၃၀၀၀)ကျပ်၊ Alphaတံဆိပ် ဘိလပ်မြေတစ်အိပ်လျှင် (၂၅၀၀၀)ကျပ်ဖြင့်  ရောင်းချနေကြောင်းသိရှိရပြီး ယခင်အပတ် ဖြင့်နှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းများမှာ သိသိသာသာ ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်မှ မြိတ်မြို့သို့ MV-သန်းတိုးအောင် ရေယာဉ်မှ ဧည့်မထဆန်/ ပေါ်ဆန်းဆန်တင်ပို့နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သည် ဆန်/စပါးအား အဓိကစိုက်ပျိုး ထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်တင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့၊ ညနေ (၁၇:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ် သလိပ်ကလေး ကျေးရွာ ရွှေပြည်မိုးဆန်စက်ဆိပ်ကမ်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲ တပ်ဖွဲ့၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လဝက ဦးစီးဌာန၊ ပြည်တွင်းရေကြောင်းဦးစီးဌာန၊ မြိုနယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်  မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့တို့ပူးပေါင်း၍ MV-သန်းတိုးအောင်ရေယာဉ်တွင် ဧည့်မထ (၃၇၀၀)အိတ်၊ ပေါ်ဆန်း(၃၀၀)အိတ်တင်ဆောင်ထားရှိမှု၊ ရေယာဉ်ကြံ့ခိုင်မှုနှင့် လိုအပ်သည့်စစ်ဆေး မှုများဆောင် ရွက်ခြင်း၊ ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း မရှိစေရေးနှင့် တရားဥပဒေနှင့်အညီ ညီညွတ်မှုမရှိသည့်ကိစ္စရပ်များဖြစ်ပွားမှုမရှိစေရေးတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ပြီး လိုအပ်ချက်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ