
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် နံနက် ၁၁:၀၀နာရီအချိန်တွင် တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် တို့သည် ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာရှိ “တက်နေဝန်း”စက်သုံးဆီအရောင်းဆိုင်အား အထူးဈေး ကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စားသုံးသူများလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များကို ပုံမှန်ဖွင့်လှစ် ရောင်းချပေးရန်ပြောကြားခဲ့ပြီး စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
