
ဈေးကွက်အတွင်းထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းမူမြို့နယ်တာဝန်ခံသည် ၁၉.၁.၂၀၂၆ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန်တွင် မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာရှိ “Seven Dragon” ရေသန့်စက်ရုံ ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။
“Seven Dragon” သောက်ရေသန့်လုပ်ငန်းရှင် ဦးလှမျိုးမောင်နှင့်တွေ့ဆုံပြီး စားသုံးသူရေးရာ ဦးစီးဌာန၏ (၂/၂၀၁၉)ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်စိစစ်ရာ ရေသန့်မှာ ညွှန်ကြားချက်နှင့်အညီကိုက်ညီမှုရှိကြောင်း၊ FDA ထောက်ခံချက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းတို့ထုတ်လုပ်သောကုန်စည်များ၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့်စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်သားဆိုင်ရာပြဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
