Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေကြည်မြို့နယ်ရှိ စားသောက်ထုတ်ကုန်လုပ်ငန်းရှင်များအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      (၂၅.၁၁.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်ရှိ မိုးဆက်ငှက်ပျော်ကြော်အလုပ်ရုံသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်မရောက်မီ ကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ စစ်ဆေးရာတွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများကြောင့် ထိခိုက်နစ်နာမှုမရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရန် လုပ်ငန်းဆောင်ရွက်ရာတွင် သန့်ရှင်းသပ်ရပ်စွာဆောင်ရွက် ထားရှိစေရန်အတွက် မိုးဆက်ငှက်ပျောကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသော ဒေါ်ညိုညိုမာကုန်စုံဆိုင်အား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသော ဒေါ်ညိုညိုမာ ကုန်စုံဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ဗွီနိုင်းချိတ်ဆွဲထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ ငပုတောမြို့မဈေးအတွင်းရှိ လက်လီ/ လက္ကားရောင်းချနေသော ဒေါ်ညိုညိုမာကုန်စုံဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်း၊ ဗွီနိုင်းချိတ်ဆွဲထားရှိခြင်း ရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရန်၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာ ရောင်းချရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ နေ့စဉ်အလိုက် ဈေးနှုန်းနှင့်ရောင်းချသည့်ပိဿာချိန်အရေအတွက်အား ဗွီနိုင်းဖြင့် အများပြည်သူမြင်သာအောင် ချိတ်ဆွဲရောင်းချရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင် ဒေါ်ညိုညိုမာအားစားအုန်းဆီ လက်လီ/ လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင် အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင် ဒေါ်ညိုညိုမာအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင် ငပုတောမြို့နယ်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းအား (၂၆.၁၁.၂၀၂၅)ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံနှင့်  မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့ သွားရောက်တွေ့ဆုံ၍ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဝယ်ယူရရှိနိုင်ရန်အတွက် ကိုယ်စားလှယ်များအား အပတ်စဉ်ရောင်းချပေးနိုင်ပါရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီကိုယ်စားလှယ်များအား မိမိတို့အနေဖြင့် စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းများဖြင့် စားအုန်းဆီများကို ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့်ရောင်းချပေးနိုင်ပါရန် ဆွေးနွေးပြောကြားခဲ့ပါသည်။  မိမိတို့ရောင်းချနေသော ဆိုင်များတွင်လည်း  ခွဲတမ်းရရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဗွီနိုင်းချိတ်ဆွဲထားရှိကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်  စားအုန်းဆီကိုယ်စားလှယ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဖျာပုံမြို့နယ်ရှိ မုန့်ဖတ်လုပ်ငန်းများသို့ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်(၂၅.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် FDA၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်အတွင်းရှိ မုန့်ဖတ်လုပ်ငန်းများသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          စားသုံးသူရေးရာဦးစီး ဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် “ဖော်မလင်” ကဲ့သို့သော ဓာတုဆေးဝါးများ အသုံးမပြုစေရေး၊ စားသုံးသူထိခိုက်နစ်နာမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော ဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်နိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး FDA မှ မုန့်ဖတ်ထုတ်လုပ်သည့် ကုန်ကြမ်း၊ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ထွက်ရှိလာသော မုန့်ဖတ်များတွင် ကြာရှည်ခံဆိုးဆေးများ ပါဝင်မှုရှိ/ မရှိ၊ ဓာတ်ခွဲစမ်းသပ်ခဲ့ကြောင်း ကွင်းဆင်းစိစစ်မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်တွင် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် FDA ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန ဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါ စစ်ဆေးရာတွင် လက်ရှိဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးပစ္စည်းများတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံမှု ရှိ/မရှိနှင့် တရားဝင် မှတ်ပုံတင်ထားသော ဆေးဝါးများရောင်းချရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုကြရန်၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဆေးဝါးများအား ဝယ်ယူစုဆောင်းသိုလှောင်မှုမရှိဘဲ လိုအပ်သည့်ဆေးဝါးများကို အပတ်စဉ် ဝယ်ယူရောင်းချလျက်ရှိပါသည်။ အဖွဲ့အနေဖြင့်လည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ ဝယ်ယူစုဆောင်း သိုလှောင်ခြင်းများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့မှ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်မာ့လက်မှုငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်းဥက္ကဌနှင့်တွေ့ဆုံ

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း () ဦးတို့သည် နိုဝင်ဘာလ ၂၈ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်ရှိ စစ်ကိုင်းမြို့နယ် မြန်မာ့လက်မှုငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးထွန်းထွန်းနှင့် တွေ့ဆုံခဲ့ပါသည်။

      စစ်ကိုင်းမြို့နယ်တွင် မိရိုးဖလာလက်ဆင့်ကမ်းအမွေအဖြစ် ဆွေစဥ်မျိုးဆက် ငွေထည်ကြေးထည်လုပ်ငန်းကို လုပ်ကိုင်လျှက်ရှိရာ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူပေါင်း(၂၅၀) ဦးခန့်ရှိသဖြင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဦးဆောင်၍ စစ်ကိုင်းမြို့နယ်မြန်မာ့လက်မှုငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့က အလုပ်အမှုဆောင်(၂၁)ဦး၊ အသင်းသား(၆၀)ဦး ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကုန်ချောပစ္စည်းများကို ရန်ကုန်၊ မန္တလေးနှင့်တောင်ကြီး စသည့်မြို့ကြီး များသို့ရောင်းချသည့်အပြင် ပြည်တွင်းတွင်ကျင်းပခဲ့သည့် အိန္ဒိယ-မြန်မာ ကုန်စည်ပြပွဲများ ပြုလုပ်ခဲ့သည့် အကျိုကျေးဇူးကြောင့် အိန္ဒိယနိုင်ငံမှ အမှာစာများဖြင့် မှာယူဝယ်ယူမှုများ လည်းရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ “စစ်ကိုင်း” မုန့်တိုက်သို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် မိမိတို့ဒေသတွင်းရှိ လုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသော ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ  ဖော်ပြနိုင်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏  ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ ထုတ်လုပ်ခြင်း၊ တင်သွင်း ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ဇေယျာလမ်းရှိ “စစ်ကိုင်း”မုန့်တိုက်သို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      “စစ်ကိုင်း”မုန့်တိုက်မှ ထုတ်လုပ်သည့် “နံကထိုင်”၁၀ကျပ်သား ကုန်စည်အမျိုးအစားအား စစ်ဆေးခဲ့ရာ ထိုကုန်စည်၏ ထုပ်ပိုးမှုပေါ်တွင် အမှတ်တံဆိပ်၊ အသားတင်အလေးချိန်၊ ထားသိုပုံအညွှန်း၊ သုံးစွဲပုံအညွှန်း၊ ဓါတ်မတည့်မှုများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား၍ (၂/၂၀၁၉)ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း  စိစစ်တွေ့ရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက် များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးအသိပညာပေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည်  ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ မင်္ဂလာဖေမြင့်ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535 လိုင်းခွဲ()နေပြည်တော်၊ လိုင်းခွဲ()ရန်ကုန်၊ လိုင်းခွဲ()မန္တလေးသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ ဆန်တန်ချိန်(၂၅) တန်အထက် စပါးတင်း(၂၅၀၀)အထက်သိုလှောင်ပါက myroတွင်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ပြီးသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ်ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာ ဆောင်ရွက် ကြရန်အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆန်ရွေးစက်လုပ်ငန်းအား တွေ့ဆုံဆွေးနွေးအသိပညာပေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂၄.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည်  ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ မြတ်သင်းကြည်ဆန်ရွေးစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535လိုင်းခွဲ()နေပြည်တော်၊ လိုင်းခွဲ()ရန်ကုန်၊ လိုင်းခွဲ()မန္တလေးသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ ဆန်တန်ချိန်(၂၅) တန်အထက် စပါးတင်း(၂၅၀၀)အထက်သိုလှောင်ပါက myroတွင်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ပြီးသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ်ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Updateပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာ ဆောင်ရွက် ကြရန်အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Dumex Dupro အမှတ်တံဆိပ်နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  (၁၇.၁၁. ၂၀၂၅) ရက်နေ့ နေ့လယ်  (၁၃:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား ဈေးကွက် စောင်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက ဈေးကွက်ထဲတွင် Dumex Dugro မှတ်တံစိပ်နှင့် အလားတူပုံစံအတုများထွက်ရှိနေသဖြင့် ကွင်းဆင်းရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဌာနခွဲ တာဝန်ခံက Dumex Dugro အစစ်နှင့်အတု ခွဲခြားသိနိုင်မည့်အချက်များအကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ