
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်၊ ဒု-ဦးစီးမှူးသည် (၁၀.၃.၂၀၂၆)ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အုတ်တွင်းမြို့နယ်ရှိ ဆန် လက်လီ/လက်ကားရောင်းချပေးနေသော ဦးမြင့်ဦးဆန်ဆိုင်၊ ပဲခူးလမ်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ဒေသအလိုက်ဆန်များ ဖူလုံမှုရှိ/မရှိနှင့် ဆန်စပါးဈေးကွက်ဈေးနှုန်းသည် တည်ငြိမ် မှန်ကန်စေရေး ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း နှင့်စီးဝင်စီးထွက်နေမှုအခြေအနေများ ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး လက်လီလက်ကား ဆန်ဆိုင် ဦးမြင့်ဦးနှင့်တွေ့ဆုံခဲ့ပါသည်။ မြို့နယ်တာဝန်ခံသည် အဆိုပါဆန်ဆိုင်ပိုင်ရှင်များက ဆန်များအား ဆန်စက်များမှ သယ်ယူ၍ဒေသတွင်း၌သာရောင်းချခြင်းဖြစ်ကြောင်း၊ ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း၊ ဖျာပုံ ပေါ်ဆန်း၊ ဗျော့ထွန်း၊ ဆင်းသုခများကို သတ်မှတ်နှုန်းထားများနှင့်ရောင်းချပြီး ဈေးနှုန်းမြှင့်တင်မှု မရှိကြောင်း၊ ရည်ညွှန်းဈေးများအပေါ် ၈ ရာခိုင်နှုန်းထက်ပို၍ရောင်းချခြင်းမပြုကြောင်း၊ စားသုံးသူ ပြည်သူများထံသို့ ဈေးနှုန်းမှန်ကန်မှုနှင့်ပြည်ချိန်မှန်ကန်မှုဖြင့် ရောင်းချနေကြောင်းသိရသည်။
ဆန်စက်များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသတွင်းစားသုံးဖူလုံရေးအတွက် ဆန် စီးဝင်/စီးထွက်မှုများကို မြို့နယ်တာဝန်ခံသို့တင်ပြ၍ညှိနှိုင်းသင့်ကြောင်း၊ စားသုံးသူများနစ်နာ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရန်နှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ ဆန် ဈေးနှုန်းများအနေဖြင့် နိုင်ငံတကာဈေးကွက်အခြေအနေများနှင့်နိုင်ငံတကာဈေးနှုန်းများ၊နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒများအပေါ်မူတည်၍ပြောင်းလဲခြင်းဖြစ်ပေါ်နိုင်ကြောင်းလည်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
DOCA(ပဲခူး)
