Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်၍ အသိပညာပေးဟောပြော

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦး တို့သည် (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်  (၁း၀၀) အချိန်ခန့်တွင် ဝန်ဆောင်မှုကဏ္ဍ (၃)ရပ်နှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန်ဆောင်မှု၊  (အင်တာနက်) ဝန်ဆောင်မှု နှင့်ပတ်သက်၍  စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ  ZETTNE X -NET  internet လုပ်ငန်းရှင်တို့အား သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာ ပေးဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ဌာနခွဲတာဝန်ခံမှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ    ညွှန်ကြားထားသည့် အချက် (၁၁) ချက် အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရသည့် လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် ပတ်သက်သည့်အချက်(၅)ချက်အား ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မုံရွာခရိုင်ဦးစီးမှူးရုံးမှ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီရောင်းချနေမှုအား  ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မျိုးဇော်ထွန်း(ဆီဆိုင်) အရောင်းဆိုင်များမှ စားအုန်းဆီတစ် ပိဿာ (၇၅၀၀) ကျပ်၊ လူတစ်ဦးလျှင် (၁) ပိဿာ နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ ရောင်းချရာတွင် စားအုန်းဆီများကို အလေးချိန် ပြည့်မှီစွာ ရောင်းချပေးရန်၊ မိမိတို့ ခွဲတမ်းရရှိသည့် အတိုင်း အားလုံး ရောင်းချပေးရန်၊ အသိပေးပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊  ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းပြု လုပ်ပါက ဥပဒေအရအရေးယူခံ ရနိုင်ကြောင်းနှင့်  စီးပွားရေးလုပ်ငန်းရှင်၏   လိုက်နာရ မည့်တာဝန်များ အကြောင်း အသိပညာပေး ပြောကြားခဲ့ ကြောင်း  သတင်း ရ ရှိပါ သည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ  စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့   စည်သွပ်အစားအစားအမျိုးမျိုး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ် ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အ ညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက် အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  မုံရွာမြို့နယ်နှင့် ဝန်ထမ်း (၂) ဦးတို့ သည် (၁၅.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြဝတီရပ်ကွက် လူသုံးကုန် နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ စည်သွပ်အစားအစားအမျိုးမျိး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို မြဝတီရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော စည်သွပ်အစားအစားအမျိုးမျိုး ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီးဆိုင်ပိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအားတင်သွင်းရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ  ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ ဦးဆောင်၍ “ခရိုင်ဆန်သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့များ”နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို စစ်ဆေးပြီး ကွင်းဆင်းအသိပညာပေး မှုများ ဆောင်ရွက် လျက်ရာ (၁၃. ၁၁.၂၀၂၅) ရက်နေ့တွင်  မုံရွာမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ “မြသီရိ” ဆန်အရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးအသိပညာရေးရာ ဆန်ဆိုင်များတွင် မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း ဆန်များကို အများဆုံးရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်း ကြီးမြင့်မှု မဖြစ်ပေါ် စေရေး အတွက် ဈေးကစားရန်အလို့ငှာ ဆန်များသို လှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချသွားရန်၊ လိုက်နာမှု မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဖျာပုံမြို့ပေါ်တွင် ရောင်းချနေသော အသင့်စား ပေါင်မုန့်၊ ကိတ်မုန့်များအား ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ်တွင် (၂၅.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် FDA ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖျာပုံမြို့ပေါ်တွင် ရောင်းချနေသော အသင့်စား ပေါင်မုန့်၊ ကိတ်မုန့်များအား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    အဆိုပါ ကွင်းဆင်းစိစစ်မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က သက်တမ်းလွန် အသင့်စားမုန့်များ၊ ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော မုန့်များ၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရောင်းချနေသော ပေါင်မုန့်၊ ကိတ်မုန့်များတွင် ကြာရှည်ခံဆေးများ ပါဝင်မှုမရှိစေရေး၊ “မှို” ပါဝင်ခြင်း ရှိ/မရှိ တို့ကိုပါ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်လေးပင်မြို့နယ်ရှိ ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စများ ကွင်းဆင်းဆောင်ရွက်

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေး ပင် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များ နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ ၁၉.၁၁. ၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စရပ်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

    ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ညောင်လေးပင်မြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံကာ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြပါသည်။ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအား သိုလှောင် ရုံ သက်တမ်းတိုးပေးခြင်း၊ My Ro ရှိ သိုလှောင်ရုံ လုပ်ငန်းစဉ်များထဲတွင် ဆန်စပါး ရ၊ ထုတ်၊ ကျန်စာ ရင်းများ ကူညီဖြည့်သွင်း သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့ပေါ်ရှိ လက်လီ၊ လက်ကား ဆေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀.၁၁.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းနှင့် အကြီးတန်းစာရေး ဒေါ်ဝါဝါအောင်တို့သည် ညောင်လေးပင် မြို့ပေါ်ရှိ ဆေးဆိုင်များအား မိတ်ဖက်အဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။

      စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ကြည် ကြည်ထွန်းနှင့် အကြီးတန်းစာရေး ဒေါ်ဝါဝါအောင်တို့သည် မိတ်ဖက်ဌာနများဖြစ်ကြသော  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မွေးမြူရေးဦးစီးဌာနတို့နှင့်အတူ ညောင်လေးပင်မြို့ပေါ်ရှိ လက်လီ၊ လက်ကား ဆေးအရောင်းဆိုင် များတွင် ဆေးဝါးများ ပြတ်လပ်မှု ရှိ/ မရှိ၊ ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ၊ သက်တမ်းကုန်ဆုံးသော ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ညောင်လေးပင်မြို့ပေါ်ရှိ လက်လီ၊ လက်ကား ဆေးအရောင်းဆိုင်များအားလုံး အထက်ပါစည်းကမ်းများအား လိုက်နာမှုရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျိုက်လတ်မြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ဆေးဆိုင်များသို့ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၂၆.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

      ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဈေးကွက်အတွင်း ဆေးဝါးများ၏ ဈေးနှုန်းအတက်/အကျ ဖြစ်ပေါ်နေမှုအခြေအနေ၊ ဆေးဝါးပစ္စည်း လက်ကျန် အခြေအနေပေါ်မူတည်၍ ဆက်လက်ရောင်းချနိုင်မည့် အခြေအနေ၊ ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒိုက်ဦးမြို့နယ်ဆေးဝါးကြီးကြပ်ရေးအဖွဲ့မှ ဒိုက်ဦးမြို့ပေါ်ရှိ လက်လီ၊ လက်ကား ဆေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ဒိုက်ဦးမြို့ပေါ်ရှိ ဆေးဆိုင် များအား မိတ်ဖက်အဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး နှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းတို့သည် ဒိုက်ဦးမြို့နယ်ဆေးဝါးကြီးကြပ်ရေးအဖွဲ့များ ဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မွေးမြူရေးဦးစီးဌာနတို့နှင့်အတူ ဒိုက်ဦးမြို့ပေါ်ရှိ လက်လီ၊ လက်ကားဆေးအရောင်းဆိုင်များအား လိုင်စင်သက်တမ်းတိုးပေးခြင်း၊ Myanmar Registration မပါရှိသော ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား များပါရှိသော ဆေးဝါးများကိုသာ ရောင်းချရန်တို့ကို ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့နယ်ဆေးဝါးကြီးကြပ်ရေးအဖွဲ့မှ ညောင်လေးပင်မြို့ပေါ်ရှိ ဆေးခန်းများအား ကွင်းဆင်းစစ်ဆေး

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ညောင်လေးပင်မြို့ပေါ်ရှိ ဆေးဆိုင်များအား မိတ်ဖက်အဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

              စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ကြည် ကြည်ထွန်းနှင့် အကြီးတန်းစာရေး ဒေါ်ဝါဝါအောင်တို့သည် ညောင်လေးပင်မြို့နယ်ဆေးဝါးကြီးကြပ် ရေးအဖွဲ့များဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မွေးမြူရေးဦးစီးဌာနတို့ နှင့်အတူ ညောင်လေးပင်မြို့ပေါ်ရှိ “ ဝင်း ” အထူးကုဆေးခန်း၊ “ ရွှေရည်လင်း ” အထူးကုဆေးခန်း တို့တွင် ဆေးဝါးများကို စည်းစနစ်ကျနစွာ ထားရှိရန်၊ အအေးခန်းတွင် ထားရှိရမည့် ဆေးများအား သတ်မှတ်ဒီဂရီတွင် ထားရှိရန်၊ ဆေးရောင်းချသော ဝန်ထမ်းများအနေဖြင့် ဆေးပေးမှားမှု မရှိစေရေး အတွက် အထူးဂရုစိုက်ရန်၊ သက်တမ်းကုန်ဆုံးသော ဆေးဝါးများ ရောင်းချခြင်း မပြုရန်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ