Main menu

မကျီးပင်စုရပ်ရှိဆေးရွက်ကြီးစိုက်ခင်းများသို့ တောင်သူများနှင့် ရိတ်သိမ်းမှု အခြေအနေအားကွင်းဆင်းမေးမြန်းခြင်း

Powered by Drupal

                   မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသည် ဧရာဝတီမြစ်ရေဝင် မြစ်ရိုးတစ်လျှောက် မြေနုကျွန်းများ၌ သဲနုန်းမြေအမျိုးအစားဖြစ်သည့် ကိုင်းကျွန်းမြေများတွင် ဖူးစားပြောင်း၊ CPပြောင်း၊ ငရုတ်၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို စိုက်ပျိုးကြသလို ဆေးရွက်ကြီးကိုလည်း အားထားစိုက် ပျိုးထား ကြောင်းသိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၌ မြင်းခြံမြို့နယ်အနေဖြင့် ဆေးရွက်ကြီးစိုက်ပျိုးဧက (၁၅၇၁၁) ဧကစိုက်ပျိုးထားကြောင်း၊  ဆေးရွက်ကြီးကို အောက်တိုဘာလဆန်းမှ စတင်စိုက်ပျိုးပြီး နိုဝင်ဘာလ၊ ဒီဇင်ဘာလတို့ အထိစိုက်ပျိုးထားရှိပြီး ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ မတ်လ နောက်ဆုံး ပတ်အထိ ခူးဆွတ်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ဆေးရွက်ကြီးသည် မျိုးစေ့ကိုပျိုးထောင် စိုက်ပျိုးရပြီး ပျိုးပင်များ ပျိုးထောင်ရောင်းချသည့် မြင်းခြံမြို့နယ်၊ ထနောင်းကုန်းရွာ၊ ထနောင်းတိုင်ရွာ၊ ဂေါင်းကွဲရွာ၊ တောင်သာမြို့နယ်၊ တမံကြီး ကျေးရွာများထံမှ ပျိုးပင်တစ်ပင်လျှင် (၁၅)ကျပ်နှုန်းဖြင့် သွားရောက်ဝယ်ယူကာ စိုက်ပျိုးကြကြောင်း၊ ရေလိုအပ်ပါကရေသွင်း စိုက်ပျိုး ကြပြီး တစ်ဧကလျှင် ဆေးရွက်ကြီးပျိုးပင်ပေါင်း ၅၅၀၀ မှ ၆၀၀၀ ခန့် စိုက်ပျိုးကြကြောင်း၊ ပျိုးပင်၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် (၂၈)သိန်းခန့် ကုန်ကျကြောင်း၊  ယခုအချိန်သည် ခူးဆွတ်ချိန်ဖြစ်၍ ဆေးရွက်ကြီးများ အစိုဓာတ်များရှိ၍ဈေးနှုန်း ဈေးကွက်မရှိသေးကြောင်း၊ ခူးဆွတ်သူနေ့စား လုပ်သားတစ်ဦးလျှင် (၁၅၀၀၀)ကျပ်ရရှိကြောင်း၊ ပျမ်းမျှအထွက်နှုန်းအနေဖြင့် တစ်ဧက လျှင်ပိဿာ (၇၀၀) ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် အခြားမြို့များသို့ တင်ပို့ရောင်းချ ခြင်းမရှိဘဲ မြင်းခြံမြို့ရှိ ဆေးလိပ်ခုံများသို့သာ ရောင်းချရပါကြောင်း ဆေးရွက်ကြီး စိုက်ပျိုးသည့် တောင်သူများ နှင့်တွေ့ဆုံမေးမြန်းခဲ့သည်။

DOCA(မန္တလေး