Main menu

ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးTalk   Show   ပြုလုပ်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်း သည် ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၃..၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိ ပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်စီစီမိုး က စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)တွင် ပြဌါန်းထားသော ကုန်အညွှန်း အမှတ်အသား အကြောင်းကို မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာနမှ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများ ဦးဆောင်၍ ဈေးကွက်တွင် ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်မှ မိမိတို့ထုတ်လုပ်သော ကုန်စည်တွင် ဖော်ပြရမည့် သတ်မှတ်ထားသော အချက်အလက်များ ပြည့်စုံရန် ထည့်သွင်းရမည်ဖြစ်ကြောင်း၊  ကုန်စည်များကို ဘေးကင်းလုံခြုံအောင်ဆောင်ရွက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန် အဓိကလုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ဈေး၊ ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိ ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  ယခု၂၀၂၆ ခုနှစ်၊ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့ ဆောင်ပုဒ်ဖြစ်သောထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည် စိတ်ချစားသုံးသူဘဝနှင့်အညီ အရည်အသွေးပြည့်ဝသော ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များကို အားပေးဆောင်ရွက်လျက်ရှိကြောင်း  Talk Show  တွင် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)