အဆိပ်အတောက်ပါဝင်နိုင်ခြေရှိသော အစားသောက်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခိုင်ခိုင်လင်းသည် မြို့နယ်ကျန်မာရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့က ဈေးကွက်အတွင်း ရောင်းချနေသော Dumex နှင့် Nestle အမှတ်တံဆိပ် ကလေးဖြည့်စွပ်စာတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့မှ ဦးဆောင်စစ်ဆေးခဲ့ရာ စင်္ကာပူအစားအသောက် အေဂျင်စီက ပလပ်စတစ်အပျော့နှင့် စက္ကူအပိုင်းအစများ ပါဝင်နိုင်ခြေရှိသော Nestle Singapore Pte က တင်သွင်းသည့် ကလေးများအတါက် ထုတ်လုပ်သော Gerber Arrowroot Biscuits နှင့် Cereulide အဆပ်အတောက်ပါဝင်မှုကြောင့် ကြိုတင်ကာကွယ်မှုတစ်ခုအနေဖြင့် စုံစမ်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်စဉ်ကာလအတွင်း Dumex နှင့် Nestle အမှတ်တံဆိပ် ကလေးဖြည့်စွပ်စာတို့အား ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ မအူပင်မြို့နယ် ဈေးကွက်အတွင်း စစ်ဆေးသော ကုန်စည်ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး အဟာရမှုန့် ရောင်းချနေသော ဆိုင်ရှင်များကို လိုအပ်သည်များမှာကြား ဆွေးနွေးလမ်းညွှန်မှုများပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)









