Main menu

HighLight News

Powered by Drupal

တောင်ဥက္ကလာပမြို့နယ်၊ ပုဏ္ဏမီဈေးအတွင်းရှိ ငရုတ်ဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ရုံးအုပ်) နှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့  ငရုတ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး (၁၂-၈-၂၀၂၅ ) ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။    

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  ဈေးကွက်အတွင်းရောင်းချနေသောငရုတ်ဆီများတွင်  FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉ ) နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ုကုန်)

တောင်ဥက္ကလာပမြို့နယ်၊ ပုဏ္ဏမီဈေးရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်) နှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည်တောင်ဥက္ကလာပမြို့နယ်၊ ပုဏ္ဏမီဈေးအတွင်း ရှိ  ကုန်စုံဆိုင်များသို့ (၁၂-၈-၂၀၂၅) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သွားရောက် ၍ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကုန်စုံဆိုင်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို  သိသာထင်ရှားစွာ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်ရှိ မြို့မဈေးတွင် ငရုပ်ဆီနှင့်အချဉ်ရည်တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/ မရှိ စစ်ဆေးခြင်း

          (၁၃.၈.၂၀၂၅)ရက်နေ့ နေ့လယ် (၀၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့မဈေးတွင် ငရုပ်ဆီနှင့်အချဉ်ရည် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးမှတာဝန်ခံ ဦးပြည့်ဖြိုးအောင်မှ မိမိတို့မြို့မဈေးတွင် ကုန်မျိုးစုံဆိုင်အများစုတွင် ရောင်းချနေသော ငရုပ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသောပစ္စည်းများကိုသာ ရောင်းချပါကြောင်း၊ မိမိတို့ဌာနမှလည်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဦးစားပေးကုန်စည်ဖြစ်သည့် ကုန်စည်(၁၀)မျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးသွားရန်ထုတ်ပြန်ထားသဖြင့် ငရုတ်ဆီနှင့် အချဉ်ရည် အမျိုးမျိုးပါဝင်သောကြောင့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ရောင်းချမည့် ကုန်စည်မှာ မြန်မာလိုကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လွယ်ကူ အဆင်ပြေစေရန်အတွက် ထုတ်ပြန်ထားသည့်အတိုင်း ကိုက်ညီသော ကုန်စည်များကိုသာ လုပ်ငန်းရှင်များက ရောင်းချရန် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ငရုပ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          (၁၃.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် ပြည်လမ်းမပေါ်ရှိ တပ်ကြီးကုန်းရပ်ကွက်အတွင်းရှိ ကုန်တိုက်သို့ ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် မြို့မဈေးတာဝန်ခံ ဦးဝေလင်းအောင် ပူးပေါင်းပါဝင်လျက် ဈေးအတွင်းရှိသော ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ငရုပ်ဆီနှင့် အချဉ်ရည် အမျိုးမျိုးစုစုပေါင်း(၇)မျိုးတွင် ဥပဒေပါ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများဖြစ်သော ငရုပ်ဆီအချဉ်ရည်၊ ကြက်သွန်ဖြူအချဉ်ရည်၊ ငရုပ်ဆီအစပ်၊ ကြက်သွန်ဖြူအချဉ်ရည်အစပ်၊ အချဉ်ရည်၊ ခရမ်းချဉ်သီး ကချင်ချက်အချဉ်ရည်၊ ထူးကဲသော အချဉ်ရည်တို့ကို မြန်မာဘာသာဖြင့်ဖော်ပြထားပြီး ဂရမ်ကိုလည်း မြန်မာဘာသာဖြင့် ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အာမခံချက်မရှိသော ထောက်ခံချက် မပြည့်စုံသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်တို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့ သည် (၁၃.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁၃)၊ (၁-ခ)၊ ၃၉၉(က)၊ အောက် မင်္ဂလာဒုံလမ်း၊ အင်းစိန်မြို့နယ်ရှိ City Mart (ဖော့ကန်)၌ စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စားသုံးဆီအမှတ်တံဆိပ်မျိုးစုံ၊ မြေပဲဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားများ ပါရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး သက်ဆိုင်ရာဌာနများက ညွှန်ကြားချက်များကိုလည်း လိုက်နာစေရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

         

Ocean Super Center ရှိ ဆီအရောင်းကောင်တာ၌ စားသုံးဆီအမျိုးမျိုးအား စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် (၁၃.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီး မောင်ပျိုလမ်း၊ စက်မှုဇုန်(၂)၊ လှိုင်သာယာမြို့နယ်ရှိ Ocean Super Center သို့ သွားရောက်၍ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စားသုံးဆီများအား စစ်ဆေးရာတွင် Ocean Super Center မှတာဝန်ခံက ပူးပေါင်းပါဝင်လျက် ရောင်းချနေသော အမှတ်တံဆိပ်ပါ စားသုံးဆီများသည် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          (၁၃.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုနှင့် တိုက်ကြီးမြို့မဈေးတာဝန်ခံတို့ ပူးပေါင်း၍ တိုက်ကြီးမြို့မဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးအရောင်းဆိုင်များသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးရောင်းချလျက်ရှိသော ရွှေအုံ၊ ဧရာဝတီ၊ ငွေသဇင်မင်း၊ အမေထွား၊ Meizan၊ Goody အမျိုးမျိုးတို့တွင် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့်ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် မဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏစသည်တို့အား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မှော်ဘီမြို့နယ်၊ မြို့မဈေးရှိစားသုံးဆီအရောင်းဆိုင်အား ကွင်းဆင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၃.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် မှော်ဘီမြို့မဈေး စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မှော်ဘီမြို့မဈေးရှိ စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စားသုံးဆီဆိုင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့်ဟင်းသီးဟင်းရွက်ဆီများအား Parking ဘူးများဖြင့် ရောင်းချရာတွင် ကုန်စည်အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သောပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်၍ အချက်အလက်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

“ကော့မှူးမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စုအလိုက်အိမ်ထောင်စုနှင့်လူဦးရေစာရင်းအရစားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ်လ(၁၂)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စုနှင့် လူဦးရေစာရင်းအရ စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

            အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကော့မှူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းက ကော့မှူးမြို့နယ်တွင် ဇဗျူကံထွန်း ကုမ္ပဏီ၊ တီကိုဟာမိုနီကုမ္ပဏီ (၂)ခုမှ မြို့နယ်စားအုန်းဆီဖြန့်ဖြူးရေး ကိုယ်စားလှယ်များဖြစ်ကြသော ဦးကိုလေး(ခ) ဦးသိန်းထွဋ်၊ ဒေါ်ခင်ပြုံးဝေ၊ ဦးဇော်လတ်စိုးတို့အား ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စုနှင့်လူဦးရေစာရင်းအရ လူတစ်ဦးစားအုန်းဆီ တစ်ရက်၏ စားနှုန်း (၂.၂၅)ကျပ်သားဖြင့် နေ့စဉ်စားအုန်းဆီခွဲတမ်းအား ထုတ်ယူရရှိလျက်ရှိပြီး မြို့နယ် စားအုန်းဆီဖြန့်ဖြူးရေး ကိုယ်စားလှယ်များအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အရောင်းကိုယ်စားလှယ်များထံသို့ သတ်မှတ်ရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်းနှင့်မကျော်သော သင့်တင့်မျှတသည့် အမြတ်နှုန်းထားဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ တဆင့်ခံကိုယ်စားလှယ်များ အနေဖြင့်လည်း မိမိတို့၏ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ စားသုံးသူပြည်သူများအား အိမ်ထောင်စု၊ လူဦးရေစာရင်းအရ လူတစ်ဦးစားအုန်းဆီ တစ်ရက်စာနှုန်း (၂.၂၅)ကျပ် သားဖြင့်တွက်ပြီး သယ်ယူစရိတ်ပါ သင့်တင့်သောအမြတ်နှုန်းယူပြီး ပြန်လည်ဖြန့်ဖြူး ရောင်းချပေးကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက် ”

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို လစဉ်အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၁၂)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် အ.မ.က ပေကုန်းကျောင်းတွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စားသုံးသူအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာ ကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ဟောပြောပွဲတွင် ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက တက်ရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်များဖြစ်သော ကလေးများ ဗလငါးတန်နှင့် ပြည့်ဝစေရန် စာဖတ်ကြစေလိုကြောင်း၊ နည်းပညာများတိုးတက်နေပြီဖြစ်သော  ခေတ်ကာလတွင် Phone များအသုံးပြု၍ ဂိမ်းများဆော့နေမည့်အစား အသိပညာရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှု့ခြင်းဖြင့် အသိပညာများ တိုးတက်လာမည်ဖြစ်ကြောင်း ဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ယခုလိုမိုးတွင်းကာလအချိန် တွင် ကလေးများကျန်းမာရေးကို ဂရုစိုက်ကြစေလိုကြောင်း၊ ကလေးများအသိပညာများ တိုးတက်စေရန် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရန် အစားအစာများကို ရွေးချယ် ဝယ်ယူကြစေလိုကြောင်း ကလေးများသည် စားသုံးသူအခွင့်အရေးများရှိကြောင်း စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများကို စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းပေးနေပြီဖြစ်ကြောင်း ကလေးများ၏ အသက်အရွယ်နှင့်ညီသော ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၆)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဖြိုးခိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News