
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၀.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားပြီးစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ဆိုင်ပိုင်ရှင်များမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်အား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
