Main menu

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် အောင်သာယာဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီအား သတ်မှတ်ရည်ညွှန်းဈေးထက်  ပိုမိုရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံဦးမင်းဇော်လတ်သည်(၁၁.၂.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍မြို့ပေါ်ရှိ ကုန်မျိုးစုံ ရောင်းချနေသောဆိုင်များတွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော စားအုန်းဆီများသတ်မှတ် ရည်ညွှန်းဈေးထက်ပိုမိုရောင်းချနေခြင်းမရှိပါကြောင်း ပဲလတ်ဆီ၊ နှမ်းအရောဆီများရောင်းချခြင်းမတွေ့ရပဲ ပိဿာချိန်ဖြင့် ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိသော ပြည်သူများအား Goody , Maizan , Louts ပုဇွန်နှစ်ကောင်စားအုန်းဆီ (၅)ပိဿာဝင် (၁၀)ပိဿာဝင် ပုံးများမှ ခွဲဝေရောင်းချပေးနေကြောင်း တွေ့ရှိရပါသည်၊ ဆိုင်ရှင်များအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချပါက အရေးကြီးကုန်စည်များဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၂၃)ပါ တားမြစ်ချက်များမှ ပုဒ်မ(၆၅)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို (၆)လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၅၀)ထက် မပိုသောငွေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအထက်အဆင့်ဆင့်မှ ညွှန်ကြားချက်များအား ဆိုင်ရှင်များအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)