Main menu

ထိုင်းနိုင်ငံ၏ အသီးအရွက်အခြေပြုစျေးကွက် ဘတ် ၄၅ ဘီလိယံခန့် ရောက်ရှိ

Powered by Drupal

          ထိုင်းနိုင်ငံ၏ အသီးအရွက်အခြေပြုသည့် အစားအစာစျေးကွက်များသည် မထင်မှတ်ဖွယ် ဘတ် ၄၅ ဘီလီယံခန့်ရောက်ရှိခဲ့ကြောင်း နှင့် ယခုနှစ်တွင် နောက်ထပ် ၁၀ ရာခိုင်နှုန်းခန့် ဘတ် ၄၉.၅ ဘီလီယံခန့် ရရှိရန် စီမံနေကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် နည်းဗျူဟာဌာနမှ ညွှန်ကြားရေးမှူး Poonpong Naiyanapakorn ၏ ပြောကြားချက်အရ သိရပါသည်။ အဆိုပါမြင့်တက်လာမှုသည် စားသုံးသူများ၏ ကျန်းမာ‌ရေး အသိရှိမှုတိုးပွားလာခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဥ်များကြောင့်ဖြစ်ကြောင်း သိရပါသည်။ စျေးကွက် အချက်အလက်ထောက်ပံ့ရေးအဖွဲ့အစည်း (FMI) ၏ ထုတ်ပြန်ချက်များအရ ၂၀၂၅ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်းရှိ အသီးအရွက်အခြေပြု အစားအသောက် စျေးကွက်သည် ဒေါ်လာ ၁၄.၂၃ ဘီလီယံ အထိရောက်ရှိခဲ့ပြီး ၂၀၃၅ ခုနှစ်တွင်ဒေါ်လာ ၄၄.၁၈ ဘီလီယံ ခန့် ရောက်ရှိရန် မျှော်မှန်းကြောင်း သိရပါသည်။ အဆိုပါစျေးကွက်မြင့်တက်လာမှုသည် သားသတ်လွတ်သမားများကြောင့် မဟုတ်ဘဲ ကြီးထွားလာသော အသားအနည်းငယ်စားသုံးသူများ အဖွဲ့အစည်းများကြောင့်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါအဖွဲ့အစည်းသည် ကမ္ဘာ့လျင်မြန်စွာ ကြီးထွားနေသော စျေးကွက်ကို ဖြည့်ဆည်းပေးနိုင်သည့် ပစ်မှတ်ထားသော စားသုံးသူများအဖြစ် ကိုယ်စားပြုကြောင်း သိရပါသည်။ Poonpong က အသီးအရွက်အခြေပြု အစားအသောက်လုပ်ငန်း၏ အဓိကအခက်အခဲသည် လျင်မြန်စွာပြောင်းလဲနေသော စားသုံးသူများ၏ လိုအပ်ချက် ကို နားလည်သဘောပေါက်ခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့အပြင်၎င်းက အဆိုပါလုပ်ငန်းများ အောင်မြင်ရန်အတွက် သုတေသနများနှင့် စားသုံးသူ၏ အကြိုက်နှင့် ကိုက်ညီမည့် တီထွင်ဆန်းသစ်မှုများကို ဖန်တီသင့်ကြောင်းနှင့် စားသုံးသူများ ပိုမိုသိရှိစေရန် ဖြန့်ဖြူးသည့် လမ်းကြောင်းများကို ချဲ့ထွင်သင့်ကြောင်း အကြံပေးခဲ့ကြောင့် သိရှိရပါသည်။

Source: Nation Thailand

DOCA (ရန်ကုန်)