
ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ ၎င်း၏ စိုက်ပျိုးရေးတင်ပို့မှုကို မြှင့်တင်ရန် အဓိကခြေလှမ်းတစ်ရပ်ကို ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ပီလောပီနံအခြောက် တန်ချိန် ၅၀၀,၀၀၀ တင်ပို့မှုနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာရေးထိုးပွဲ အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ရုံးချုပ်တွင် ၂၁-၈-၂၀၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Cham Nimul က ဦးဆောင်ခဲ့သည်။ Nimul က အမြဲတမ်းကော်မတီ အဖွဲ့ဝင်၊ အထွေထွေအတွင်းရေးမှူးနှင့် CPC Guangxi ကော်မတီ၏ အထွေထွေရုံး ညွှန်ကြားရေးမှူးချုပ် Zhou Yijue ဦးဆောင်လာခဲ့သည့် တရုတ်နိုင်ငံ၏ Guangxi ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို COFCO Biotechnology မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။ နားလည်မှုစာချွန်လွှာသည် ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များမြှင့်တင်ရန် အစိုးရ၏ ကတိကဝတ်ကို အလေးပေးဖော်ပြနေခြင်းဖြစ်ပြီး ပို့ကုန်ဈေးကွက်များ ချဲ့ထွင်ခြင်း၊ ဈေးကွက်ကွဲပြားစေရန်နှင့် နိုင်ငံတကာ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ထုတ်လုပ်မှုနှင့် စီမံဆောင်ရွက်မှု စံချိန်စံညွှန်းများကို မြှင့်တင်ရန်ဖြစ်သည်။ ဤသဘောတူညီချက်သည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကုန်သွယ်မှုနှင့် ဒေသဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ပေါင်းစည်းမှုကို အားကောင်းလာစေရန်အတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ကို ကိုယ်စားပြုကြောင်း MoC မှ ထုတ်ပြန်ထားသည်။ ၂၁-၈-၂၀၂၅ ရက်နေ့တွင် ချုပ်ဆိုခဲ့သော တန်ချိန် ၅၀၀,၀၀၀ သဘောတူညီချက်သည် ၂၀၂၅ ခုနှစ် မတ်လတွင် လက်မှတ်ရေးထိုးခဲ့သော ယခင်တန်ချိန် ၂၀၀,၀၀၀ ကို အခြေခံခဲ့ပြီး ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များအပေါ် ယုံကြည်မှုတိုးလာခြင်းနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာခြင်းတို့ကို ထင်ဟပ်စေခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ သဘောတူညီချက်သည် လယ်သမားများနှင့် စိုက်ပျိုးရေးထုတ်ကုန်လုပ်ကိုင်သူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးတိုးတက်မှုကို ပံ့ပိုးပေးကာ စီးပွားရေးအကျိုးအမြတ်များ ဆောင်ကြဉ်းပေးမည်ဟု မျှော်လင့်ထားကြသည်။ ကမ္ဘောဒီးယား နိုင်ငံသည် အာရှတိုက်တွင် စတုတ္ထအကြီးဆုံး ပီလောပီနံထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ဒသမအကြီးဆုံးဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ပီလောပီနံတန်ချိန် ၁၂ သန်းကျော် ထွက်ရှိကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)