Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အိန္ဒိယနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် ကတိပြုလိုက်သည့် ဂျပန်နိုင်ငံ

     ဂျပန်နိုင်ငံသည် သြဂုတ်လ ၂၉ ရက်နေ့တွင် နှစ်နိုင်ငံကြား ဆက်ဆံရေးများပိုမို လေးနက် စေရန်အတွက် အိန္ဒိယနိုင်ငံမှ ဝန်ကြီးချုပ် Narendra Modi ဂျပန်နိုင်ငံသို့ လည်ပတ်နေစဥ်အတွင်း တွင် အိန္ဒိယနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် ယခုအချိန်တွင် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံခန့် တန်ကြေးရှိနေပြီး ဂျပန်နိုင်ငံမှ သဘောတွေ့နေကြောင်း သိရပါသည်။ Ishiba က ဂျပန်နိုင်ငံသည် အိန္ဒိယနိုင်ငံတွင် ယမ် ၁၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံ ခန့်) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း နှင့် semiconductor နှင့် AI တွင် အားစိုက်၍ ကနဦးပူးပေါင်း ဆောင်ရွက်မှုကိုလည်း တည်ဆောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါနှစ်နိုင်ငံသည် လုံခြုံရေးပူးပေါင်းဆောင်မှုကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ အစောပိုင်းကာ လတွင် Modi သည် Tokyo တွင်ပြုလုပ်သော စီးပွားရေးညီလာခံတွင် အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ သည် အာရှတိုက်၏ ရာစုနှစ်ကို ပုံသွင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါနှစ်နိုင်ငံလုံး သည် အမေရိကန်နိုင်ငံသို့ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် အမေရိကန်နိုင်ငံသမ္မတ Donald Trump ၏ အခွန် ၅၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

ကုန်သွယ်ရေးလိုငွေ ကျဥ်းမြောင်းစေရန်အတွက် အမေရိကန်နိုင်ငံမှ ရေနံဝယ်ယူမှု အရှိန်မြှင့်တင်တော့မည့် အိန္ဒိယနိုင်ငံ

    အိန္ဒိယနိုင်ငံမှ ရေနံသန့်စင်သူများသည် ပြိုင်ဆိုင်မှုစျေးနှုန်းများကြောင့် ယခုလတွင် အမေရိကန်နိုင်ငံမှ သဘာဝရေနံဝယ်ယူမှု အဆင့်မြှင့်တင်တော့မည်ဟု ကုန်သည်များ၏ အရင်းအမြစ်များမှတစ်ဆင့် သိရပါသည်။ အဆိုလှုပ်ရှားမှုသည် အမေရိန်နိုင်ငံနှင့် နှစ်နိုင်ငံကြား ဆက်ဆံ‌ရေးတင်းမာမှုများကြားတွင် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုလိုငွေကို အ‌ထောက်အကူပြုနိုင် ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ ထိပ်သီးရေနံသန့်စင်သည့် ကုမ္ပဏီသည် အမေရိကန်နိုင်ငံမှ ရေနံစည်ပေါင်း ၅ သန်းခန့်ကိုဝယ်ယူခဲ့ပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရေနံတင် သောထရပ်ကားများဖြင့် စတင်သယ်ယူမည်ဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် ယခုအခါ တွင် ရရှားနိုင်ငံမှ ‌ရေနံတင်သွင်းခြင်းကြောင့် အမေရိကန်နိုင်ငံ၏  အိန္ဒိယနိုင်ငံမှ တင်သွင်းသော ပို့ကုန်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်း ခံရပြီးနောက် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ဥရောပကုန်သည်များဖြစ်သော Gunvor နှင့် Equinor တို့သည် လည်း ရေနံစည်ပေါင်း ၂သန်းခန့် ရောင်းချပေးလျက်ရှိပြီး Mercuria သည်လည်း ရေနံစည်ပေါင်း ၁ သန်းခန့် IOC သို့ရောင်းချပေးနေကြောင်း သိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

ဗီယက်နမ်-စင်ကာပူကုန်သွယ်မှုဆက်လက်မြင့်တက်

      ၂၀၂၅ ခုနှစ်၏ ပထမ ၇ လတာကာလတွင် ဗီယက်နမ်သည် စင်ကာပူ၏ ၁၀ ခုမြောက် အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်အဖြစ်ရပ်တည်နေပြီး နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ ၂၃.၁ ဘီလီယံ ဖြင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၆.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ စင်ကာပူမှ ဗီယက်နမ်သို့ စင်ကာပူဒေါ်လာ ၁၆.၃ ဘီလီယံတန်ဖိုးတင်ပို့ပြီး ၆.၇ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ကာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၂၀.၂ ရာခိုင်နှုန်းနှင့် ၄၃ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လတစ်လတည်းတွင် စင်ကာပူနှင့် ဗီယက်နမ်ကုန်သွယ်မှုတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိပြီး ယခင်နှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၄.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ စင်ကာပူထံမှအချက်အလက်များအရ ထို ၇ လတာကာလတွင် ၎င်းတို့ သည် ကုန်သွယ်ရေးပိုငွေ စင်ကာပူဒေါ်လာ ၉.၆ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ သို့သော် စင်ကာပူနှင့် ဗီယက်နမ်မူရင်းကုန်ပစ္စည်းသာလျှင်ဆိုပါက ဗီယက်နမ်က ကုန်သွယ်ရေးပိုငွေ စင်ကာပူဒေါ်လာ ၂.၁၂ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ ထို ၇ တာကာလအတွင်းအချက် အလက်များအရ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများနှင့် အစိတ်အပိုင်းများမှာ စင်ကာပူဒေါ်လာ ၃.၄ ဘီလီယံဖြင့် စင်ကာပူ၏ ဗီယက်နမ်ထံမှ ထိပ်တန်းသွင်းကုန်များဖြစ်ကြောင်း သိရပါသည်။ ဒုတိယနှင့် တတိယနေရာတွင် နူကလိယားဓာတ်ပေါင်းဖိုများ၊ ဘွိုင်လာများ၊ စက်ပစ္စည်းများနှင့် စက်အစိတ်အပိုင်းများက စင်ကာပူဒေါ်လာ ၁.၅ ဘီလီယံ၊ မှန်နှင့် ဖန်ထည်များက စင်ကာပူ ဒေါ်လာ ၄၉၄.၃ သန်းဖြင့် ရပ်တည်နေကြောင်း သိရပါသည်။ အထက်ဖော်ပြပါအမျိုးအစားများ မှလွဲ၍ ဗီယက်နမ်၏ စင်ကာပူထံမှထိပ်တန်းသွင်းကုန် ၁၅ မျိုးမှာ ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ကြီးထွားမှုကျဆင်းခဲ့ကြောင်း သိရပါသည်။ စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေး အတိုင်ပင်ခံပုဂ္ဂိုလ် Cao Xuan Thang က အပြန်အလှန်ကုန်သွယ်ရေးအများစုသည် နည်းပညာ နှင့် လောင်စာအပေါ်တွင် အဓိကဖြစ်နေခြင်းက စီးပွားရေး ၂ ခု၏ တစ်မူထူးခြားသော ကုန်သွယ် ရေးတည်ဆောက်ပုံကို ရောင်းပြန်ဟပ်နေကြောင်းနှင့် ထိုပုံစံသည် စီးပွားရေးလုပ်ငန်းများက ထုတ်လုပ်မှုကွင်းဆက်ချိတ်ဆက်မှုနှင့် ကုန်သွယ်ရေးပလက်ဖောင်းအသစ်များနှင့် ထောက်ပံ့ ပို့ဆောင်ရေးဖွံဖြိုးတိုးတက်ရေးအစရှိသည့် နှစ်ဖက်အကျိုးရှိမည့် ဧရိယာသစ်များတွင် ပူးပေါင်းဆောာင်ရွက်မှုအခွင့်အလမ်းသစ်များကို ဖန်တီးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ကုန်သွယ်‌ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍတွင် ကာဇတ်စတန်နှင့် ပူးပေါင်းဆောင်ရွက်မည့် East Kalimantan

     ကာဇတ်စတန်နိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ် Fadjroel Rachman သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍတို့တွင် ကာဇတ်စတန်နှင့် ပူးပေါင်းဆောင်ရွက် ရန်အခွင့်အလမ်းများကိုဆွေးနွေးရန်အတွက် East Kalimantan ပြည်နယ်အစိုးရထံသို့ လည်ပတ် ခဲ့ကြောင်း သိရပါသည်။ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ရုံး၏ စီးပွား‌ရေးရာနှင့် ဖွံ့ဖြိုးတိုးတက်မှု အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Ujang Rachmad က ကာဇတ်စတန်သည် စားအုန်းဆီ၊ ကိုကိုး၊ ရာဘာနှင့် ရေထွက်ကုန်များပါဝင်သည့် များစွာသောအဓိကကုန်ပစ္စည်းများ ကို East Kalimantan ထံမှ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင်ခရီးသွားကဏ္ဍသည် လည်း East Kalimantan ၏ ယဉ်ကျေးမှုနှင့် သဘာဝအလှတရားများကို အာရှဗဟိုဒေသတွင် ဆွဲဆောင်ရန် အဓိကဂိတ်တံခါးတစ်ခုဖြစ်လာနိုင်ကြောင်း သိရပါသည်။ Rachmad က ၎င်းတို့ သည် East Kalimantan နှင့် ကာဇတ်စတန်ကြားတွင် ကုန်သွယ်ရေးဆက်နွယ်မှုခိုင်မာရန် မျှော်လင့်ကြောင်းနှင့် ၎င်းတို့၏ ကုန်ပစ္စည်းများသည် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ကာဇတ်စတန် ဈေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ခြေလှမ်းခိုင်မာ စေရန်အတွက် ပြည်နယ်အစိုးရသည် ရင်းနှီးမြှုပ်နှံမှုဖိုရမ်နှင့် ကာဇတ်စတန်ရင်းနှီးမြှုပ်နှံသူများနှင့် East Kalimantan စီးပွားရေးလုပ်ငန်းရှင်များကြား တစ်ဦးချင်းစီးပွားရေးချိတ်ဆက်မှုများကျင်းပ ပြုလုပ်သွားမည်ဟု သိရပါသည်။ East Kalimantan သည် ဂျကာတာတွင်ကျင်းပမည့် အင်ဒိုနီးရှားကုန်စည်ပြပွဲတွင် အထူးပြခန်းဖွင့်လှစ်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ထိုပြခန်းတွင် ပြည်နယ်မှစီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးချင်းပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ကာဇတ်စတန်ထံမှ အလားအလာရှိသောမိတ်ဖက်များနှင့် တွေ့ဆုံသွားမည်ဟု သိရပါသည်။ တစ်ချိန်တည်းမှာပင် သံအမတ် Rachman က East Kalimantan အားဗဟိုအာရှဒေသမှရင်းနှီး မြှုပ်နှံသူများနှင့် ချိတ်ဆက်ပေးရန် ကတိကဝတ်ပြုခဲ့ကြောင်း သိရပါသည်။ သံအမတ်ကြီး၏ အဆို အရ East Kalimantan ၏ ကြီးမားသောကုန်သွယ်ရေး၊ စွမ်းအင်နှင့် ခရီးသွားကဏ္ဍအလားအလာ သည်နိုင်ငံတကာဈေးကွက်သို့ထိုးဖောက်ရန် ပိုမိုတက်ကြွထက်သန်စွာ ကုန်သွယ်မှုမြှင့်တင်ရန် လိုအပ်ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ဆန်တန်ချိန် ၅.၉ သန်းနီးပါးတင်ပို့ခဲ့သည့် ဗီယက်နမ်

    ၂၀၂၅ ခုနှစ် နှစ်စမှ ဩဂုတ်လ ၁၅ ရက်နေ့ထိတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်တန်ဖိုးရှိသော ဆန်တန်ချိန် ၅.၉ သန်းနီးပါးတင်ပို့ခဲ့ကြောင်း ဗီယက်နမ်အစားအစာ အသင်း (VFA) ၏ အဆိုအရ သိရပါသည်။ နိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၅.၈၇ ဘီလီယံရှိခဲ့ပြီး တန်ဖိုးအားဖြင့် ၃ ဘီလီယံကျော်တန်ဖိုးရှိကာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏတွင် ၂.၈၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း တန်ဖိုးတွင် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လနောက်ဆုံးအပတ်တွင် ရောင်းလိုအားတင်းကျပ်မှုများ ရှိနေသော်လည်း တင်ပို့သည့်ဈေးနှုန်းများမှာ ၈ လအတွင်းအမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း သိရပါသည်။ အသင်းက ဩဂုတ်လ ၂၈ ရက်နေ့တွင် 5% broken ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် ၄၅၅ မှ ၄၆၀ အမေရိကန်ဒေါ်လာထိရှိပြီး ဇန်နဝါရီလမှစ၍ အမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။ ဟိုချီမင်းမြို့တော်ရှိ ကုန်သည်တစ်ဦးက ရောင်းလိုအားသည်ပိုမိုတင်းကျပ်လာသော်လည်း ဝယ်လို အားမှာ စက်တင်ဘာ ၁ ရက်နေ့တွင် စတင်မည့် ဖိလစ်ပိုင်၏ရက်၆၀ ဆန်တင်သွင်းမှုပိတ်ပင်မည့် အစီအစဉ်မတိုင်မီတွင် ဝယ်လိုအားတည်ငြိမ်နေကြောင်း ပြောကြားခဲ့ပါသည်။ Can Tho မြို့တော် တွင် စပယ်ရနံ့စပါးကတစ်ကီလိုလျှင် ၈၄၀၀ ဗီယက်နမ်ဒေါင်၊ IR 5451 က ၆၂၀၀ ဗီယက်နမ် ဒေါင်၊ OM 18 က ၆၇၀၀ ဗီယက်နမ်ဒေါင်နှင့် ST 25 က ၉၅၀၀ ဗီယက်နမ်ဒေါင်ရှိကြောင်း စိုက်ပျိုး မွေးမြူ‌ရေးနှင့် သဘာဝပတ်ဝန်းကျင်အတွက် မူဝါဒနှင့် မဟာဗျူဟာအသင်း၏ အဆိုအရ သိရပါ သည်။ An Giang စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဦးစီးဌာနက စပါးဈေးနှုန်းများမှာ အမျိုးအစားအပေါ်မူတည်၍ တစ်ကီလိုလျှင် ၅၇၀၀ မှ ၆၂၀၀ ဗီယက်နမ်ဒေါင်ရှိပြီး ပြည်နယ်၏ လက်လီဆန်ဈေးနှုန်းမှာ  တစ်ကီလိုလျှင် ၁၃၀၀၀ နှင့် ၂၂၀၀၀ ဗီယက်နမ်ဒေါင်ရှိကြောင်း သိရပါ သည်။ မဲခေါင်ဒေတာပြည်နယ်များသည် နွေ-ဆောင်းဦးဆန် ဟတ်တာ ၁.၈၂ သန်းစိုက်ပျိုးခဲ့ပြီး ဟတ်တာ ၁.၀၈ သန်းရိတ်သိမ်းခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ ဆောင်းဦး-ဆောင်းဆန်စိုက်ပျိုးမှုမှာ  စီစဉ်ထားသည့် ဟတ်တာ ၇၀၀၀၀၀ အနက် ဟတ်တာ ၅၈၁၀၀၀ ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

                                     

ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် ကုန်သွယ်မှု ဆက်ဆံရေးကို ခိုင်မြဲစေရန် CVTPP တွင် ကတိပြုခဲ့

    ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည် Novotel Phnom Phen Hotel ၌ ကျင်းပခဲ့ သည့် ကမ္ဘောဒီးယား-ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ် (CVTPP) တွင် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးတို့ကို နက်ရှိုင်းစေမည့် ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) မှထုတ်ပြန်ထားခဲ့သည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အတွင်းရေးမှူး Seang Thay၊ ဝန်ကြီးဌာန အကြီးတန်း အရာရှိများ၊ ကုန်သွယ်မှု မြှင့်တင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး သံမှူးများ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် စီးပွားရေး ခေါင်းဆောင် အများအပြား တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်သွယ်မှုဝန်ဆောင်မှုများ အပါအဝင် အဓိကကဏ္ဍများတွင် ချိတ်ဆက်ဆွေးနွေးမှုများနှင့် စျေးကွက်ရှာဖွေရေး အခွင့်အလမ်း များကို အဓိကာထား ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယား-ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေး အစီအစဉ်သည် မြင်သာထင်သာရှိသော စီးပွားရေးအခွင့်အလမ်းများဖန်တီးရန်နှင့် ဒေသတွင်း စီးပွားရေးတိုးတက်မှုကို အားကောင်းလာစေရန်အတွက် နှစ်နိုင်ငံ၏ ဆက်လက်ကြိုးပမ်း အားထုတ်မှုများကို ထင်ပေါ်စေကြောင်း MOC မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ ခုနှစ် ပထမ (၇) လ အတွင်း ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကြား ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၄.၉၄ ဘီလီယံ အထိ မြင့်တက်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာန (GDCE) ၏ နောက်ဆုံး ထုတ်ပြန်ချက်များအရ သိရသည်။

Source: Khmer Times                                                                                   

DOCA (ရန်ကုန်)

 

ကမ္ဘောဒီးယားသည် စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် IP စနစ်ကို ခေတ်မီရေး လုပ်ဆောင်ရန် MOC ကတိပြု

        ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC) သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) များကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပြီး ၎င်း၏ မူပိုင်ခွင့် (IP) စနစ်ကို ခေတ်မီအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၁-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ IP ၏ မှတ်ပုံတင်ခြင်းနှင့် စီမံခန့်ခွဲခြင်း တွင် ဉာဏ်ရည်တု (AI) ပေါင်းစပ်ခြင်းတို့တွင် တော်ဝင်အစိုးရ၏ ဆက်လက်ကြိုးပမ်း အားထုတ်မှု များကို အလေးပေးဖော်ပြထားသည်။ MSMEs များအကြား IP အသုံးပြုမှုကို အားပေးခြင်း၊ မှတ်ပုံတင်ခြင်းလုပ်ထုံးလုပ်နည်းများကို ရိုးရှင်းစေရန်နှင့် အခွင့်အရေးကိုင်ဆောင်သူများကို ကာကွယ်ပေးရန် IP ဥပဒေများကို ပြဋ္ဌာန်းခြင်း၏ အရေးပါမှုများကို MoC မှ အတွင်းရေးမှူး  Ouk Prachea ကအလေးပေးပြောကြားခဲ့သည်။ IP မူဘောင်ကို အားကောင်းစေခြင်းဖြင့် အစိုးရသည် ဆန်းသစ်တီထွင်မှုဖြင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်၊ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ကာ ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ IP စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မှုနှင့် IP ပိုင်ဆိုင်မှုများအတွက် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခွင့်အလမ်း များမြှင့်တင်ရေးတို့အတွက် လုပ်ထုံးလုပ်နည်းများနှင့် အခြေအနေများ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အလေးပေးပြောကြားခဲ့သည်။ အဆိုပါ ပဏာမခြေလှမ်းများသည် ကမ္ဘောဒီးယားကုမ္ပဏီများ အထူးသဖြင့် MSMEs လုပ်ငန်းများ၊ ၎င်းတို့၏ ဖန်တီးမှုနှင့် နည်းပညာဆိုင်ရာ ပိုင်ဆိုင်မှုများကို ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များသို့ ချဲ့ထွင်နိုင်ရန် ကူညီပေးရန် ရည်ရွယ်ထားကြောင်း Prachea  က ထပ်လောင်းပြောကြားခဲ့သည်။

Source: Khmer Times                                                                                  

DOCA (ရန်ကုန်)

 

ENN Group China သည် စမတ်ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန်အတွက် ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းအဖွဲ့များနှင့် နားလည်မှုစာချွန်လွှာရေးထိုးရန် ရည်ရွယ်ထား

     တရုတ်နိုင်ငံ၊ Hebei ပြည်နယ်မှ ထိပ်တန်း AI ကုမ္ပဏီတစ်ခုဖြစ်သည့် ENN Group China သည် စမတ်ကျသော ခရီးသွားလုပ်ငန်းများ အားကောင်းလာစေရန်အတွက် ကမ္ဘောဒီးယား ခရီးသွားအသင်းများနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရန် ရည်မှန်းထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလုပ်ငန်း ၀န်ကြီး Huot Hak သည် ENN Group China ၏ လက်အောက်ခံ Ennova Holding Co., Ltd. မှ ဒါရိုက်တာ Li Jianxin နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားကဏ္ဍတွင် AI မိတ်ဆက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် ဝန်ကြီး Huot Hak က ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် Ennova Holding Co., Ltd ၏ ပဏာမခြေလှမ်းအတွက် ထောက်ခံကြောင်း ပြောကြားခဲ့သည်။  ဤပူးပေါင်းဆောင်ရွက်မှုသည် ဆန်းသစ်တီထွင်မှုကို အားပေးရန်နှင့် ကမ္ဘောဒီးယားသို့ တရုတ်နှင့် နိုင်ငံတကာဧည့်သည်များကို ပိုမိုဆွဲဆောင်ရန် အထောက်အကူဖြစ်စေကြောင်း  Huot Hak ထပ်မံပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၃၆ နှစ်ကျော် က စတင်တည်ထောင်ခဲ့သော ENN Group China သည် တရုတ်နိုင်ငံတွင် ထိပ်တန်းပုဂ္ဂလိက ကုမ္ပဏီ ၁၀၀ တွင်ပါဝင်လျက်ရှိပြီး ဝန်ထမ်းပေါင်း ၄၅,၀၀၀ ကျော်ဖြင့် လုပ်ငန်းများလည်ပတ် လျက်ရှိကာ နှစ်စဉ် ၀င်ငွေ ကန်ဒေါ်လာ ၂၂ ဘီလီယံကျော် ရရှိနေကြောင်း Li Jianxin  ကပြောကြားခဲ့သည်။  ကုမ္ပဏီသည် ကဏ္ဍအသီးသီးရှိ AI အသုံးချပရိုဂရမ်များတွင် ကျွမ်းကျင်မှု များအတွက် အသိအမှတ်ပြုခံနေရကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Source: Khmer Times                                                                                   

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားသည် ၎င်း၏ ပထမဆုံး မဂ္ဂါဝပ် ၁၅၀ လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၂၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်

      ကမ္ဘောဒီးယားနိုင်ငံ လျှပ်စစ်ဓာတ်အားပေးရေးဌာန အထွေထွေညွှန်ကြားရေးမှူး တာဝန်ခံ Dr. Praeng Jalsa က ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ ပထမဆုံး မဂ္ဂါဝပ် ၁၅၀ ဓာတ်အားပေး စက်ရုံကို ၂၀၂၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သဘောတူညီမှု လက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၃-၉-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး Mr. Keo Ratanak ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ၏ အစည်းအဝေးတွင် ဒေါက်တာ Praang မှ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ လျှပ်စစ်ဓာတ်အားပေးရေးဌာနမှ ထုတ်ပြန်ချက်များအရ လက်ရှိတွင် ကမ္ဘောဒီးယား၌ စွမ်းအင်အရင်းအမြစ် ၅,၀၀၀ မဂ္ဂါဝပ်ကျော်ရှိပြီး ၆၀ ရာခိုင်နှုန်းခန့် သည် ရေအားလျှပ်စစ်၊ ဇီဝလောင်စာနှင့် ဆိုလာဓာတ်အားပေးစက်ရုံများကဲ့သို့သော ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များဖြစ်ကြောင်း သိရသည်။ Mondulkiri ခရိုင်ရှိ လေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်ကာ ပြင်သစ်ကုမ္ပဏီ Blue Circle ကုမ္ပဏီမှ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများ ရေးဆွဲခြင်း၊ ငွေကြေးထောက်ပံ့ခြင်းနှင့် လုပ်ငန်းများလည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း Dr. Praeng Jalsa က ပြောကြားခဲ့သည်။ Blue Circle ကုမ္ပဏီသည် ၎င်း၏ ပထမဆုံးလေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် Mondulkiri ပြည်နယ်သို့ ၂၀၁၅ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် စတင်၍ လုပ်ငန်းများလည်ပတ်ရန် စီစဉ်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Source: Khmer Times 

DOCA (ရန်ကုန်)

                                                             

Agro King Trading သည် နှစ်စဉ် လယ်ယာထွက်ကုန် တန်ချိန် ၅၃၄,၀၀၀ ၀ယ်ယူ

        ဗီယက်နမ်နိုင်ငံအခြေစိုက် Hong Nga Saigon Co., Ltd ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Agro King Trading Co., Ltd သည် Pailin ခရိုင်၏ စိုက်ပျိုးရေးထွက်ကုန်များအတွက် အကြီးစားဝယ်ယူရေးအမှာစာများကို အတည်ပြုလိုက်သောကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် သိသိသာသာ တိုးတက်လာခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန(MAFF) မှ ထုတ်ပြန်ထားသည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန(MAFF) မှ လက်ထောက်အတွင်းရေးမှူး Ky Chanromduol က လယ်ယာ ထွက်ကုန် များအား နှစ်စဉ် စုစုပေါင်း တန်ချိန် ၅၃၄,၀၀၀ ဖြစ်သောစပါးနီ တန်ချိန် ၅၀၀,၀၀၀၊ ကြိတ်ခွဲပြီး ဆန် တန်ချိန် ၂ဝ၀၊  ပဲပိစပ် တန်ချိန် ၂,၀၀၀ တို့ကိုဝယ်ယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ကတိကဝတ်ပြုမှုသည် ကမ္ဘောဒီးယားတောင်သူလယ်သမားများအတွက် တည်ငြိမ်သော ဈေးကွက်ကို အာမခံရုံသာမက ဗီယက်နမ်နှင့် နယ်စပ်ဖြတ်ကျော် စိုက်ပျိုးရေးကုန်သွယ်မှု ကိုလည်း ခိုင်မာစေမည်ဖြစ်သည်။  ကုမ္ပဏီ၏ဝယ်ယူရေး အစီအစဉ်သည် Pailin ခရိုင်၏ စိုက်ပျိုးရေး တန်ဖိုးကွင်းဆက်ကို မြှင့်တင်ပေးစဉ်တွင် ဒေသထွက်သီးနှံများ၏ လိုအပ်ချက်ကို တစ်သမတ်တည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ အစိုးရနှစ်ရပ်စလုံးက ပုဂ္ဂလိကကုမ္ပဏီများ အား စိတ်ချရသော ထောက်ပံ့ရေးကွင်းဆက်များ လုံခြုံစေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံမှုကို မြှင့်တင်ပေးခြင်းဖြင့် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကြား စိုက်ပျိုးကုန်သွယ်မှုတွင် တိုးပွားလာသော ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကြောင်း MAFF မှ ထုတ်ပြန်ထားသည်။

Source: Khmer Times                                                                                 

 DOCA (ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ