Main menu

၂၀၂၅ ခုနှစ်၏ ပထမ ၈ လအတွင်း အသားနှင့်အသားထုတ်ကုန်တန်ချိန် ၁၈၀၀၀ ကျော်အား တင်ပို့ခဲ့သည့် မွန်ဂိုလီးယားနိုင်ငံ

Powered by Drupal

   ၂၀၂၅ ခုနှစ်၏ ပထမ ၈ လအတွင်း မွန်ဂိုလီးယားနိုင်ငံသည် အသားနှင့်အသားထုတ်ကုန် တန် ချိန် ၁၈၁၀၀ အား ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့ပြီး ပြီးခဲ့သည့်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း မွန်ဂိုလီးယားနိုင်ငံ၏ အစားအသောက်၊ လယ်ယာနှင့် လျှပ်စစ် စက်မှုဝန်ကြီးဌာနမှ စက်တင်ဘာလ ၂၈ ရက်နေ့တွင်ပြောကြားခဲ့သည်။ သိုးသားများနှင့် ဆိတ်သား များတင်ပို့မှုသည် စုစုပေါင်းတင်ပို့မှု၏ ၆၃ ရာခိုင်နှုန်းခန့် ရှိကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုကာအတွင်း အသားများအဓိကတင်ပို့ သည့် နိုင်ငံများမှာ တရုတ်၊ အာရပ် စော်ဘွားများပြည်ထောင်စု၊ ကာတာ၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ် သည်။          တိရိစ္ဆာန်မွေးမြူရေးကဏ္ဍသည် မွန်ဂိုလီးယား နိုင်ငံ၏စီးပွားရေး အတွက် ‌အရေးပါသော ကဏ္ဍ တစ်ရပ် ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်သည် အဆိုပါကဏ္ဍပေါ်တွင် မှီခို၍ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိကြောင်း သိရသည်။

          သို့သော်လည်း ပြင်ထန်၍ ကြာမြင့်သော ဆောင်းရာသီဒဏ်ကြောင့် မွန်ဂိုလီးယားနိုင်ငံ၏ သဘာဝတိရိစ္ဆာန်အုပ်များ နှစ်တိုင်းအသက်ဆုံးရှုံးလျက်ရှိပြီး ၎င်းတို့၏ အသက်မွေးဝမ်း ကြောင်းများ ကိုထိခိုက်စေလျက်ရှိကြောင်းသိရပါသည်။ စာရင်းအင်းရုံး၏အဆိုအရ မွန်ဂိုလီယား နိုင်ငံသည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် မွေးမြူရေးတိရိစ္ဆာန်အကောင်ရေ ၅၇.၆ သန်းရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

DOCA(ရန်ကုန်)