
ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်းနိုင်ငံတကာအရံငွေ (GIR) သည် သြဂုတ်လတွင် အမေရိကန် ဒေါ်လာ ၁၀၇.၁ ဘီလီယံရှိခဲ့ရာမှ စက်တင်ဘာလတွင် ၁၀၈.၈ အထိ မြင့်တက်လာခဲ့ကြောင်း Bangko Sentral ng Pilipinas (BSP) မှ အောက်တိုဘာ ၇ ရက်နေ့တွင် ထုတ်ပြန်သော ကနဦး အချက်အလက်များအရ သိရှိရပါသည်။
GIR သည် ကမ္ဘာ့ရွှေဈေးမြင့်တက်မှု၊ BSP ရင်းနှီးမြှုပ်နှံမှုများမှ ရရှိသော ဝင်ငွေများနှင့် နိုင်ငံတော်အစိုးရမှ BSP အပ်နှံထားသည့် နိုင်ငံခြားအပ်ငွေများကြောင့် စက်တင်ဘာလတွင် မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့ပါသည်။
အသားတင်နိုင်ငံတကာ အရံငွေများသည် နိုင်ငံခြားငွေကြေးဖြင့် သတ်မှတ်ထားသော ချေးငွေ သက်သေခံလက်မှတ်များ၊ နိုင်ငံခြားငွေကြေးနှင့် ရွှေအပါအဝင် အခြားပိုင်ဆိုင်မှုများဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံ၏ သွင်းကုန်နှင့် နိုင်ငံခြားကြွေးမြီများကို ထောက်ပံ့ရန်၊ ၄င်း ငွေကြေးများကို တည်ငြိမ်စေရန်၊ ပြင်ပစီးပွားရေး ပြဿနာများမှ ကာကွယ်ရန်အတွက် ကူညီပေးပါသည်။
DOCA (ရန်ကုန်)
