Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တောင်ကိုရီးယားနိုင်ငံ၏ ဆောက်လုပ်ရေးကန်ထရိုက်များသည် ၂၀၂၄ ခုနှစ် တွင် ပြန်လည်ကောင်းမွန်လာ

         ပြည်တွင်းပြည်ပ ၀ယ်လိုအားခိုင်မာမှုကြောင့် တောင်ကိုရီးယား၏ ဆောက်လုပ်ရေးကန်ထရိုက်များသည် ယမန်နှစ်တွင် ပြန်လည်ကောင်းမွန်လာကြောင်း စာရင်းအင်းရုံး အချက်အလက်များ၏ သြဂုတ်လ ၂၂ ရက်နေ့ ဖော်ပြချက်အရသိရသည်။ ယခင်နှစ်တွင် ၁၂.၁ ရာခိုင်နှုန်း ကျဆင်းသွားပြီးနောက် ၂၀၂၄ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် စာချုပ်များသည် ၃.၄ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ကိန်းဂဏန်းများအရ သိရသည်။ ပြည်တွင်းစာချုပ်များသည် ဝမ် ၂၆၆ ထရီလျံ (ဒေါ်လာ ၁၉၀.၄ ဘီလီယံ) သို့ ၃.၄ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပြီး၊ ပြည်ပစာချုပ်များသည် အရှေ့အလယ်ပိုင်းနှင့် အာရှမှ၀ယ်လိုအား အားကောင်းခြင်းကြောင့် ၂.၉ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ပြည်တွင်းဈေးကွက်တွင် ပုဂ္ဂလိကကဏ္ဍမှ ဆောက်လုပ်ရေး ကန်ထရိုက်များ ၁.၄ ရာခိုင်နှုန်းနှင့် အများပိုင်ဆောက်လုပ်ရေး ကန်ထရိုက်များ ၈ ရာခိုင်နှုန်း မြင့်တက်လာသည်။ ဆောက်လုပ်ရေးလုပ်ငန်း ပြီးစီးမှု ၁.၄ ရာခိုင်နှုန်းသည် ၂၀၂၄ ခုနှစ်တွင် ဝမ် ၃၆၄ ထရီလီယံ (ဒေါ်လာ ၂၆၀.၅ ဘီလီယံ) အထိ တိုးလာပြီး ၂၀၂၃ ခုနှစ်တွင် ၄.၇ ရာခိုင် နှုန်း တိုးလာပြီးနောက် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက တိုးလာခဲ့သည်။ ဆောက်လုပ်ရေးကုမ္ပ ဏီ အရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၈၉၀၉၄ ရှိခဲ့ပြီး ယခင်နှစ်ထက် ၁.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။ 

Source : Xinhua

DOCA(ရန်ကုန်)

နီပေါ၏ နိုင်ငံခြားကုန်သွယ်မှုသည် ဘဏ္ဍာနှစ်သစ်၏ ပထမလတွင် ကြီးထွားလာ

          နီပေါနိုင်ငံသည် လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ ပထမလတွင် တစ်နှစ်ထက်တစ်နှစ် ၁၈.၇၅ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်ဦးစီးဌာနမှ သြဂုတ်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

          ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပထမလတွင် ရူပီး ၁၄၀.၁၆ ဘီလီယံမှ ဇူလိုင်လလယ်နှင့် သြဂုတ် လလယ်ကြားတွင် နီပေါရူပီး ၁၆၆.၉၇ ဘီလီယံအထိ ရှိလာခဲ့သည်။

        ယင်းကာလအတွင်း နိုင်ငံ၏ ပို့ကုန်သည် ၉၅.၇၅ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပြီး ရူပီး ၂၃.၉၃ ဘီလီယံ ရှိပြီး သွင်းကုန်မှာ ၁၁.၄၁ ရာခိုင်နှုန်းမှ ၁၄၃.၀၄ ဘီလီယံ ရူပီးသို့ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ 

Source : Xinhua

DOCA(ရန်ကုန်)

စိုက်ပျိုးရေးအသွင်ပြောင်းရန်အတွက် ခေတ်မီနည်းပညာများကို လက်ခံကျင့်သုံးရန် ဘော့ဆွာနန်သမ္မတက တောင်းဆို

          ဘော့ဆွာနန်သမ္မတ Duma Boko သည် စိုက်ပျိုးရေးကို နိုင်ငံတော်စီးပွားရေး၏ ကျောရိုးအဖြစ်ပြောင်းလဲရန် ခေတ်မီနည်းပညာများကို လက်ခံကျင့်သုံးရန် သြဂုတ်လ ၂၂ ရက် နေ့က တောင်းဆိုခဲ့သည်။ နိုင်ငံ၏မြို့တော် Gaborone ရှိ National Agricultural Show တွင် Boko သည် လယ်ယာစိုက်ပျိုးရေးတွင် ကြီးမားသောရင်းနှီးမြှုပ်နှံမှုလိုအပ်ကြောင်း၊ လယ်သမားများအတွက် ခိုင်မာသောပံ့ပိုးကူညီမှုနှင့် စိုက်ပျိုးရေးကို ဗျူဟာမြောက်ဦးစားပေးအဖြစ် သဘောထားပြောင်းရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ စိုက်ပျိုးရေးမူဝါဒများကို ပြန်လည်ပုံဖော်ရန်၊ အဖွဲ့အစည်းများကို အားကောင်းလာစေရန်နှင့် ကဏ္ဍအတွင်း အခွင့်အလမ်းသစ်များ ပွင့်လာစေရန်အတွက် လယ်သမားများနှင့် လက်တွဲလုပ်ဆောင်ရန် အစိုးရ၏ ကတိကဝတ်ကို မီးမောင်းထိုးပြခဲ့သည်။ ရာသီဥတုဖောက်ပြန်မှု၊ မိုးခေါင်မှု၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလှုပ်ခတ်မှုနှင့် အားနည်းသောတိုးချဲ့ဝန်ဆောင်မှုများကို အမြဲမပြတ် အတားအဆီးများအဖြစ် စိန်ခေါ်မှုများကို ဖော်ထုတ်ခဲ့သည်။ ခေတ်မီနည်းပညာများကို လက်ခံကျင့်သုံးမှု နှေးကွေးခြင်း၊ အခြေခံအဆောက်အဦညံ့ဖျင်းခြင်းနှင့် ဖွံ့ဖြိုးမှုအတွက် အဓိကအတားအဆီးများအဖြစ် အကန့်အသတ်ရှိသော ငွေကြေးဆိုင်ရာ ရွေးချယ်မှုများကိုလည်း ထောက်ပြခဲ့သည်။ မြေယာနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန ယာယီဝန်ကြီး Edwin Dikoloti က ခံနိုင်ရည်ရှိသော အစားအစာစနစ်တစ်ခု တည်ဆောက်ရာတွင် စည်းလုံးညီညွတ်မှု၊ စည်းကမ်းနှင့် ခွဲဝေ တာဝန်ယူမှုတို့အပြင် စွန့်ဦးတီထွင်မှု၊ တီထွင်ဆန်းသစ်မှုနှင့် ရေရှည်တည်တံ့သော အလေ့အကျင့်များတွင် ရင်းနှီးမြှုပ်နှံရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ခေတ်မီနည်းပညာများ အသုံးချခြင်းဖြင့် လယ်ယာကုန်ထုတ်စွမ်းအားကို မြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ယခုနှစ်ပြပွဲကို သြဂုတ် ၁၈ ရက်မှ ၂၄ ရက်အထိ နိုင်ငံတစ်ဝှမ်းမှ တောင်သူလယ်သမားများကို ဆွဲဆောင်ကာ မွေးမြူရေးတိရစ္ဆာန်ငယ် ၁၀၀၀ ကျော်နှင့် နွား ၃၀၀ ကျော် ပြသခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)

ယခုနှစ်တွင် ဆန်တင်ပို့မှု တန်ချိန် ၈.၂ သန်းကျော်ဖြတ်ရန်ခန့်မှန်းရသည့် ဗီယက်နမ်

              လတ်တလောတွင် ဖိလစ်ပိုင်ထံမှဆန်တင်သွင်းမှုယာယီရပ်တန့်နေသော်လည်း ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် တောင်အာဖရိကအစရှိသည့်‌ဈေးကွက်များသို့ တင်ပို့မှုမြင့်တက်လာသောကြောင့် ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်သည်ဆန်တန်တင်ပို့မှု တန်ချိန် ၈.၂ သန်းကျော်ရန် ခန့်မှန်းရကြောင်း သိရပါသည်။ ကမ္ဘာ့အကြီးမားဆုံးဆန်တင်သွင်းသူဖြစ်သည့် ဖိလစ်ပိုင်သည် ၂၀၂၄ ခုနှစ် က ဆန်တန်ချိန် ၄.၈ သန်းတင်သွင်းခဲ့ပြီး ဗီယက်နမ်ထံမှဆန်တန်ချိန် ၃.၆ သန်းတင်သွင်းခဲ့ကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၇ လတာကာလတွင် ဗီယက်နမ်သည် ဆန်တန်ချိန် ၅.၅ သန်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၈၁ ဘီလီယံရရှိခဲ့ပြီး ဖိလစ်ပိုင်ကအကြီးမားဆုံး ဝယ်ယူသူဖြစ်ကြောင်း သိရပါသည်။ သို့သော်ဝင်ငွေရရှိမှုမှာ ၂၀၂၄ ခုနှစ် ပထမ ၇ လတာကာလ နှင့်နှိုင်းယှဉ်ပါက ၁၃.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ပို့ကုန်လုပ်ငန်းရှင်များက ဖိလစ်ပိုင်သို့တင်ပို့မှုနှေးကွေးခဲ့သော်လည်း ၎င်းတို့သည် သိသာစွာတိုးတက်လာသောဈေးနှုန်းများဖြင့် စာချုပ်သစ်များလက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံနှင့် တောင်အာဖရိကဈေးကွက်များသို့ တိုးချဲ့ နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုလအစောပိုင်းတွင် ဖိလစ်ပိုင်အစိုးရသည် ပြည်တွင်းဆန်‌ဈေးနှုန်း များကျဆင်းမှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဆန်တင်သွင်းမှု ၂ လပိတ်ပင်ကြောင်း ကြေညာခဲ့ပါသည်။ သို့သော်ဈေးကွက်ကျွမ်းကျင်သူများက အခြားဒေသများတွင်ဝယ်လိုအား ကြီးထွားလာမှု၏ကျေးဇူးကြောင့် စုစုပေါင်းတင်ပို့မှုမှာဆက်လက်မြင့်တက်နိုင်ကြောင်းခန့်မှန်းခဲ့ ကြပါသည်။ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနက ယခုနှစ်အတွက် ဗီယက်နမ်၏ စုစုပေါင်းဆန် တင်ပို့မှုကို တန်ချိန် ၈.၂ သန်းကျော်ရန်ခန့်မှန်းထားပြီး ယခင်ခန့်မှန်းချက်ထက် တန်ချိန် ၃၀၀၀၀၀ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အာဖရိကနှင့် တရုတ်ထံမှ ဝယ်လိုအားမြင့်တက်လာ မှုကြောင့် တင်ပို့မှုများမှာ နှစ်ကုန်တွင်မြင့်တက်လာနိုင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာ ပင် ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှုပိတ်ပင်မှုသည် နိုင်ငံ၏ဝယ်ယူမှုကို တန်ချိန် ၅၀၀၀၀၀ ခန့် လျှော့ကျသွားရန်ခန့်မှန်းရသော်လည်း ယခုနှစ်အတွက် ဖိလစ်ပိုင်၏ဆန်တင်သွင်းမှုသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်သည့် တန်ချိန် ၄.၉ သန်း တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရပါ သည်။ ဗီယက်နမ်အစားအစာအသင်း၏ဥက္ကဌဖြစ်သူ Do Ha Nam က ၇ လတာကာလအတွင်း အားကောင်းသည့်ရလဒ်များကြောင့် ယခုနှစ်အတွက် ဆန်တင်ပို့မှုတန်ချိန် ၈ သန်းကိုကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ချက်ရှိကြောင်းနှင့် နိုင်ငံသည် ၎င်းတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်လက္ခဏာနှင့် နိုင်ငံတကာဈေးကွက်များတွင် အသိအမှတ်ပြုမှုမြင့်တက်လာမှုကြောင့် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဆန်တင်ပို့သူအဖြစ်တည်ရှိမှုကို ဆက်လက်ခိုင်မာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)                                                                           

ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုများ ကျဆင်းလာ

          ထိုင်းနိုင်ငံရှိမော်တော်ကားထုတ်လုပ်မှုများသည် လျှပ်စစ်ကားထုတ်လုပ်ရောင်းချမှုများ မြင့်တက်လာသော်လည်း အကောက်ခွန်စည်းကြပ်မှုကြောင့် တင်ပို့မှုအား ထိခိုက်မှုများရှိလာသဖြင့် သုံးလအတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကျဆင်းလာကြောင်း သြဂုတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်သော ထိုင်းနိုင်ငံစက်မှုလက်မှုလုပ်ငန်းအဖွဲ့အစည်း၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ ယခင်လတွင် ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုသည် ၁၁၀၆၁၆ စီးသာ ထုတ်လုပ်နိုင်ခဲ့ပြီး ၁၁.၃၉ ရာခိုင်နှုန်းကျဆင်းလာကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံမှ အ‌ကောက်ခွန်စည်းကြပ်မှုများအပေါ် မငြိမ်သက်မှုများကြောင့် ထိုင်းနိုင်ငံ၏ ကားတင်ပို့မှုသည် ၁၃.၂၇ ရာခိုင်နှုန်းခန့်ကျဆင်းလာကြောင်း FTI ၏မော်တော်ကားထုတ်လုပ်ရေးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ Surapong Paisitpattanapong က ပြောကြားခဲ့ပါသည်။ သို့ရာတွင် ပြည်တွင်း ကားရောင်းချမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ၅.၈၄ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ပြည်တွင်းလျှပ်စစ်ကားရောင်းချမှုသည် ၃၅ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ယခုနှစ်တွင် ကားအစီးရေပေါင်း ၆၀၀၀၀၀ ခန့် ရောင်းချနိုင်ရန် အခွင့်အလမ်းများရှိကြောင်း Surapong က ထပ်ပေါင်းပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံ မော်တာကားထုတ်လုပ်ရေးစင်တာ၏ အကြီးမားဆုံးထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး Toyota နှင့် Honda ကုမ္ပဏီများအပါအဝင်  တစ်ခြားကမ္ဘာ့ထိပ်သီး ကားထုတ်လုပ်သူများအတွက် တင်ပို့မှုအခြေစိုက်စခန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

Source: CNA

DOCA (ရန်ကုန်)                                                                             

ယခုနှစ်အတွက် ထိုင်းနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပင်လယ်စာတင်ပို့မှုများ ဘတ် ၄.၈ ဘီလီယံခန့် ဆုံးရှုံးနိုင်ဖွယ်ရှိ

            အမေရိကန်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုများသည် Washington မှ ပင်လယ်စာအဓိကထုတ်ကုန်များဖြစ်သည့် ပုဇွန်နှင့်တူနာငါးအပေါ်အခွန် ၁၉ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှု အပြီးတွင် ဘတ် ၄.၈ ဘီလီယံခန့် ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း သိရပါသည်။ အမေရိကန် နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ပင်လယ်စာတင်ပို့သည့်စျေးကွက်ဖြစ်ပြီး ယခင်ဆယ်စုနှစ် အတွင်းတွင် ဘတ် ၈၁၁ ဘီလီယံဝန်းကျင်ခန့်၊ နှစ်စဥ် တန်ချိန်ပေါင်း ၃ သန်းခန့် ဝယ်ယူ တင်သွင်းခဲ့ သည့် ကမ္ဘာ့ထိပ်သီးတင်သွင်းသည့် နိုင်ငံဖြစ်ပါသည်။ ထိုင်းနိုင်ငံသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ် အတွင်းတွင် နှစ်စဥ် ဘတ် ၄၀.၅၅ ဘီလီယံခန့်တန်ကြေးရှိသော ပင်လယ်စာကုန်သွယ်မှုနှင့်အတူ ကုန်သွယ်ရေးမြှင့်တင်မှုများကို ဆက်လက်ထိန်းသိမ်းလျက်ရှိကြောင်း သိရပါသည်။ ငါးလုပ်ငန်း ဦးစီးဌာနရှိ အပြည်ပြည်ဆိုင်ရာပင်လယ်စာကုန်သွယ်မှုလေ့လာရေးအဖွဲ့အစည်း၏ ဥက္ကဌဆိုသူ Praphan Noradee ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံသို့ ထိုင်းနိုင်ငံပင်လယ်စာတင်ပို့မှု သည်  နှစ်စဥ် ဘတ် ၄၆.၄၁ ဘီလီယံတန်ကြေးရှိသောတန်ချိန်ပေါင်း ၂၃၆၂၅၅ တန်ခန့်၊ တင်ပို့မှုများ၏ ၂၁.၇၉ ရာခိုင်နှုန်းအထိ ဖြစ်ကြောင်း သိရပါသည်။ နှစ်စဥ်တင်ပို့မှုနှုန်း ၃.၀၉ ရာခိုင် နှုန်းမြင့်တက်မှုနှင့်အတူ တန်ဖိုးသည်လည်း ၂.၂၆ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်းသိရပါ သည်။ အဓိက တင်ပို့သည့် ပင်လယ်စာများမှာ ပုဇွန်၊ ပင်လယ်ငါး၊ တူနာငါးတို့ဖြစ်ကြောင်း သိရပါ သည်။ Praphan က ထိုင်းနိုင်ငံသည် တစ်ခြားယှဥ်ပြိုင်သူများနှင့် နှိုင်းယှဥ်လျှင် ရလဒ်ဆိုးများ မရရှိသော်လည်း အမေရိကန်နိုင်ငံ၏ အခွန်တိုးမြင့်ကောက်ခံမှုကြောင့် ဝယ်လိုအားများကျဆင်း လာနိုင်ပြီး တင်ပို့မှု ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ကြောင်း သိရပါသည်။ ထိုင်းပုဇွန်တင်ပို့မှု ကဏ္ဍသည် အကောက်ခွန် ၁၉ ရာခိုင်နှုန်းတိုးမြင့်မှုအပြင် ထပ်ဆောင်းအခွန်ငွေ ၀.၈၁ ရာခိုင်နှုန်း ပေးဆောင်ရမှုနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ တစ်ခြားတစ်ဖက်တွင် ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံမှ ဆဲလ်မွန်ငါး၊ Alaskan ငါးနှင့် ရေခဲထားသော လတ်ဆတ်သည့် တူနာငါးများ ဝယ်ယူလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်းတွင် ထိုင်းနိုင်ငံ၏ ပင်လယ်စာကုန်သွယ်မှုသည် စုစုပေါင်း ဘတ် ၁၈၇.၂၂ ဘီလီယံခန့်ရောက်ရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၀.၇ ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကြောင်း သိရပါသည်။ တင်ပို့မှုတန်ဖိုးသည် ဘတ် ၁၀၉.၅၅ ဘီလီယံခန့်ရောက်ရှိခဲ့ပြီး တင်သွင်းမှုတန်ဖိုးသည် ဘတ် ၇၇.၆၆ ဘီလီယံခန့်ရောက်ရှိကာ ကုန်သွယ်မှုဝင်‌ငွေသည် ၃၁.၈၈ ဘီလီယံခန့်အထိဖြစ်လာကြောင်း သိရပါသည်။

 

Source: Nation Thailand

DOCA (ရန်ကုန်)                                                            

တရုတ်နိုင်ငံ Youyiguan နယ်စပ်ရှိ ဝန်ဆောင်မှုများ တိုးမြင့်ခြင်းကြောင့် ထိုင်းနိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုများ မြင့်တက်လာ

          ထိုင်းနိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုများသည် တရုတ်နိုင်ငံ Youyiguan နယ်စပ်ရှိဝန်ဆောင်မှုများ အဆင့်မြင်တင်ခြင်းကြောင့် စျေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သြဂုတ်လ ကုန်သွယ်မှုမြှင့်တင်ရေးဌာန (DITP) ၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ DITP ၏ ညွှန်ကြားရေးမှူးချုပ် ဆိုသူ Sunanta Kangvalkulkij က Youyiguan သည် လက်ရှိတွင် ဗီယက်နမ်နိုင်ငံနှင့် တစ်ခြားအရှေ့တောင်အာရှနိုင်ငံများနှင့်ဆက်စပ်နေသော တရုတ်နိုင်ငံ၏ အဓိက ကုန်းလမ်းဖြတ်သန်းရေး နယ်စပ်များထဲမှ တစ်ခုဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် Youyiguan သည် သစ်သီးတင်ပို့မှုနှင့် ကုန်သွယ်မှုများအတွက် ကြီးမားသောကုန်သွယ်ရေးနယ်စပ်တစ်ခုဖြစ်ကြောင်း သိရပါသည်။ Youyiguan ရှိအကောက်ခွန်လုပ်ငန်းစဥ်များသည် အဆင့်မြင့်နည်းပညာဆန်းသစ်တီထွင်မှုများနှင့် အတူ ဆက်လက်တိုးတက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါ တိုးတက်မှုများကြောင့် ကုန်ကားဝင်ရောက်မှုများနှင့် ထွက်ခွာမှုများတွင် အဆင်ပြေချောမွေ့သောလမ်းကြောင်းများ ရရှိစေနိုင်ကြောင်း သိရပါသည်။ အဆိုပါနယ်စပ်မှတစ်ဆင့် ၃ ရက်အတွင်း ကုန်ကား ၈၈၀၀ စီးဖြတ်သန်း လျက်ရှိပြီး တစ်နေ့လျှင် ကုန်ကား ၂၉၃၄ စီးဖြတ်သန်းလျက်ရှိရာ ယခင်နှစ်ကာလနှင့်နှိုင်းယှဥ်လျှင် ၈၉ ရာခိုင်နှုန်းမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါဖြတ်သန်းနှုန်းမြင့်တက်လျက်ရှိသော်လည်း နယ်စပ်ဖြတ်သန်းသွားလာမှုမှာ အချိန်တိုတိုနှင့် အကျိုးသက်ရောက်မှုရှိကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်မေလတွင် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ဒူးရင်းသီး ကွန်တိန်နာပေါင်း ၄၅၄၀ စီးခန့်အား အဆိုပါ နယ်စပ်သို့ဖြတ်သန်းလျက်ရှိပြီး တစ်နေ့လျှင် ကွန်တိန်နာပေါင်း ၁၅၀ စီးခန့် ဖြတ်သန်းလျက်ရှိကြောင်း သိရပါသည်။ အဆိုပါကွန်တိန်နာ စီးဝင်စီးထွက်မှုများသည် အကောက်ခွန်ဌာန၏ အလျဥ်းသင့်သလို စိစစ်မှုဆောင်ရွက်မှုများကြောင့် တစ်နေ့လျှင် ကွန်တိန်နာ ၁၇၀ စီးခန့် စီးဝင်စီးထွက်ရှိလာမည်ဖြစ်ကြောင်း သိရပါသည်။

Source: Nation Thailand 

DOCA (ရန်ကုန်)                                                           

ထိုင်းနိုင်ငံကြက်သားတင်ပို့မှုကို သက်တမ်း ၆ လ ထပ်မံတိုးလိုက်သည့် Saudi Arabia

          Saudi Arabia နိုင်ငံသည် ထိုင်းနိုင်ငံမှ ကြက်သားတင်ပို့မှုကို မှတ်ပုံတင်မှုပြုလုပ်ပြီးနောက် ထပ်မံသက်တမ်း ၆ လတိုးမြင့်လိုက်ကြောင်း Saudi သတင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ ထိုင်းနိုင်ငံ စိုက်ပျိုးကုန်ပစ္စည်းများနှင့်အစားအသောက်စံနှုန်းသတ်မှတ်ရေး ဗျူရို (ACPS) ၏ အတွင်းရေးမှူးချုပ်ဆိုသူ  Dr Chaiwat Yothakol က အဆိုပါ သက်တမ်းမြင့်တင်လိုက်ခြင်းသည် ထိုင်းနိုင်ငံအာဏာပိုင်အဖွဲ့အစည်းများနှင့် Saudi Arabia နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန (MEWA) တို့ကြား အပြန်အလှန်ဆွေးနွေးမှုအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ACPS ၏ ညွှန်ကြားရေးမှူးဆိုသူ Ravinan Chamchalerm ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့နှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် MEWA မှ အရာရှိတို့သည် Saudi GAP လိုအပ်ချက်များအတွက် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဆွေးနွေးပွဲအတွင်းတွင် ထိုင်းနိုင်ငံသည် MEWA ကိုယ်စား မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ စုံစမ်းစစ်ဆေးခြင်းနှင့် လက်မှတ်များထုတ်ပေးရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။ အဆိုပါ အဆိုပြုချက်သည် ထိုင်းနိုင်ငံတင်ပို့သူများ၏ ဝန်ထုပ်ဝန်ပိုးကိုလျော့ချစေနိုင်ကြောင်း သိရပါသည်။ လက်ရှိတွင် အဆိုပါအဆိုပြုချက်ကို Saudi အာဏာပိုင်များက စဥ်းစားလျက်ရှိ‌ကြောင်း သိရပါသည်။ MEWA သည် ၂၀၂၅ သြဂုတ်လအကုန်တွင် Naama ပလက်ဖောင်းမှ တစ်ဆင့် အွန်လိုင်း မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်ရန်စီစဥ်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါအွန်လိုင်းမှတ်ပုံတင်ခြင်းဖြင့် ထိုင်းနိုင်ငံကြက်သားလုပ်ငန်းများသည် Saudi GAP လက်မှတ်ကို တိုက်ရိုက်လျောက်ယူခွင့်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ MEWA သည် ထိုင်းနိုင်ငံ၏ Saudi အစားအသောက်နှင့် ဆေးဝါးအဖွဲ့အစည်း (SFDA) တွင် မှတ်ပုံတင်ထားသော စက်ရုံ ၁၁ ခုအတွက် စည်းကမ်းအသစ်များ ကြပ်မတ်ခြင်းကို ရွေ့ဆိုင်းခွင့်ပေးရန် တောင်းဆိုမှုကို သဘောတူလက်ခံလိုက်ကြောင်း သိရပါသည်။ သို့ရာတွင် သက်ဆိုင်ရာစက်ရုံများအားလုံးသည် MEWA နှင့်အတူ မှတ်ပုံတင်ခြင်း လုပ်ငန်းစဥ်များကို သတ်မှတ်ရက်မတိုင်ခင်တွင် အပြီးသတ်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရပါသည်။

Source: Nation Thailand

DOCA (ရန်ကုန်)                                                            

ဗီယက်နမ်နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် တင်ပို့မှုကဏ္ဍများတွင် အရှိန်အဟုန်မြှင့်တင်တော့မည့် ထိုင်းနိုင်ငံ

          ဗီယက်နမ်နိုင်ငံရှိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း (FDI) သည် ယခုနှစ် ပထမနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအပြည်ပြည် ဆိုင်ရာကုန်သွယ်မှုဌာန၏ ကြီးကြပ်မှုအောက်ရှိ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ထုတ်ပြန်သောအချက်အလက်များအရ သိရပါသည်။ ဇန်နဝါရီလနှင့်ဇွန်လအတွင်းတွင် ဗီယက်နမ်နိုင်ငံသည် FDI တွင် အမေရိကန်ဒေါ်လာ ၂၁.၅၁ ဘီလီယံခန့် ဆွဲဆောင်နိုင်ခဲ့ပြီး ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှက်လျှင် ၃၂.၆ ရာခိုင်နှုန်းမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉.၂၉ ဘီလီယံတန်ကြေးရှိသော စီမံကိန်း ၁၉၈၈ ခု၊ အမေရိကန်ဒေါ်လာ ၈.၉၅ ဘီလီယံတန်ကြေးရှိသော မြို့ပြချဲ့ထွင်ရေးစီမံကိန်းသစ်များ၊ ဗီယက်နမ်စက်ရုံများမှ အမေရိကန် ဒေါ်လာ ၃.၂၈ ဘီလီယံခန့်တန်ကြေးရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံမှ ရရှိသောရှယ်ရာများ နှင့် သဘောတူညီမှု ၁၇၀၈ ခုစသဖြင့် စီမံကိန်းသစ်များ တိုးလာလျက်ရှိကြောင်း သိရပါသည်။ ထုတ်လုပ်ရေးနှင့် ငါးလုပ်ငန်းကဏ္ဍများမှ အများဆုံးရှယ်ယာရရှိမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့် ၊ အိမ်ခြံမြေမှ အမေရိကန်ဒေါ်လာ ၅.၁၇ ဘီလီယံခန့်၊ အသက်မွေဝမ်းကျောင်း၊ သိပ္ပံနှင့် နည်းပညာလှုပ်ရှားမှုများမှ အမေရိကန်ဒေါ်လာ ၁.၁၈ ဘီလီယံခန့်၊ ရေထောက်ပံ့မှုနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမှ အမေရိကန်ဒေါ်လာ ၉၀၂.၉ သန်းခန့် စသဖြင့် ရှယ်ယာများလက်ခံရရှိခဲ့ ကြောင်း သိရပါသည်။ စင်္ကာပူသည် FDI ၏ ရင်းနှီးမြှုပ်နှံမှုစာရင်းတွင် ထိပ်သီးရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၂.၄၁ ဘီလီယံခန့်၊ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၁၃ ဘီလီယံ ခန့်၊ ဆွီဒင်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်၊ ဂျပန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၈၃၂.၃ သန်းခန့်၊ ထိုင်ဝမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၇၂၅.၈ သန်းခန့်၊ ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၉၂ နိုင်ငံတွင် အဆင့် ၁၄ အနေဖြင့် အမေရိကန်ဒေါ်လာ ၅၉.၄ သန်းခန့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသစ်များ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် လျှောက်ထားချက်များသည် တိုးတက်လာကြောင်း သိရပါသည်။ ယခုနှစ်ပထမနှစ်ဝက်တွင် BOI ဆွဲဆောင်မှုဖြင့် ဘတ် ၇၃၇.၆ ဘီလီယံတန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှု FDI စီမံကိန်း၁၃၆၉ ခုကို လျောက်ထားပြီးဖြစ်ကြောင်းနှင့် တစ်နှစ်ထက်တစ်နှစ် ၁၃၂ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ စီမံကိန်းများနက် ထိပ်သီးစီမံကိန်းများမှာ သံနှင့်သတ္ထုစီမံကိန်း ၂၈၅ ခု၊ စက်နှင့် မော်တော်ကားစီမံကိန်း ၂၆၉ ခု နှင့် လျှပ်စစ်တပ်ဆင်ခြင်းနှင့် လျှပ်စစ်ပစ္စည်းများဆိုင်ရာစီမံကိန်း ၂၅၅ ခုတို့ဖြစ်ကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများမှာ ဒစ်ဂျစ်တယ်လုပ်ငန်းများတွင် ဘတ် ၄၁၀ ဘီလီယံခန့်၊ လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်းတပ်ဆင်ခြင်းများတွင် ဘတ် ၁၂၅.၆ ဘီလီယံခန့်၊ သံနှင့်သတ္ထုလုပ်ငန်းများတွင် ဘတ် ၅၉.၉ ဘီလီယံခန့်စသဖြင့်ရှိကြောင်း သိရပါသည်။

Source: Nation Thailand

DOCA (ရန်ကုန်)                                                            

အိန္ဒိယနိုင်ငံ၏ ဆန်တန်ချိန် သန်း ၂၀ စတင်တင်သွင်းမှုကြောင့် ထိုင်းနိုင်ငံ၏ ဆန်စျေးနှုန်းများ ကျဆင်းလာနိုင်သည်ဟု ကုန်သည်များက သတိပေး

          ထိုင်းနိုင်ငံဆန်ကုန်သည်များအဖွဲ့အစည်းက ထိုင်းနိုင်ငံ၏ ဆန်စျေးနှုန်းများသည် စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံအစိုးရ၏ ဆန်တန်ချိန် သန်း၂၀ခန့်ကို ၎င်းတို့၏ သိုလှောင်ရုံများမှ စတင်တင်ပို့မည့် လုပ်ဆောင်ချက်အပြီးတွင် ကျဆင်းလာနိုင်သည်ဟု သတိပေးခဲ့ကြောင်း သိရပါသည်။ အဆိုခန့်မှန်းချက်ကို ထိုင်းနိုင်ငံဆန်ကုန်သည်များ အဖွဲ့အစည်းမှ ဥက္ကဌဆိုသူ Chukiart Opaswong က ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ Chukiart က အိန္ဒိယနိုင်ငံအစိုးရသည် ၎င်းတို့၏ ဆန်တန်ချိန် သန်း ၂၀ ခန့်ကို စတင်သွင်းမည်ဆိုပါက ထိုင်းနိုင်ငံ၏ ကမ္ဘာ့စျေးကွက်အတွင်း ပြိုင်ဆိုင်မှုသည် အားနည်းလာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါလုပ်ဆောင်မှု၏ ရလဒ်အနေဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ဆန်စျေးနှုန်းများကျဆင်းလာနိုင်ပြီး လယ်သမားများသည် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ အစီရင်ခံစာများအရ အဆိုပါ ဆန်များကို အီသာနောထုတ်လုပ်သူများသို့လည်းကောင်း၊ ဆင်းရနွမ်းပါးသူများထံသို့လည်ကောင်း၊ ဆန်ကုန်သည်များသို့လည်းကောင်း နည်းလမ်းသုံးလမ်းဖြင့် ရောင်ချရန် နေရာချထားကြောင်း သိရပါသည်။ Chukiart က အိန္ဒိယဆန်တင်ပို့သူများသည် နိုင်ငံတကာဆန်တင်ပို့မှု စံချိန်များနှင့် ကိုက်ညီစေရန်အတွက် ဆန်တန်ချိန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ ခန့် ထပ်ပေါင်း အသုံးပြု ရမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဆန်များကို ပြန်လည်ရောင်းချရာတွင်လည်း အမေရိကန်ဒေါ်လာ ၂၈၀ မှ ၃၀၀ အတွင်းရောင်းချမည်ဖြစ်ပြီး အဆိုစျေးနှုန်းသည် ထိုင်းနိုင်ငံ၏ လက်ရှိဆန်တင်ပို့ စျေးနှုန်းထက် လျော့နည်းကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၏ ပြည်ပသို့ တင်ပို့သော ဆန်စျေးနှုန်းသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၅ မှ ၃၇၀ ဖြင့် တင်ပို့လျက်ရှိ ကြောင်း သိရပါသည်။ အဆိုပါစျေးနှုန်းများဖြင့်ရောင်းချလျှင် လယ်သမားများသည် တစ်တန်လျှင် ဘတ် ၅၀၀၀ မှ ၆၀၀၀ အတွင်း ရရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၁ တန်လျှင် ဘတ် ၁၁၀၀၀ မှ ၁၂၀၀၀ အထိရရှိခဲ့မှုနှင့် နှိုင်းယှဥ်လျှင် ယခုနှစ် ထိုင်းနိုင်ငံ၏ လယ်သမားများရရှိသော ဆန်စျေးနှုန်း မှာ ကျဆင်းနေကြောင်း သိရပါသည်။ ယခုနှစ်ပထမ ၆ လအတွင်းတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့စျေးကွက်သို့ ဆန်တန်ချိန် ၁၁ သန်းတင်ပို့ခဲ့ပြီး ဗီယက်နိမ်နိုင်ငံသည် ဆန်ချိန် ၅.၂ သန်းတင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံသည် ဆန်တန်ချိန်ပေါင်း ၃.၇ သန်းသာတင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် Chukiart က ကမ္ဘာ့ဆန်စျေးကွက်သည် အိန္ဒိယနိုင်ငံ၏ လွှမ်းမိုးမှုများနှင့် ကြုံတွေ့နေရကြောင်း ထပ်ပေါင်းပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ ဆန်တင်ပို့မှုစျေးနှုန်းသည် ချက်ချင်းကျဆင်းလျက်ရှိပြီး ထပ်မံကျဆင်းမည်ဟု ဆန်ကုန်သည်များက ခန့်မှန်းနေကြောင်း သိရှိရပါသည်။

 

Source: Natio Thailand

DOCA (ရန်ကုန်)                                                              

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ