Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆွဲဆောင်နေသည့် ဗီယက်နမ်၏ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းကဏ္ဍ

          ၂၀၂၅ ခုနှစ်၏ ပထမ ၇ လတာကာလတွင် ဗီယက်နမ်၏ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းကဏ္ဍသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)များကိုဆွဲဆောင်ရာတွင် ထိပ်ဆုံးကဦးဆောင်နေကြောင်း ဗီယက်နမ်နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများအသင်း၏ ဒုတိယဥက္ကဌ Nguyen Van Toan ၏ အဆိုအရ သိရပါသည်။ ထိုကာလအတွင်း အသစ်မှတ်ပုံတင်သည့် FDI မှာ အမေရိကန်ဒေါ်လာ ၁၀.၀၃ ဘီလီယံတန်ဖိုးရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၆၁ ဘီလီယံမှာ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းသို့ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ မတည်ငွေအသစ်မှတ်ပုံတင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုထပ်တိုးခြင်းနှင့် ရှယ်ယာဝယ်ယူခြင်းတို့ပါဝင် သည့် စုစုပေါင်းဆိုပါက ကဏ္ဍသည် အမေရိကန်ဒေါ်လာ ၁၃.၇၂ ဘီလီယံရရှိခဲ့ပြီး စုစုပေါင်း FDI ရရှိမှု၏ ၅၇ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရပါသည်။ Toan က ဗီယက်နမ်၏ ယှဉ်ပြိုင်နိုင်သော လုပ်သားကုန်ကျစရိတ်၊ သင့်လျော်သောပထဝီနိုင်ငံတည်နေရာ၊ မျိုးဆက်သစ်လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များတွင်ပါဝင်မှုနှင့်  စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်လာမှုတို့ကြောင့် ထိုရလဒ်ရရှိခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုကွင်းဆက်များ အထူးသဖြင့် အီလတ်ထရောနစ်နှင့် အစိတ်အပိုင်းသို့ နိုင်ငံနက်ရှိုင်းစွာဝင်ရောက်မှုက ရင်းနှီးမြှုပ်နှံမှုယုံကြည်ချက်ကို အားသစ်လောင်းပေးခဲ့ကြောင်း သိရပါသည်။ Toan က ပြုပြင် ထုတ်လုပ်ခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းကဏ္ဍများသို့ FDI ဝင်ရောက်မှုအားကောင်းခြင်းသည် ထုတ်လုပ်မှုစွမ်းရည်တိုးချဲ့ရန်၊ တင်ပို့မှုအရှိန်မြှင့်တင်ရန်၊ အလုပ်အကိုင်များဖန်တီးပေးရန်နှင့် GDP ကြီးထွားမှုသိသာစွာရရှိရန် ပံ့ပိုးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ သို့သော် Toan က ဗီယက်နမ်သည် FDI အရည်အတွက်ကိုသာမက အရည်အသွေးကိုပါအဓိကထားသင့်ကြောင်း၊ နည်းပညာမြင့်ကဏ္ဍများကိုဦးစားပေးသင့်ကြောင်း၊  သဘာဝပတ်ဝန်းကျင်နှင့်သင့်လျော်သော စီမံကိန်းများနှင့် ပြည်တွင်းလုပ်ငန်းများကို နည်းပညာလွှဲပြောင်းပေးရန်အာမခံချက်ရှိသည့် လုပ်ငန်းများကို အဓိကထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမ ၇ လတွင် ဗီယက်နမ်သည် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၄.၀၉ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီ သည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၇.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့မည့် ဗီယက်နမ်နှင့် ဩစတေးလျ

       ဗီယက်နမ်လုပ်ငန်းများကထုတ်ကုန်များကြော်ညာရန်၊ ဩစတေးလျဈေးကွက်ဦးတည်ရာ လမ်းကြောင်းရှာဖွေရန်နှင့် အပြန်အလှန်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုချိတ်ဆက်ရေးအရှိန်မြှင့်တင် ရန်ကူညီပေးနိုင်မည့် ဗီယက်နမ်နိုင်ငံ Dien Bien ပြည်နယ်၏ Hue မြို့တော်နှင့် Tay Ninh ပြည်နယ်အား ဩစတေးလျမိတ်ဖက်များနှင့် ချိတ်ဆက်ပေးမည့် အလုပ်ရုံဆွေးနွေးပွဲကို ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားရေးရာနှင့် ယဉ်ကျေးမှုသံတမန်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အခမ်းအနားတွင် ဆစ်ဒနီရှိ ဗီယက်နမ်ကောင်စစ်ဝန်ချုပ် Nguyen Thanh Tung က ဒေသ တွင်းအဆင့်သံတမန်ရေး၏ အခန်းကဏ္ဍသည် ဗီယက်နမ်ပြည်နယ်များအား နိုင်ငံခြားမိတ်ဖက် များနှင့်ချိတ်ဆက်ရာတွင် အားကောင်းစေရန်အတွက် ပြောင်းလဲပြင်လွယ်ရှိပြီး ထိရောက်သော လမ်းကြောင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Tung ကကောင်စစ်ဝန်ချုပ်သည် အပြန်အလှန် အကျိုးကျေးဇူးရှိသောကဏ္ဍများတွင် ဗီယက်နမ်ဒေသခံများအား ဩစတေးလျမိတ်ဖက်များနှင့် ချိတ်ဆက်ရာတွင် ပံ့ပိုးပေးမည့် ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်မည်ဟု ပြောကြားခဲ့ပါသည်။ ယခင်ဗီယက်နမ်နိုင်ငံဆိုင်ရာ ဩစတေးလျသံအမတ် Andrew Goledzinowski ကနှစ်နိုင်ငံ၏ ကြီးထွားလာသောကုန်သွယ်ရေးဆက်ဆံမှုကိုအသားပေးပြောကြားခဲ့ပြီး တင်ပို့မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်လက်တိုးချဲ့ရန် ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ Mr Andrew က နည်းပညာ၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် စွမ်းအင်အစရှိသည့် အဓိကဧရိယာများတွင် ဗီယက်နမ်၌ ရင်းနှီးမြှုပ်နှံမှု၏ အရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ Hue၊ Dien Bien နှင့် Tay Ninh မှ ကိုယ်စားလှယ်များကလည်း ၎င်းတို့၏စီးပွားရေးအရေးသာမှုများကို တင်ပြခဲ့ကြပြီး ခရီးသွား ကဏ္ဍမှ ကုန်ထုတ်လုပ်မှုထိကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်နည်းလမ်းများကိုရှာဖွေခဲ့ ကြောင်း သိရပါသည်။ ဩစတေးလျကိုယ်စားလှယ်များက ဗီယက်နမ်၏စီးပွားရေးအရှိန်အဟုန် ဖြင့်မြင့်တက်လာမှုနှင့် အရှေ့တောင်အာရှတွင် ဗျူဟာမြောက်တည်ရှိမှုကို အမွှမ်းတင်ပြောကြားခဲ့ ကြောင်း သိရပါသည်။ ဩစတေးလျစီးပွားရေးခေါင်းဆောင်များက ဗီယက်နမ်စွမ်းအင်ချွေတာရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် ၎င်းတို့၏စိတ်ဝင်စားမှုကိုပြသခဲ့ကြောင်း သိရပါသည်။ C-Coat Insulation Australia မှ ညွှန်ကြားရေးမှူး Serge Popovic က ၎င်း၏ကုမ္ပဏီသည် ဒေသတွင်း လုပ်ငန်းများနှင့် မိတ်ဖက်ဖွဲ့ကာ ဗီယက်နမ်တွင်တိုးချဲ့ရန်မျှော်လင့်ထားပြီး စက်ရုံဖွင့်လှစ်ရန် အလားအလာရှိကြောင်း ပြောကြားခဲ့ပါသည်။ Business New South Wales မှ Nigel Palmer က ပညာရေး၊ သိပ္ပံနှင့် ဆန်းသစ်တီထွင်မှုတွင် ကြီးမားစွာပူးပေါင်းဆောင်ရွက်ရန်တောင်းဆိုခဲ့ပြီး ကာလကြာရှည်တက္ကသိုလ်မိတ်ဖက်ဖွဲ့ရန် ပြောကြားခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကို ဗီယက်နမ်၏ Phuong Nam Panel နှင့် ဩစတေးလျ၏ Pistis Group ကြားပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်လက်မှတ်ရေးထိုးခြင်းနှင့် အဆုံးသတ်ခဲ့ကြောင်း သိရပါသည်။

Vietnam plus

DOCA (ရန်ကုန်)                                                                           

သမင်မျက်လုံးသီး (Longan) တင်ပို့မှုမြှင့်တင်မည့် ဗီယက်နမ်၏ Hung Yen ပြည်နယ်

             ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ Hung Yen ပြည်နယ်သည် သမင်မျက်လုံးသီးနှင့် အခြားလယ်ယာထုတ်ကုန်များ စားသုံးမှုမြှင့်တင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ ၂၀ ရက် နေ့က ကျင်းပခဲ့ကြောင်း သိရပါသည်။ ထိုအခမ်းအနားကို စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ကော်ပိုရေးတစ်များတက်ရောက်ခဲ့ကြပြီး သမင်မျက်လုံးသီးနှင့် အဓိကစိုက်ပျိုးရေးထုတ်ကုန်များဖြန့်ဖြူးရန် စာချုပ် ၁၂ ခုလက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါသည်။ ပြည်နယ်ပြည်သူ့ကော်မတီ၏ ဒုတိယဥက္ကဌ Nguyen Le Huy က ထိုအခမ်းအနားသည် ဗီယက်နမ်၏ထိပ်တန်းသစ်သီး ၅၀ မျိုးတွင်ပါဝင်သည့် Hung Yen သမင်မျက်လုံးသီးအတွက် ဈေးကွက်များတိုးချဲ့ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ Hung Yen ပြည်နယ်သည် ၂၀၂၅ ခုနှစ်တွင် သမင်မျက်လုံးသီး တန်ချိန် ၅၀၀၀၀ ကျော်ထွက်ရှိရန် မျှော်မှန်းရပြီး ၆၀ ရာခိုင်နှုန်းကျော်သည် Viet GAP နှင့် အော်ဂဲနစ်စံနှုန်းများနှင့် ကိုက်ညီကြောင်း သိရပါသည်။ ထိုသစ်သီးကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တရုတ်တို့သို့တင်ပို့ပြီး စူပါမားကတ်များနှင့် e-commerce ပလက်ဖောင်းတို့မှတစ်ဆင့် ပြည်တွင်းစားသုံးသူများထံ ရောက်ရှိကြောင်း သိရပါသည်။ ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ၏ ဒုတိယညွှန်ကြားရေးမှူး Bui Quang Hung က Hung Yen သမင်မျက်လုံးသီးသည် များစွာသောနိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ပြီး ယခုအခါ Vinmart၊ Big C၊ Aeon နှင့် Co.opmart အစရှိသည့် အဓိကစူပါ မားကတ်များတွင် ကျယ်ပြန့်စွာရောင်းချနေကြောင်း သိရပါသည်။ Hung က တရုတ်သည် အကြီးမားဆုံးဈေးကွက်အဖြစ်ဆက်လက်ရပ်တည်နေပြီး နှစ်စဉ် တန်ချိန်၇၀၀၀၀၀ ခန့် ဝယ်လိုအားရှိကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဂျပန်နှင့် တောင်ကိုရီးယားတို့သည် တင်းကျပ်သောစံနှုန်းများနှင့် ဝယ်လိုအားရှိသော်လည်း ၎င်းတို့က ဈေးနှုန်းမြင့်မားစွာဖြင့်ဝယ်ယူကြောင်း သိရပါသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှာ အော်ဂဲနစ်ထုတ်ကုန်များကို ပိုမိုသဘောကျကြောင်း သိရပါသည်။ ကုန်သွယ်ရေးတာဝန်ရှိသူတစ်ဦးက Hung Yen သမင်မျက်လုံးသီးသည် ထိုဈေးကွက်များသို့ဝင်ရောက်ပြီးဖြစ်ပြီး အားကောင်းသောအလားအလာရှိကြောင်းနှင့် အာဆီယံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှာလည်း အာမခံချက်ရှိသောဒေသများ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကျွမ်းကျင်သူများက ပိုမိုကောင်းမွန်သောပြုပြင်ထုတ်လုပ်ခြင်းနှင့် အားကောင်း‌သောအမှတ်တံဆိပ်ပုံရိပ်မြှင့်တင်ခြင်းက Hung Yen သမင်မျက်လုံးသီးကို ပြည်တွင်းနှင့် နိုင်ငံခြားဈေးကွက်များတွင် စဉ်ဆက်မပြတ်ရောင်းချနိုင်ရန် ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။

 

Vietnam Plus 

DOCA (ရန်ကုန်)                                                                           

အမေရိကန်ဒေါ်လာ ၆၄.၆ သန်းတန်ဖိုးရှိသောလေယာဉ်ပြုပြင်ထိန်းသိမ်းရေးစင်တာ တည်ဆောက်မှု စတင်မည့် Vietjet

            Vietjet Aviation Joint Stock Company သည် Dong Nai  ပြည်နယ်  Long Thanh နိုင်ငံတကာလေဆိပ်တွင် ၎င်းတို့၏ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးစင်တာတည်ဆောက်ရန် အတွက် ပဏ္ဍပ်ရိုက်ပွဲကျင်းပခဲ့ကြောင်း သိရပါသည်။ လေကြောင်းလိုင်း၏အဆိုအရ ထိုစင်တာ သည် ၈.၄ ဟတ်တာအကျယ်အဝန်းရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၄.၆ သန်းနီးပါးရှိကြောင်း သိရပါသည်။ ထိုစင်တာကိုနိုင်ငံတကာစံနှုန်းမျာနှင့် ကိုက်ညီရန် ဒီဇိုင်းဆွဲထားပြီး ကမ္ဘာ့လေကြောင်းလိုအပ်ချက်များနှင့်ကိုက်ညီသော နည်းစနစ်အခြေခံ အဆောက်အအုံများပါဝင်ကာ လေယာဉ် ၁၀ စီးကိုတစ်ပြိုင်နက်ဝန်ဆောင်မှုပေးနိုင်ကြောင်း သိရပါသည်။ အဆိုပါစင်တာ စတင်လည်ပတ်ပါက စီမံကိန်းသည် အင်ဂျင်နီယာနှင့် နည်းပညာရှင် များအတွက် အရည်အသွေးမြင့်အလုပ်အကိုင်ပေါင်း ၅၀၀ မှ ၆၀၀ ကြား ဖန်တီးပေးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကော်မတီ၏ ဘုတ်အဖွဲ့ဝင် ဖြစ်သူ Nguyen Minh Hoi က ထိုစီမံကိန်းတည်ရှိမှုသည် လေဆိပ်တွင် လေကြောင်းဝန်ဆောင်မှု ဂေဟစနစ်ကို ပြည့်စုံစေရုံသာမက နည်းပညာမြင့်လုပ်ငန်းများဖွံဖြိုးတိုးတက်မှုမြှင့်တင်ခြင်း၊ လူသားအရင်းအမြစ် အရည်အသွေးတိုးမြှင့်ခြင်းနှင့် Dong Nai  ပြည်နယ်နှင့် ပတ်ဝန်းကျင်ဒေသ စဉ်ဆက်မပြတ် ကြီးထွားမှုအဟုန်ကို ဖန်တီးပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ Hoi က စီမံကိန်းသည် Long Thanh နိုင်ငံတကာ လေဆိပ်၏လေကြောင်းဝန်ဆောင်မှု တန်ဖိုးကွင်းဆက် တွင် အဓိက ချိတ်ဆက်မှုဖြစ်လာလိမ့်မည်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ကာ ဒေသတွင်းနှင့် ကမ္ဘာတွင် ခေတ်မီပြီး ယှဉ်ပြိုင်နိုင်သောလေယာဉ်အကူး အပြောင်းအချက်အချာနေရာဖြစ်လာမည်ဟု ပြောကြားခဲ့ပါသည်။ ထို့ပြင် Hoi ကစီမံကိန်းအချိန်မီ လုံခြုံထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ကောင်းမွန်သောအခြေအနေများ ဆက်လက်ဖန်တီးပေးရန်ကတိပြုခဲ့ပြီး  Long Thanh အား ဒေသတွင်းထိပ်တန်းနိုင်ငံတကာ လေကြောင်းစင်တာအဖြစ်တည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံသူများနှင့်အတူ လိုက်ပါဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပါသည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

အဓိကစိုက်ပျိုးရေးထုတ်ကုန်များကို တရုတ်သို့တင်ပို့ရန် ဗီယက်နမ်၏ Gai Lai ပြည်နယ်ကြိုးပမ်း

           ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Gia Lai ပြည်နယ်သည် ၎င်း၏အဓိကစိုက်ပျိုးရေးထုတ်ကုန်များကို တရုတ်သို့တင်ပို့မှုမြှင့်တင်ရန်ကြိုးပမ်းမှုအနေဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲကို Pleiku မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် Gia Lai ပြည်နယ်က ၎င်းတို့၏ ကြီးမားသောစားသုံးသူဈေးကွက်သို့ စိုက်ပျိုးရေးထုတ်ကုန်များတရားဝင်တည်ငြိမ်စွာ တင်ပို့နိုင်ရန် သိသာထင်ရှားသောအ‌ရွေ့တစ်ခုဖြစ်ကြောင်း သိရပါသည်။ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏အဆိုအရ ပြည်နယ်သည် စိုက်ပျိုးနိုင်သောမြေနေရာ ၉၇၇၀၀၀ ဟတ်တာရှိပြီး ဟတ်တာ ၇၅၃၀၀၀ သည်စက်မှုလုပ်ငန်းသုံးသီးနှံများ၊ သစ်သီးများနှင့် ဆေးဘက်ဆိုင်ရာအပင်များစိုက်ပျိုးရန် သင့်တော်သောမြေဩဇာကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ပြည်နယ်၏ အဓိကထုတ်ကုန်များတွင် ကော်ဖီ၊ ငှက်ပျောသီး၊ ပင်မှည့်သီးနှင့် ဒူးရင်း သီးတို့ပါဝင်ပြီး အများစုမှာ  နိုင်ငံတကာအသိအမှတ်ပြုစံနှုန်းများကို ပိုင်ဆိုင်ထားကြောင်း သိရပါ သည်။ Gia Lai သည်လည်း ဖရဲသီး၊ နဂါးမောက်သီး၊ ထောပတ်သီးနှင့် red reishi၊ reishi mushroom၊ ဂျင်းနှင့် စပါးလင်ကဲ့သို့သော တန်ဖိုးမြင့်ဆေးဘက်ဆိုင်ရာသီးနှံများကို စိုက်ပျိုးမှု တိုးချဲ့နေကြောင်း သိရပါသည်။ အရည်အသွေးနှင့် စံနှုန်းလိုအပ်ချက်များပြည့်မီရန် ပြည်နယ်သည် စိုက်ခင်းဧရိယာကုဒ် ၂၄၈ ခုကိုခွင့်ပြုခဲ့ပြီး နေ့စဉ် တန်ချိန် ၁၈၀၀ ထုတ်ပိုးနိုင်စွမ်းရှိသော ထုတ်ပိုး သည့်စက်ရုံ ၄၀ ကိုတည်ထောင်ခဲ့ကာ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့မှုများအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ဖန်တီးခဲ့ကြောင်း သိရပါသည်။ ပြည်နယ်ပြည်သူ့ကော်မတီဒုတိယဥက္ကဌ Nguyen Tuan Khanh က တရုတ်သည် ဗီယက်နမ်၏အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၁ ဘီလီယံရှိကြောင်း ပြောကြားခဲ့ပါသည်။ Gia Lai ပြည်နယ်အတွက် တင်းကျပ်သောအရည်အသွေးထိန်းချုပ်မှုနှင့် မူရင်းမှန်ကန်ကြောင်း အသိအမှတ်ပြုချက်လိုအပ်သည့် တရုတ်သည် စိုက်ပျိုးရေးနှင့် သစ်တော ထုတ်ကုန်များတင်ပို့မှုအတွက် အရေးပါသောဈေးကွက်တစ်ခုဖြစ်ကြောင်း သိရပါသည်။ တရုတ် ဈေးကွက်လိုအပ်ချက်သည် ကွဲပြားပြီး Gia Lai ပြည်နယ်သည် ကော်ဖီ၊ ဒူးရင်း၊ ပင်မှည့်သီး၊ ငရုတ် ကောင်းအနက်နှင့် အုန်းသီးတို့ပါဝင်သည့် ထုတ်ကုန်များတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သိရပါ သည်။ တရုတ်နိုင်ငံ Guangxi Zhuang ဒေသ၏ Big Data Development Bureau မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် Zhu Houyan က ထုတ်လုပ်သည့်ပမာဏအပေါ်ပွင့်လင်းမြင်သာသည့်အချက် အလက်၊ ကောက်ရိတ်သိမ်းချိန်အချိန်ဇယား၊ ထုတ်ပိုးမှု၊ ကုန်အညွှန်းအမှတ်အသားနှင့် အကောက်ခွန်ကိစ္စအချိန်တိုတောင်းခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်ဖြတ်တောက်ခြင်း နှင့် တည်ငြိမ်သောရောင်းချနိုင်စွမ်းတို့၏ အရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါ သည်။ ထို့ပြင် Houyan က AI စွမ်းအင်သုံးစိုက်ပျိုးရေး၊ သုတေသန၊ ဖွံဖြိုးတိုးတက်ရေးမှ ကုန်သွယ်ရေးတိုးချဲ့ရန်လေ့ကျင်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အခွင့်အလမ်းများကို ပြောကြားခဲ့ကြောင်းလည်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ ဆန်းသစ်တီထွင်မှု၊ အစိမ်းရောင်အသွင်ကူးပြောင်းမှုနှင့် စက်မှုမြှင့်တင်ရေးအေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူး Do Thi Minh Tram က တရုတ်သည် စိုက်ပျိုးမွေးမြူရေး-ရေလုပ်ငန်း-သစ်ထုတ်ကုန်များအတွက် တည်ငြိမ်သောဝယ်လိုအားရှိသည့်ဈေးကွက်တစ်ခုဖြစ်ကြောင်း၊ ဝန်ကြီးဌာနသည် ထုတ်ကုန်အရည်အသွေးတိုးတက်ရန်နှင့် ဒေသခံများအား တရုတ်ဈေးကွက်ကို ထိရောက်စွာနှင့် အပြည့်အဝအသုံးချနိုင်ရန်ကူညီပေးမည့် စီမံချက်များဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ကွန့်ဖရန့်မူဘောင်တွင် နှစ်ဖက်စလုံးမှလုပ်ငန်းများသည် MoU များ ရေးထိုးခဲ့ကြပြီး လာမည့်အချိန်တွင် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရန် အလားအလာများကို တံခါးဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)                                                                           

Nividia ၏ ရှယ်ယာများကျဆင်း

          Frankfurt စာရင်းဝင် Nividia ၏ အရေးကြီးသောဒေတာ စင်တာများအပိုင်းရှိ ရှယ်ယာများသည် ရလဒ်ထွက်ပေါ်ပြီးနောက်တစ်ရက်တွင် ၎င်း၏လေ့လာသူများ၏ မျှော်မှန်း ချက်ထက် ၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။

        ချစ်ပ်ဆက်များထုတ်လုပ်သည့် အဆိုပါလုပ်ငန်းသည် တတိယသုံးလပတ်ကာလတွင် ၎င်းတို့၏ ဝင်ငွေများကို လေ့လာသူများ၏ ခန့်မှန်းဝင်‌ငွေ အမေရိကန်ဒေါ်လာ ၅၃.၁၄ ဘီလီယံ ထက် အမေရိကန် ဒေါ်လာ ၅၄ ဘီလီယံခန့် ရရှိရန်မျှော်မှန်းခဲ့ကြောင်း သိရပါသည်။

         အဆိုပါ Nividia ၏ Frankfurt ရှယ်ယာများသည် အမေရိကန်နိုင်ငံ၏ အ‌ကောက်ခွန် စည်းကြပ်မှုထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် ကျဆင်းခဲ့ကြောင်း သိရပါသည်။

Source: CAN

DOCA (ရန်ကုန်)

ရုံးချုပ်အတွက် tk ၁၀၁၆ ကုဋေတန် အဆောက်အဦးအား ဝယ်ယူတော့မည့် Dutch-Bangla Bank

           Dutch-Bangla Bank သည် ဒါကာ၏ Motijheel တွင် tk ၁၀၁၆ ကု‌ဋေခန့် တန်ကြေးရှိသော အဆောက်အဦးအား ၎င်းတို့၏ ရုံးချုပ်ဖွင့်လှစ်ရန်အတွက် ဝယ်ယူရန်ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရပါသည်။ အဆိုပါဘဏ်၏ ဘတ်အဖွဲ့သည် သြဂုတ်လ ၂၆ ရက်နေ့တွင်ကျင်းပသော အစည်းအဝေးပွဲတွင် အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း ဒါကာစတော့လဲလှယ်ရေးအဖွဲ့ အစည်း (DAE) ၏ ထုတ်ဖော်ချက်များအရ သိရပါသည်။ အဆိုပါဘဏ်သည် Motijheel စီးပွားရေး ဧရိယာ ၄၇ ခုတွင် ကူးသန်းရောင်းဝယ်ရေးအဆောက်အဦး ၂၁.၅ ထပ်ကိုဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် စုစုပေါင်းဧရိယာအကျယ်အဝန်း ၂၀၇၃၄၀ စတုရန်းပေခန့် ကျယ်ဝန်းကြောင်း သိရပါသည်။ ၁၇၆၃၀၀ စတုရန်းပေသည် မြေညီထပ်ဖြစ်ပြီး ၃၁၀၄၀ စတုရန်းပေသည် မြေ‌အောက်ခန်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါဘဏ်သည် စီမံကိန်းကို ဘင်္ဂလားဒေ့ရှ်ဘဏ်မှ လိုအပ်သော ခွင့်ပြုမိန့်များထုတ်ပြန်မှုရရှိအပြီးတွင် စတင်မည်ဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် Dutch-Bangla ဘဏ်၏ ရှယ်ယာများသည် ယခင်နေ့ထက် ၁ ရာခိုင်နှုန်း tk ၄၁.၅၀ ခန့် ကျဆင်းသွာကြောင်း DSE ၏ ဖော်ပြန်ချက်များအရ သိရပါသည်။ အဆိုပါဘဏ်၏ ရန်ပုံငွေသည် tk ၄၂၀၀ ကုဋေခန့်ရှိပြီး ၎င်း၏ရှင်းပြီးသော မတည်ငွေသည် tk ၉၆၆ ကုဋေ ခန့်ရှိကြောင်း DSE မှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source: The Daily Star

DOCA (ရန်ကုန်)

အိန္ဒိယနိုင်ငံ၏ အထည်အလိပ်ဝင်ငွေလမ်းကြောင်းများ တစ်ဝက်ခန့် ကျဆင်းလာနိုင်

            အိန္ဒိယနိုင်ငံ၏ အသင့်ဝတ် အထည်အလိပ် လုပ်ငန်း၏ ဝင်‌ငွေလမ်းကြောင်းများ ယခုနှစ် ဘဏ္ဍာနှစ် တွင် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်ကြောင်းနှင့် ယခင်နှစ်ကာလ၏ တစ်ဝက်ခန့် ကျဆင်းလာနိုင်ကြောင်း သိရပါသည်။ အသင့်ဝတ် အဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းသည် အိန္ဒိယနိုင်ငံ၏ ကြီးမားသော လုပ်ငန်းခွင်များဖန်တီးသည့် လုပ်ငန်းများနှင့် တင်ပို့သူများထဲမှ တစ်ခုဖြစ်ကြောင်း သိရပါသည်။ သြဂုတ်လ ၂၇ ရက်နေ့မှစတင်၍ Washington မှအိန္ဒိယနိုင်ငံ၏ အထည် အလိပ်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်ချိန်မှစ၍ ယခုနှစ်အတွက် အိန္ဒိယနိုင်ငံ၏ အထည်အလိပ်လုပ်ငန်းများသည် ဝင်ငွေများလျော့နည်းလာ ကြောင်း သိရပါသည်။ Crisil က အဆိုပါအခွန်ရိုက်ခတ်မှုသည် အိန္ဒိယနိုင်ငံ၏ အာစီယံနိုင်ငံများနှင့် စျေးနှုန်းယှဥ်ပြိုင်မှုကို အားနည်းစေနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ တစ်ခုတည်းသော အကြီးမားဆုံး အထည်အလိမ်စျေးကွက်ဖြစ်ပြီး ၂၀၂၄ ဘဏ္ဍာနှစ် တွင် အမေရိကန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ တန်ကြေးရှိသော အထည်အလိပ်များကို တင်ပို့ခဲ့ကြောင်း သိရပါသည်။ Crisil ၏ လေ့လာမှုများအရ စက်ရုံပေါင်း ၁၂၀ ခု၏ စုပေါင်းဝင်ငွေလမ်းကြောင်းသည် RS ၄၅၀၀၀ ကုဋေခန့်ရှိခဲ့ကြောင်း သိရပါသည်။ Crisil က တင်ပို့မှုတွင် အားနည်းမှုများရှိသော်လည်း ပြည်တွင်းဝယ်လိုအားများသည် တောင့်ခံလျက်ရှိပြီး ယခင်နှစ်ထက် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိကြောင်း မျှော်မှန်းခဲ့ပါသည်။ အဆိုပါတိုးတက်မှုကို စီးပွာရေးတည်ငြိမ်မှု၊ အကျိုးအမြတ်နှုန်းလျော့နည်းမှုနှင့် အခွန်လျော့ကျမှုတို့က ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရပါသည်။ “အဆိုပါတောင့်ခံနှိုင်မှုသည် အခွန်စည်းကြပ်မှုကို သက်သာစေနိုင်မည်ဖြစ်ပြီး ယခုနှစ်တိုးတက်မှုသည် ယခင်နှစ်ထက် လျော့နည်းနိုင်ကြောင်း” Gautam Shahi မှ ညွှန်ကြးရေးမှူးဆိုသူ Crisil Ratings က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Daily Star

DOCA (ရန်ကုန်)

အောက်တိုဘာလနှင့် နိုဝင်ဘာလရောင်းချရန်အတွက် အာလူးတန်ချိန် ၅၀၀၀၀တန်ခန့် ဝယ်ယူတော့မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ

          ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံကြားဖြတ်အစိုးရသည် စျေးနှုန်းကျဆင်းနေချိန်ကြားတွင် လယ်သမားများ၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် အာလူးတန်ချိန် ၅၀၀၀၀ တန်ခန့် ဝယ်ယူမည်ဟု ဆုံးဖြတ်လိုက်ကြောင်း သိရပါသည်။ အဆိုပါဝယ်ယူမည့် အာလူးများကို အအေးခန်းထဲတွင် သိုလှောင်ထားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ရောင်းချသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက သြဂုတ်လ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ထပ်ပေါင်းအနေဖြင့် အစိုးရသည် အာလူးတစ်ကီလိုလျှင် TK ၂၂ ဖြင့် ရောင်းချသွားမည်ဟု သတ်မှတ်ထားကြောင်း သိရပါသည်။ အာလူးစိုက်သူများကို ယခုလာမည့်ရာသီတွင် ထောက်ပံ့သွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါသည်။ အာလူးစျေးနှုန်းများသည် စိုက်ပျိုးရေးကုန်ကျစရိတ်များထက်ပိုမိုမြင့်မားနေသောကြောင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းရေးမှူးက ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ အတွင်းရေးမှူးများ ပါဝင်သော ကော်မတီကို လယ်သမားများ၏ စိုက်ပျိုးရေးကိစ္စရပ်များနှင့် အသက်မွေးဝမ်းကျောင်း အဆင်‌ပြေစေရေးကို ကာကွယ်ရန်အတွက် ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါအဖွဲ့သည် ရာသီအတွင်း ထုတ်လုပ်ခဲ့သော အာလူးစျေးနှုန်းများသင့်တော်စေရေးအတွက် အာမခံပေးသော ရည်ညွှန်းစျေးများကို ထုတ်ပြန်ရန် နှင့် ရောင်းဝယ်မှု ပမာဏကို အဆုံးသတ်ရန်အတွက် တာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါသည်။ ရာသီအစပိုင်းတွင် လယ်သမားများသည် ၎င်းတို့၏ အာလူးများကို အစိုးရက သတ်မှတ်ထားသော တစ်ကီလိုလျှင် Tk ၁၄ နှုန်းထက် တစ်ကီလိုလျှင် tk ၁၁ဖြင့်သာရောင်းချရန် တွန်းအားပေးဝယ်ယူမှုကို ကုန်သည်များဆီမှ ခံခဲ့ရကြောင်း သိရပါသည်။ ထို့အပြင် အချို့သော မြောက်ပိုင်းဒေသများတွင် အာလူးတစ်ကီလိုအတွက် ကုန်ကျစရိတ်သည် tk ၂၀ ခန့် ကျကြောင်း DAE မှထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တစ်နှစ်လျှင် အာလူးတန်ချိန် ၁.၁၅ ကုဋေခန့် ထုတ်လုပ်လျက်ရှိပြီး ယခင်ရိတ်သိမ်းရာသီထက်ပိုမိုမြင့်မားကာ သမိုင်းတစ်လျှောက်အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စာရင်းအင်းဗျူရို (BBS) ၏ ခန့်မှန်းခြေများအရ သိရပါသည်။ ၂၀၂၄-၂၀၅ ဘဏ္ဍာနှစ်တွင် လယ်သမားများသည် သစ်ဥသစ်ဖုများကို ဟက်တာ ၄.၉၂ သိန်းခန့် စိုက်ပျိုးခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၈ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: The Daily Star

DOCA(ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ၊ ကိုကိုးနှင့် ရာဘာ တင်ပို့မှု အကောက်ခွန်လွတ်ငြိမ်းခွင့် အမေရိကန်သဘောတူ

          အမေရိကန်နိုင်ငံသည် သြဂုတ်လ ၇ ရက်နေ့မှစတင်၍ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသော စားအုန်းဆီ၊ ကိုကိုးနှင့် ရာဘာ တင်ပို့မှုအပေါ် အကောက်ခွန် ၁၉ ရာခိုင်နှုန်းကောက်ခံရာမှ လွတ်ငြိမ်းခွင့် သ‌ဘောတူညီလိုက်ကြောင်း အ‌ရှေ့တောင်အာရှနိုင်ငံများ၏ အကောက်ခွန်ညှိနှိုင်း ရေးခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။ အဆိုပါ ကင်းလွတ်ခွင့်သည် နှစ်နိုင်ငံ ကြားသဘောတူညီမှု အဆုံးသတ်ချိန်တွင် စတင်အသတ်ဝင်မည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့ပါသည်။ အ‌ကောက်ခွန်ဆိုင်ရာဆွေးနွေးခြင်းများ ပြုလုပ်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ရေနံသိုလှောင်မှုတွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအလားအလာ အတွက်အရေးပါပြီး နိုင်ငံပိုင်စွမ်းအင်စက်ရုံ Pertamina တို့နှင့် ဆွေးနွေးသင့်ကြောင်း Airlangga က ပြောကြားခဲ့ပါသည်။ အဆိုပါရေနံထွက်ရှိသည့် ဒေသသည် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးမားဆုံး စီးပွားရေးဒေသဖြစ်ပြီး Jakarta သည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများကဲ့သို့ အမေရိကန်နိုင်ငံ၏ အကောက်ခွန်တိုးမြှင့် စည်းကြပ်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရပါသည်။ အဆို ပါဆွေးနွေးပွဲအပြီးတွင် အင်ဒိုနီးရှားနိုင်ငံ သည် အမေရိကန်နိုင်ငံသို့ ဒေါ်လာ ဘီလီယံချီသော ရင်းနှီးမြှုပ်နှံမှုများကို ကမ်းလှမ်းခဲ့ပြီး အမေရိကန်နိုင်ငံမှ ရေနံ၊ LPG၊ လေယာဥ်ပျံများနှင့် လယ်ယာ ထုတ်ကုန်များကို ဝယ်ယူခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံ၏ ကုန်ပစ္စည်း အားလုံးအပေါ်တွင် အခွန်လွတ်ငြိမ်းခွင့်ပြု မည်ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Daily Star 

DOCA (ရန်ကုန်)                                                             

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ