Main menu

မကွေးတိုင်းဒေသကြီး၊ CICC ရုံးသို့ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်း

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးမှ (၁၀.၁၂.၂၀၂၂) ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် (x x x) စတိုးမှ ကျောပိုးလွယ်အိတ်တစ်လုံးအား တန်ဘိုးကျပ်(၁၇၀၀၀)ဖြင့် ပေးချေ ဝယ်ယူခဲ့ပြီး အိမ်သို့ပြန်ရောက်ချိန်တွင် မိမိဝယ်ယူခဲ့သည့် ကျောပိုးအိတ်ထက်ပိုမို၍ တာရှည်ခံမည့် အိတ်အား ငွေကြေးအလိုက်ပေး၍ လဲလှယ်ဝယ်ယူလိုသောကြောင့် (၁၁.၁၂.၂၀၂၂) ရက်နေ့ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် ဆိုင်သို့ထပ်မံသွားရောက်၍ ပြောကြားခဲ့ရာ ဆိုင်ရှင်နှင့် ဝန်ထမ်းများမှ မိမိတို့ဆိုင်သည် တစ်ခွန်းဆိုင်ဖြစ်၍ ဝယ်ပြီးပစ္စည်းအား ပြန်လည်လဲလှယ်ပေးခြင်း မရှိကြောင်း၊ အသစ်တစ်လုံးသာ ထပ်မံဝယ်ယူသင့်ကြောင်းကို ပြေလည်စွာ ပြောဆိုခြင်း မရှိသဖြင့် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ CICC ရုံးသို့ (၁၂.၁၂.၂၀၂၂) ရက်နေ့တွင် လာရောက်တိုင်ကြားလာပါသည်။

            (၁၂.၁၂.၂၀၂၂)ရက်နေ့တွင် ဌာနမှ တိုင်ကြားလာမှုနှင့်စပ်လျဉ်း၍ (x x x) စတိုးဆိုင်သို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားညှိနှိုင်းခဲ့ရာ လုပ်ငန်းရှင်ဘက်မှ ဝယ်ယူသွားသည့် ကျောပိုးအိတ် တန်ဘိုးငွေ ကျပ်(၁၇၀၀၀)အား ပြန်လည်ပေးအပ်ရန် ညှိနှိုင်းရရှိခဲ့သဖြင့် (၁၃.၁၂.၂၀၂၂)ရက်နေ့ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် တိုင်ကြားသူနှင့် (x x x) စတိုးဆိုင်ပိုင်ရှင်တို့အား တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ခေါ်ယူ၍ တာဝန်ရှိသူများရှေ့မှောက်၌ ပစ္စည်း တန်ဘိုးငွေကျပ်(၁၇၀၀၀)အား ပြန်လည်ပေးအပ်စေ၍ နှစ်ဦး နှစ်ဖက်သဘောတူညီမှုဖြင့် ကြေအေးလွှာနှင့် သဘောတူညီချက်များအား လက်မှတ်ရေးထိုးစေလျှက် အမှုအားပိတ်သိမ်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)