
မိတ္ထီလာခရိုင်၊မိတ္ထီလာမြို့နေ စားသုံးသူပြည်သူတစ်ဦးသည် ၎င်းပိုင်ဆိုင်သည့် Light Truck မော်တော်ယာဉ်ဖြင့် မိတ္ထီလာမှ ယင်းတော်ကျေးရွာသို့ ယာဉ်လိုင်းပြေးဆွဲလျှက်ရှိရာ မိတ္ထီလာမြို့ -------------- စက်သုံးဆီဆိုင်မှ (၁၃.၇.၂၀၂၆)ရက်နေ့တွင် ဆီထည့်ခဲ့ရာ ဆီထည့်သည့် Mile List No 900500ဖြစ်ပြီး (၂၁.၇.၂၀၂၆)ရက်နေ့တွင် ဆီထပ်မံသွားထည့်ခဲ့ရာ Mileage No 910000 ရိုက်ထည့်မှသာ ဆီထည့်လို့ရမည်ဖြစ်ကြောင်း ပြောဆို၍ ဆီထည့်ခဲ့ပါသည်။ ၎င်းမှာ --------- စက်သုံးဆီဆိုင်တွင်သာ ဆီထည့်ခြင်းဖြစ်ပြီး ဆီဆိုင်မှ Mileage များ ပိုမိုရိုက်ထားသဖြင့် မိမိမှာ တခြားစက်သုံးဆီဆိုင်တွင် ဆီထည့်လို့မရသဖြင့် Mileage အမှန်အတိုင်းဖြစ်စေရန် အတွက် လာရောက်တိုင်ကြားခြင်းဖြစ်ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ အဆိုပါတိုင်ကြားမှုနှင့် စပ်လျဉ်း၍ တိုင်ကြားသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အား(၆.၈.၂၀၂၆)ရက်နေ့၊ နေ့လည်(၂:၃၀)အချိန်တွင် ခေါ်ယူ ဆွေးနွေးခဲ့ရာ တိုင်ကြားမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်မှ စက်သုံးဆီ Mileage ပိုသွား ရခြင်းမှာ Sofeware ပိုင်း Error ဖြစ်ခြင်းနှင့် ဆီထပ်မံထည့်လို့ရရန်အတွက် Kiloများ ညှိ၍ ထည့်ပေးရခြင်းဖြစ်သဖြင့် ယခုကဲ့သို့ Mileage များပိုသွားခြင်းဖြစ်ပါကြောင်းနှင့် မိမိတို့ ကုမ္ပဏီမှ တိုင်ကြားသူ၏ ကား Kilo Mileage အမှန်ရရှိရန်အတွက် PPRD နှင့်ချိတ်ဆက်၍ (၂၁.၈.၂၀၂၆) ရက်နေ့မတိုင်မီရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အဆင်မပြေ မှုများအတွက် စားသုံးသူအားအနူးအညွတ်တောင်းပန်ပါကြောင်း ဆွေးနွေးခဲ့ရာ စိတ်ကျေနပ် မှုရရှိသဖြင့် အမှုပိတ် သိမ်းဆောင်ရွက်ခဲ့ပါသည်။ (၁၇.၈.၂၀၂၆)ရက်နေ့တွင် စားသုံးသူမှ ၎င်း၏ မော်တော်ယာဉ် Mileage အမှန်ရရှိပါကြောင်း စားသုံးသူတစ်ယောက်အနေဖြင့် စိတ်ကျေနပ်မှု အပြည့်အဝရရှိပါကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
