Main menu

တောင်ကြီးမြို့ပေါ်ရှိ Wifi ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူတိုင်ကြားမှုအား ညှိနှိုင်းဖြေရှင်း

Powered by Drupal

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ စားသုံးသူတစ်ဦးသည် (၁၇.၉.၂၀၂၆)ရက် နေ့တွင် Wifi ဝန်ဆောင်မှု ဆင်မပြေခြင်းကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website  Complaint  System  သို့ဆက်သွယ်တိုင်ကြားလာပါသည်။

                 တိုင်ကြားသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အား (၂၅.၉.၂၀၂၆)ရက်နေ့ ပြည်နယ်ဦးစီးမှူးရုံး သို့ ခေါ်ယူမေးမြန်းခဲ့ရာ တိုင်ကြားသူက မိမိနေအိမ်တွင် အသုံးပြုနေသော  Wifi ဝန်ဆောင်မှုကို အင်တာနက်မြန်နှုန်း 30Mbဖြင့် (၆)လစာ ကြိုတင်ငွေပေးသွင်း အသုံးပြုသော်လည်း ညစဉ်လိုင်းကျ နေခြင်း ယင်းအခြေအနေများကို ကုမ္ပဏီသို့ ဖုန်းဆက်ပြောသော်လည်း ထိရောက်အောင် ဖြေရှင်း ပေးနိုင်မှုမရှိခြင်းတို့ကြောင့် တိုင်ကြားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ Wifi ဝန်ဆောင်မှုမှ မန်နေဂျာက ရှမ်းပြည်နယ်တွင် အင်တာနက်ညစဉ်လိုင်းကျရခြင်းသည် ရာသီဥတုဒဏ်ကြောင့် ဖိုက်ဘာကြိုးလိုင်း စက်ပုံးများ ပျက်စီးသွား၍ ပြင်ဆင်နေဆဲကာလဖြစ်သဖြင့် အင်တာနက်လိုင်းအား ဆက်သွယ်ရေး တာဝါတိုင်မှ အဓိကသုံးစွဲရသည့်အတွက် သုံးစွဲသူများပြားသည့် ညအချိန်တွင် လိုင်းသုံးစွဲမှု Overload ဖြစ်ပြီး လိုင်းဆွဲအားကျရခြင်းဖြစ်ကြောင်း၊ ယခုအခါ ဆက်သွယ်ရေးတာဝါတိုင် များကိုလည်း မြန်နှုန်းမြင့် 5G အင်တာနက်လိုင်းရရှိစေရေးအတွက် ဆောင်ရွက်နေပြီးဖြစ်ရာ မကြာမီ ကာလအတွင်း အင်တာနက်လိုင်းများ ပုံမှန်အတိုင်းကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တိုင်ကြားသူ၏ နေအိမ်တွင်တပ်ဆင်ထားသော Wifi အား သွားရောက်စစ်ဆေးပေးမည်ဖြစ်ကြောင်းနှင့် မိမိတို့ဘက်မှ ချို့ယွင်းအားနည်းမှုများအတွက် မိမိတို့ကုမ္ပဏီဘက်မှ အတတ်နိုင်ဆုံး ပြေလည်အောင်ဖြေရှင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စီးပွားရေးလုပ်ငန်းရှင် (Wifi ဝန်ဆောင်မှုမှမန်နေဂျာ)ကို ကုမ္ပဏီဘက်မှ ဖြေရှင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဌာနသို့ပြန်လည် အကြောင်းကြားရန်နှင့် တိုင်ကြားသူ အနေဖြင့်လည်း ကုမ္ပဏီဘက်မှ ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးမှုများအား စိတ်ကျေနပ်မှုရှိ/မရှိ ပြန်လည်အကြောင်း ပြန်ကြားပေးရန်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့တွင် ကုမ္ပဏီအနေဖြင့် မိမိတို့ရုံးမှ တာဝန်ရှိသူများသည် တိုင်ကြားသူနေအိမ်သို့(၂၅.၉.၂၀၂၆)ရက်နေ့တွင်သွားရောက်၍ ညနေ(၁၈း၀၀) နာရီမှ (၂၀း၀၀)နာရီထိ Network Checking and Testing ကို စစ်ဆေးဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ယင်းစစ်ဆေးဆောင်ရွက်ပေးမှုအပေါ် တိုင်ကြားသူဘက်မှကျေနပ်မှုရှိပြီး နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှု အဆင်ပြေခဲ့ပါကြောင်း စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးသို့ ပြန်လည်တင်ပြလာခဲ့ ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားသူထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ယင်းအခြေအနေများ မှန်ကန်မှုရှိ/မရှိနှင့် ထိုသို့ဆောင်ရွက်ပေးမှုအပေါ် စိတ်ကျေနပ်မှုရှိ/မရှိ မေးမြန်းခဲ့ရာတိုင်ကြားသူအနေဖြင့် ကုမ္ပဏီဘက်မှဆောင်ရွက်ပေးမှုအခြေအနေ များကိုစိတ်ကျေနပ်မှုရှိပါကြောင်းနှင့် အမှုပိတ်သိမ်းလိုကြောင်းပြောကြားလာခဲ့သဖြင့် အမှုအား ပိတ်သိမ်းခဲ့ပြီး မှတ်တမ်းတင်ထားရှိခွင့်အား စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌထံသို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ပါသည်။

DOCA(ရှမ်း)