
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နေ တိုင်ကြားသူတစ်ဦးသည် မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ခုမှ ဖုန်းတစ်လုံးအား ငွေကျပ် ၄၃၉,၀၀၀/- ဖြင့်ဝယ်ယူခဲ့ပြီး အာမခံတစ်နှစ်ဖြစ် ပါကြောင်း၊ အာမခံ ကာလမပြည့်မီ ဖုန်းမှန်မှာ အသုံးပြု၍ မရတော့သဖြင့် ဇွန်လ ၂၀ ရက်နေ့တွင် အတူဝယ်ယူခဲ့သူ သူငယ်ချင်းဖြစ်သူမှ ဆိုင်သို့သွားရောက်ပြောကြားရာ ဇူလိုင်လအတွင်း လဲလှယ် ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ဇူလိုင်လတွင် ဆိုင်သို့ဆက်သွယ်၍ အကျိုးအကြောင်း မေးမြန်းရာတွင်မှန်မရှိသေး၍ လဲလှယ်ပေးနိုင်ခြင်းမရှိသေးကြောင်းနှင့် မှန်ရရှိလာမည့်အချိန်အတိ အကျလည်းမသိရှိကြောင်း ပြောကြားလာသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက် တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင် ကြားခံရသည့် မိုဘိုင်းဖုန်း အရောင်းဆိုင် တာဝန်ရှိသူအား ဖုန်းဖြင့်ဆက် သွယ်၍ တိုင်ကြားမှုဖြစ်စဉ်အား ဆွေးနွေးပြောကြားခဲ့ရာ မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ရှိသူက တိုင်ကြားသူဝယ်ယူသွားသည့် ဖုန်းအမျိုး အစားမှာ ဖုန်းတင်သွင်းသည့်ကုမ္ပဏီ ပိတ်သိမ်းသွားပြီဖြစ်ပြီး မော်ဒယ် အမျိုးအစားမှာလည်း အနည်းငယ်နိမ့်သဖြင့် ပစ္စည်းရှားပါးသောကြောင့် တိုင်ကြားသူအား ဖုန်းအသစ်တစ်လုံးဖြင့် အစားထိုးပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားလာခဲ့ပါသည်။ ဌာနမှတာဝန်ရှိသူက တိုင်ကြားသူထံ ဆက်သွယ်၍ ရှင်းလင်း ပြောကြားရာတွင် ကျေနပ်လက်ခံသဖြင့် စေ့စပ်ညှိနှိုင်းခြင်းနည်းလမ်းဖြင့် တိုင်ကြားမှုအား ပိတ်သိမ်း ဆောင်ရွက်ခဲ့သည်။
