Main menu

တောင်ကြီးမြို့ပေါ်ရှိ စားသုံးသူတစ်ဦးမှ သောက်ရေသန့်လုပ်ငန်းဝန်ဆောင်မှုအဆင်မပြေခြင်းကြောင့်  တိုင်ကြားလာမှုအပေါ်ညှိနှိုင်းဖြေရှင်း

Powered by Drupal

              ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ စားသုံးသူတစ်ဦးသည် (၁၈.၉.၂၀၂၆)ရက်နေ့တွင် သောက်ရေသန့်လုပ်ငန်း ဝန်ဆောင်မှုအဆင်မပြေဖြစ်ခြင်းကြောင့် ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ (CICC)သို့ လူကိုယ်တိုင် လာရောက်တိုင်ကြားခဲ့ပါသည်။

          တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့်  စီးပွားရေးလုပ်ငန်းရှင်အား (၂၅.၉.၂၀၂၆)ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးသို့ခေါ်ယူ၍ သောက်ရေသန့် လုပ်ငန်းမှ တာဝန်ရှိသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၂၁)တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်တာဝန်များကို လိုက်နာဆောင်ရွက်ရန်၊ မိမိတို့ဝန်ထမ်းများအနေဖြင့် စားသုံးသူ များအား ချေငံစွာပြောဆိုဆက်ဆံတတ်စေရေးကြပ်မတ်ဆောင်ရွက်ပေးပါရန်နှင့်စားသုံးသူများအားပွင့်လင်းမြင်သာမှန်ကန်သော သတင်းအချက်အလက်ပေးခြင်းများဆောင်ရွက်သွားရန်  အသိပညာ ပေးဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်မှလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ ယင်းကဲ့သို့ အသိပညာပေးဆွေးနွေးခဲ့သည့်အကြောင်းကို တိုင်ကြားသူထံသို့ ပြန်လည် ဆက်သွယ်အကြောင်းကြားခဲ့ရာ တိုင်ကြားသူမှကျေနပ်လက်ခံပြီး အမှုပိတ်သိမ်းရန် ပြောကြားခဲ့သဖြင့် အမှုအားပိတ်သိမ်းခဲ့ပြီး မှတ်တမ်းတင်ထားရှိခွင့်အား စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌထံသို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)