စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေမင်းဝံရပ်ကွက်(၂၃×၂၄)ကြားနေ တိုင်ကြားသူတစ်ဦးသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ Online Shopping တစ်ခုမှ (၁၄-၉-၂၀၂၆) ရက် နေ့တွင် ဂျင်းစကပ်(L)ဆိုဒ်ကို COD ဖြင့် (၅၄၉၀၀+Deli ခ ၅၁၀၀) ကျပ်ဖြင့် ဝယ်ယူခဲ့ရာ (၁၇-၉-၂၀၂၆) ရက်နေ့တွင် အထည်ရောက်ရှိချိန်၌ ဂျင်းစကပ်(M)ဆိုဒ် ထည့်ပေးပါသဖြင့် ဂျင်းစကပ်(L)ဆိုဒ် ပြန်လဲပေးပါရန်ပြောကြားခဲ့ရာ လဲပေးမည်ပြောပြီး Customer ကိုလေးစားမှုမရှိဘဲ စိတ်အနှောက် အယှက်ဖြစ်စေသော စကားလုံးများကြောင့် စိတ်ကျေနပ်မှုမရှိပါသဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ Call Center မှ တဆင့် တိုင်ကြားလာပါ သည်။ အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တိုင်ကြားခံရသည့် Online Shopping အား (၂၉-၉-၂၀၂၆) ရက်နေ့တွင် ဖုန်းဖြင့်စိစစ် မေးမြန်းမှုများပြုလုပ်ခဲ့ရာ ဂျင်းစကပ် (M) ဆိုဒ်အား မှားယွင်းစွာပို့ခဲ့သည်မှာ မှန်ကန်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုအနေဖြင့် တိုင်ကြားသူအား အခြားဂျင်းစကပ်(L)ဆိုဒ်ကို (၂၉-၉-၂၀၂၆) ရက်နေ့၌ပင် Deli သမားဖြင့် တိုင်ကြားသူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်းနှင့် တိုင်ကြားသူမှ ကျေနပ်လက်ခံရရှိပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
