Main menu

ဆိပ်ဖြူကြက်သွန်နီဈေး တရိပ်ရိပ်တက်လျက်ရှိ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်တွင် ဒေသတွင်းဈေးကွက် ၌ လက်ကျန်နည်းနေပြီး ပြည်ပနိုင်ငံများမှအဝယ်လိုက်၍ ကြက်သွန်နီဈေးတရိပ်ရိပ်မြင့် တက်နေ ကြောင်း၊ လက်ရှိတောင်သူများ ဝယ်လက်နှင့်လှောင်လက်ကုန်သည်ပွဲစားများတွင် ကြက်သွန်နီ လက် ကျန်နည်းပြီး ထိုင်းနိုင်ငံမှလည်း အဝယ်လိုက်၍ ဈေးများဆက်လက် မြင့်တတ်လာခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမှာ ကြက်သွန်နီ အရည်အသွေး ကိုလိုက်၍ ကွာခြားမှုရှိကြောင်း၊ ယခုစက်တင်ဘာလ (တတိယပတ်)တွင် ကြက်သွန်နီပွဲရုံဈေးကွက်သို့ ကုန်ချိန်ပိဿာဝင်ရောက်မှု လျော့နည်းလာ ကြောင်း၊ ရောင်းလိုအားထက် ဝယ်လိုအားများ၍ ဈေးဆက်လက်မြင့်တတ်လာကြောင်း ဈေးကွက်မှ သိရှိရသည်။

          ဆိပ်ဖြူကြက်သွန်နီပွဲရုံဈေးကွက်သို့ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်မှ(၂၀)ရက်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုများသော ယောချောင်းဘေးရှိကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး (၁)ရက်လျှင် ကုန်ချိန်ပိဿာ (၁၅၀၀၀)ခန့် ဝင်ရောက်လျက်ရှိပြီး ယခင်စက်တင်ဘာလ( ပထမပတ် နှင့်ဒုတိယပတ်)များတွင် ကြက်သွန်နီဈေးအမြင့်ဖြင့်ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေရာမှ ယခု စက်တင် ဘာလ(တတိယပတ်)တွင် ဈေးတရိပ်ရိပ်မြင့်တတ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ(ပထမပတ်)တွင် ကြက်သွန်နီ(ဂျွန်)တစ်ပိဿာလျှင်  အမြင့် ဈေးကျပ်(၅၂၀၀)၊ အနိမ့်ဈေးကျပ် (၄၃၀၀)၊ (ဒုတိယပတ်)တွင် အမြင့်ဈေးကျပ် (၅၃၅၀)၊အနိမ့်ဈေး ကျပ်(၄၄၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခု (တတိယပတ်)တွင် အမြင့် ဈေးကျပ် (၅၇၀၀)၊အနိမ့်ဈေးကျပ်(၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းတောင်သူနှင့် ကုန်သည်လက်ကျန်လျော့နည်းလာပြီး ပြည်ပအဝယ်ပိုမိုလိုက်လာ၍ ဈေးမြင့်တတ်လာကြောင်း သိရပါသည်။

          ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင် ဩဂုတ်လ(တတိယပတ်)တွင် ကြက်သွန်နီ(ဂျွန်)တစ်ပိဿာ လျှင် အမြင့်ဈေးကျပ်(၅၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု စက်တင်ဘာလ (တတိယပတ်)တွင် အမြင့်ဈေး ကျပ်(၅၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်၍ ကျပ်(၂၀၀)ခန့်ဈေးတက်လာကြောင်း၊ နှစ် အလိုက်ကာလတူဈေးနှုန်းနှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်) အနှောင်းပိုင်း တွင်ကြက်သွန်နီ(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဆုံး ကျပ်(၇၀၀)သာရှိခဲ့ပြီး လက်ရှိဈေးမှာ ကျပ်(၅၇၀၀) ထိ မြင့်တက်လာ၍ ယခင်နှစ်ထက် အဆပေါင်းများစွာ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ လက်လီဈေးကွက်အနေဖြင့် ခွံကွာရေလန်နှင့် အပုပ်၊ အညှောင့်ထွက်များဖယ်ကာ သန့်စင်ပြီးသော ကြက်သွန်နီအလုံး၊ အရွယ်၊ အစား အကြီးအသေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၄၅၀၀ မှ ၈၀၀၀)ထိ ဈေးအသီးသီးဖြင့်  အရောင်းအဝယ်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု  ပြည်တွင်း ဈေးကွက်အနေဖြင့် ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံသို့တင်ပို့ပြီး ပြည်ပဈေးကွက်အနေဖြင့် မြဝတီဝယ်လက်များမှတစ်ဆင့် ထိုင်း၊ ဗီယက်နာမ်နိုင်ငံများသို့တင်ပို့ကြောင်း၊ စက်တင်ဘာလ (၁)ရက်နေ့မှ(၂၁)ရက်နေ့အထိ ရန်ကုန်

ဘုရင့်နောင်ပွဲရုံသို့ (၁၂)ဘီးကား အစီးရေ(၆၃)စီး၊ မြဝတီ မြို့သို့ (၁၂)ဘီး ကားအစီးရေ(၂၇)စီးခန့် စုစုပေါင်း ကားအစီးရေ(၉၀)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း၊ ယခုနှစ် ကြက်သွန်နီဈေးမှာ စံချိန်တင် ဈေးအဖြစ် အရောင်းအဝယ်ဖြစ်၍ ဒေသခံပြည်သူများ အဆင်ပြေလျက်ရှိပြီး တောင်သူများမှ ကြက်သွန်နီ စိုက်ပျိုးမှုကို အဓိကအားထားစိုက်ပျိုး၍ မိုးကြက်သွန်နီ(ဥစိုက်)စိုက်ပျိုးမှုကိုလည်း ဧရာ ဝတီမြစ်ဘေးရှိ ကိုင်းမြေများတွင် မြေပြုပြင်ပြီး စက်တင်ဘာ လလယ်မှစ၍ အချို့တောင်သူများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)