Main menu

နေပြည်တော်ကောင်စီနယ်မြေ၏ မိုးဖရဲ စိုက်ပျိုးမှုအခြေအနေ

Powered by Drupal

     နေပြည်တော်နယ်မြေတွင် မိုးဖရဲ (မိုးရာသီ ဖရဲစိုက်ပျိုးခြင်း) ကို မိုးလယ်မှ မိုးနှောင်း ကာလ (ဇူလိုင်/ဩဂုတ်လမှ စက်တင်ဘာ/အောက်တိုဘာလ) အတွင်း အဓိကစိုက်ပျိုးကြ ပါသည်။ နေပြည်တော်၏ ရာသီဥတုနှင့်မြေဆီလွှာအခြေအနေအရ မိုးဖရဲ အောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက် အောက်ပါနည်းစနစ်များနှင့် အချက်အလက်များအတိုင်း အဓိက လုပ်ဆောင်လျက်ရှိပါသည်။

     မျိုးရွေးချယ်မှုအနေဖြင့် မိုးရာသီ ရေငွေ့ပြန်နှုန်းနှင့် အစိုဓာတ်ကို ခံနိုင်ရည်ရှိသော မိုးဖရဲ F1 hybrid သက်တမ်းတိုမျိုးများ (ရက် ၆၀-၇၀ ဝန်းကျင်ဖြင့် ရိတ်သိမ်းနိုင်သော မျိုးများ) ကို အဓိကရွေးချယ်စိုက်ပျိုးကြပေသည်။ မိုးရွာသွန်းချိန်တွင် မိုးရေဆင်းကောင်းမွန်စေရေး အတွက် ရေဝပ်ခြင်း မဖြစ်စေရန်အတွက် မြေဘောင်များအား (အမြင့် ၁ ပေမှ ၁.၅ ပေအထိ) ဖော်ပြီးမှစိုက်ပျိုးရပါသည်။ ဘောင်ကြားများနှင့်ရေမြောင်းများတွင် မိုးသည်းထန်စွာ ရွာသွန်း ပါက ရေချက်ချင်းလျှောဆင်းသွားနိုင်ရန် ဘောင်ကြားရေနုတ်မြောင်းများကို စနစ်တကျ တူးဖော်ထားရန် လိုအပ်ပေသည်။

     စိုက်ပျိုးချိန်တွင် ပလတ်စတစ်အုပ်နည်းစနစ်သည် ပေါင်းမြက်နှင့် မိုးရေတိုက်စားမှုကို ကာကွယ်ရန်အတွက် ပလတ်စတစ် (Mulching film) အုပ်၍ စိုက်ပျိုးခြင်းက အောင်မြင်မှု ပိုများသည်။ ပင်ကြားတန်းကြားစိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် ၃ ပေ မှ ၄ ပေ၊ အတန်းကြား ၅ ပေ မှ ၆ ပေအထိ ခြား၍ ပျိုးပင်ပေါက်များကို စိုက်ကျင်းများတွင် ပြောင်းရွှေ့စိုက်ပျိုးကြပါ သည်။ ရောဂါနှင့် ပိုးမွှားကာကွယ်ထိန်းသိမ်းခြင်းတွင် မှိုရောဂါ (အဓိကစိန်ခေါ်မှု)အနေဖြင့် မိုးရွာသွန်းပြီး စိုစွတ်မှုများသည့်အတွက် ရွက်ပြောက်ရောဂါ၊ ဒေါင်းနီမှိုရောဂါနှင့် ပင်စည်ပုပ် ရောဂါများ အဖြစ်များပေသည်။ သာမန်အချိန်ထက် မှိုသတ်ဆေး (ဥပမာ- Copper-based သို့မဟုတ် Systemic fungicide) များကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပုံမှန် ဖျန်းပေးရန် လိုအပ်ပါသည်။ မိုးဖရဲစိုက်ခင်းများတွင် ယင်ဖြူ၊ သရီးဖျက်ပိုးနှင့် မိုးမျှင်ပိုးများကို ကျရောက်မှု အခြေအနေအား ပုံမှန်စစ်ဆေး၍ သဘာဝ သို့မဟုတ် ဓာတု ပိုးသတ်ဆေးများဖြင့် စနစ်တကျ ထိန်းချုပ်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

     မိုးရာသီတွင် မိုးခဏခဏရွာပါက သဘာဝအတိုင်းဝတ်မှုံကူးပေးသည့် ပျားနှင့်အင်းဆက် များ နည်းပါးသွားတတ်သဖြင့် နံနက်စောစောအချိန်များတွင် လက်ဖြင့် ဝတ်မှုံကူးပေးခြင်း (Hand Pollination) ကို လုပ်ဆောင်ပေးရပါသည်။ တစ်ပင်လျှင် အရည်အသွေးကောင်းမွန် သော အသီး ၁ သီး မှ ၂ သီးခန့်သာ ချန်၍ ကျန်အသီးများနှင့် အညွန့်ပိုများကို ဖြတ်တောက် ပေးရမည်။ နေပြည်တော်မှ ထွက်ရှိသော မိုးဖရဲများကို ရန်ကုန်၊ မန္တလေးနှင့် ဒေသတွင်း ပွဲရုံ များသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြပါသည်။ စက်တင်ဘာနှင့် အောက်တိုဘာလဆန်း ပိုင်းတို့တွင် ရာသီပေါ်ဖရဲနီများ ဈေးကွက်သို့စတင်ဝင်ရောက်ပြီး ဈေးကောင်းရလေ့ရှိ ကြောင်း တင်ပြအပ်ပါသည်။


DOCA(ပြည်ထောင်စုနယ်မြေ)