Main menu

MyRO တွင်မှတ်ပုံတင်ထားသည့် သိုလှောင်ရုံများ သက်တမ်းတိုးလာရောက်ဆောင်ရွက်

Powered by Drupal

            မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများကို မပျက်မကွက် ထည့်သွင်းပေးနိုင်ရေး မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ မြင်းခြံမြို့၊ အမှတ်(၁၇)ရပ်ကွက်ရှိ ဒေါ်ခင်သင်းသင်း၏ သိုလှောင်ရုံ(၃)လုံးအား သက်တမ်း ဆက်လက်တိုးရန် (၁၀.၉.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်မေးမြန်း ဆောင်ရွက်ရာ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး က သက်တမ်းတိုးလျှောက် ထားမှုလုပ်ငန်း စဉ်အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင်သက်တမ်းတိုးခြင်းအား ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)