Main menu

Expired Date အလွန်နီးကပ်နေသည့် ရေဆူဆေးပြားဝယ်ယူမိခြင်းကြောင့် ပြန်လည်လဲလှယ်လိုကြောင်း တိုင်ကြားခြင်း

Powered by Drupal

     တောင်ကြီးမြို့နေ စားသုံးသူတစ်ဦးသည် တောင်ကြီးမြို့ပေါ်ရှိ ဆေးဆိုင်တစ်ဆိုင်မှရေဆူ ဆေးပြားဝယ်ယူခဲ့ရာတွင် အဖြူဖတ်ထွက်ကာ ရေတွင်အကုန်မပျော်ဝင်ခြင်း၊ Expired Date လွန်ရန် (၂)ရက်အလိုဆေးဝါးဖြစ်ခြင်းနှင့်ဆေးဆိုင်သို့ ဆက်သွယ်မေးမြန်းရာတွင်ပြန်လည်ဆက်သွယ် ပေးမည်ဟုပြောသော်လည်း ပြန်လည်ဆက်သွယ်လာခြင်းမရှိသောကြောင့် ပြန်လည်အစားထိုးပေး စေလိုကြောင်း  စားသုံးသူရေးရာဦးစီးဌာန၏ Website  Complaint Systemသို့( ၂၄.၈.၂၀၂၆) ရက်နေ့ တွင် ဆက်သွယ်တိုင်ကြားလာပါသည်။

        တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် တိုင်ကြားသူထံ ဆက်သွယ်မေးမြန်းခဲ့ရာ (၂၂.၈.၂၀၂၆) ရက်နေ့တွင် ဆေးဆိုင်မှ ရေဆူဆေးပြားဝယ်ယူ ခဲ့ရာ အဖြူဖတ်ထွက်ကာ ရေတွင်အကုန်မပျော်ဝင်ခြင်း၊ Expired Date လွန်ရန် (၂)ရက်အလို ဆေးဝါးဖြစ်ခြင်းနှင့် ဆေးဆိုင်သို့ ဆက်သွယ်မေးမြန်းရာတွင်ပြန်လည်ဆက်သွယ်ပေးမည်ဟုပြော သော်လည်း ပြန်လည်ဆက်သွယ်လာခြင်း မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website  Complaint Systemသို့( ၂၄.၈.၂၀၂၆ ) ရက်နေ့ တိုင်ကြားရခြင်းဖြစ်ပြီး၊ (၂၆.၈.၂၀၂၆)ရက်နေ့တွင် စီးပွားရေးလုပ်ငန်းရှင်ဘက်မှ ပြန်လည်ဆက်သွယ်ကာ ရေဆူဆေးပြားများအား ပြန်လည်အစားထိုး လဲလှယ်ပေးခဲ့ခြင်းကြောင့်  တိုင်ကြားသူဘက်မှ ကျေနပ်လက်ခံမှုရှိပြီး အမှုပိတ်သိမ်းလိုကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းခဲ့ပြီး မှတ်တမ်းတင်ထားရှိခွင့်အား ကော်မတီ ဥက္ကဋ္ဌထံသို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ပါ၍ အမှုအားပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)